"ကုန်ကြမ်းနှလုံးသား"
ဘ၀ဆိုတာ လေလိုပါဘဲ
ရွေ့လျားရင်းနဲ့ ဖမ်းဆုပ်မရတာ
နင်လည်းနားလည်နေမှာပါ
ကဗျာတစ်ပုဒ်ကိုလေလိုလုပ်ပြီး
လူတစ်ယောက်စိတ်ကိုထိန်းချုပ်ကြည့်ရင်
ဘ၀ဆိုတာ လေလိုပါဘဲ
ရွေ့လျားရင်းနဲ့ ဖမ်းဆုပ်မရတာ
နင်လည်းနားလည်နေမှာပါ
ကဗျာတစ်ပုဒ်ကိုလေလိုလုပ်ပြီး
လူတစ်ယောက်စိတ်ကိုထိန်းချုပ်ကြည့်ရင်
လကွယ်ညမှာမီးပျက်လို့
ရပ်တန့်သွားမယ်နာရီတွေလို
ကိုယ့်စိတ်ကိုယ်ပြန်မြင်ဖို့
လိပ်ပြာလေးတော့လုံရမယ်
ငါဝန်ခံချင်တယ်
တစ်စုံတစ်ခုကိုလိုနေမှ
အပိုတွေ တ ကြတာပါ
ရပ်တည်နေတဲ့နှလုံးသားနဲ့ ရရှိခဲ့တဲ့သင်ခန်းစာ
ထပ်တူကျပြီလားဆိုတာ............ ...အခုတော့
မျက်ကန်းယုံကြည်မှုနဲ့ ကဗျာတွေရေးဖို့
ငါအတွေးမရှိသေးဘူး
အကြမ်းထည်ဆိုတာ ငြမ်းလိုဘ၀ပါဟာ
အသစ်ထွက်ရင်အဟောင်းဖျက်ကြတာဓမ္မ တာဘဲလေ
ကဗျာတစ်ပုဒ်အတွက် ငါ့နှလုံးသားကို
ငြမ်းဆင်ပြီး အကြမ်းထည်အဖြစ်သုံးခဲ့ရင်လည်း
နွမ်းကြွေတဲ့ ဘ၀နဲ့ငါ နားလည်စွာခွင့်လွှတ်ပေးသွားမှာ
ရပ်တန့်သွားမယ်နာရီတွေလို
ကိုယ့်စိတ်ကိုယ်ပြန်မြင်ဖို့
လိပ်ပြာလေးတော့လုံရမယ်
ငါဝန်ခံချင်တယ်
တစ်စုံတစ်ခုကိုလိုနေမှ
အပိုတွေ တ ကြတာပါ
ရပ်တည်နေတဲ့နှလုံးသားနဲ့ ရရှိခဲ့တဲ့သင်ခန်းစာ
ထပ်တူကျပြီလားဆိုတာ............
မျက်ကန်းယုံကြည်မှုနဲ့ ကဗျာတွေရေးဖို့
ငါအတွေးမရှိသေးဘူး
အကြမ်းထည်ဆိုတာ ငြမ်းလိုဘ၀ပါဟာ
အသစ်ထွက်ရင်အဟောင်းဖျက်ကြတာဓမ္မ
ကဗျာတစ်ပုဒ်အတွက် ငါ့နှလုံးသားကို
ငြမ်းဆင်ပြီး အကြမ်းထည်အဖြစ်သုံးခဲ့ရင်လည်း
နွမ်းကြွေတဲ့ ဘ၀နဲ့ငါ နားလည်စွာခွင့်လွှတ်ပေးသွားမှာ
ဖြူစင်စွာ ကဗျာတွေချစ်တဲ့
စိတ်အသစ်နဲ့မနှင်းဆီ
No comments:
Post a Comment