ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ် ဗိုလ်ချုပ်အောင်ဆန်း

ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ်  ဗိုလ်ချုပ်အောင်ဆန်း
ကျွန်တော် လေးစား၊ အားကျ ၊ ဂုဏ်ယူ ၊တန်ဖိုးထားသော ဗိုလ်ချုပ်အောင်ဆန်း

Wednesday, December 19, 2012

နှင်းဆီ မယ်နု မဖြစ်ချင်

 
"မယ်နုနှင်းဆီ မဖြစ်ချင်"


တင်စားကာ ခေါ်တဲ့အဖြစ် အော်ဟစ်လို့ ရယ်လိုက်ချင်တယ်


တခါက မထင်ရှားတဲ့ ရွာကလေးမှာ
ငါးစိမ်းသည်တဖြစ်လဲ နန်းမတော် အလောင်း ကိန်းအောင်းခဲ့တယ်
လေမိုးဆန်တဲ့ အဲဒီနေ့မှာ ရင်ဝတ်တော် ထမီလွင့်လို့
ပြသာဒ်ထိပ်ဖျား ချိပ်သွားခဲ့ရာမှ
သာယာဝတီရဲ့ အသဲစွဲ မြောက်ဖျားစံယှဉ်တု
မိဘုရား မယ်နုရယ်လို့ ဖြစ်ပေါ်ခဲ့တယ်
သံသရာဘဝအကြောင်းကောင်းရန်ဖန်လာတော့
ချိုသကာပျားရည်ဖုံး လိုသမျှပြည့်စေတာ မယ်နုဘဝပါ
တ သမျှု အရာထင် မယ်နုဘဝင်မကျ မဆင်ရပေဘူး
အသီးအရွက် နုနု ဂရုမပြုဘဲ မခေါ်တွင်ရဘူး (မန်းကျည်းရွက်ထွတ်ထွတ် ဘူးသီးထွတ်ထွတ်)
ထွတ်ထွတ်လို့ တန်ဆာဆင် နုနုကို နေရာတိုင်း အသုံးမရိုင်းစေခဲ့သူလေ


မောင်ရယ်လို့ အမည်ပြု နောင် ချုံခိုမယ့်မောင်အိုဆိုတဲ့ လူနဲ့
မှောက်မှားတဲ့အခါ ယောင်္ကျားကို ပြန်သတ်မယ့်
လုပ်ဇာတ်တွေခင်း အင်း   သူအရေးနိမ့်ကျပြီပေါ့
ဘုန်းကံအရှိန်လှုံ.ဆော်မှုကြောင့် ကြိုသိတဲ. သာယာဝတီ
ချစ်စရာ မိဘုရား တီတာစကားနားမှာမဝင်
ရေမှာချလို့ သတ်စေအမိန့်
တစ်ချက်လွတ် ထုတ်ပြန်ခဲ့တယ်


နောက်ကြောင်းတွေပြန်ကြည့်တဲ့ သမိုင်းတွေရှိတယ်
အဖြစ်မှန်တွေကိုနောက်လှန်တာဟာ မ အ အောင်လို့ပါ
ဆရာတော်ဦးဗုဓ် နောက်ဆုံးမိန့်စကား
လူတိုင်းလည်း မှတ်သားသင့်တယ်
''သူ.အကြွေးရှိက ဆပ်ရတယ် တဲ့"

တိုက်ဆိုင်စွာ ရင်မှာ အတွေး ဝင်လာပေးတဲ့ ကဗျာဆရာအစ်ကိုရေ...
နှင်းဆီမှာ မယ်နုအတွေး ရေးရေးမှ မရှိတာ ယုံပါ
ဝဋ်ကြွေးတွေကျေစေဖို့ ခံစားချက်ကို ကဗျာစပ် နေတတ်ခဲ့တာ ကြာပါပြီ
နောက်ဆို မယ်နု မယ်နု လို့အခေါ်မပြုပါနဲ့   နှင်းဆီ စိတ်ဆိုးတော်မူတယ်

ကဗျာချစ်တဲ့ အညတရ ပန်းရိုင်း
နန်းတော်ရှေ.က မနှင်းဆီ



No comments:

Post a Comment