ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ် ဗိုလ်ချုပ်အောင်ဆန်း

ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ်  ဗိုလ်ချုပ်အောင်ဆန်း
ကျွန်တော် လေးစား၊ အားကျ ၊ ဂုဏ်ယူ ၊တန်ဖိုးထားသော ဗိုလ်ချုပ်အောင်ဆန်း

Saturday, December 15, 2012

ဟာသလေးများ

 
 
နော်မယ် (Normal)

ရမ်းကုတစ်ဦးသည် အပြင်းဖျားနေသော လူနာတစ်ဦးအား တာဝန်ယူကုသနေပြီး လူနာရှင်အမျိုးသမီးကိုလည်း မစိုးရိမ်ရန်နှင့် မကြာမီပျောက်ကင်းသွားမည်ဖြစ်ြေ
ကာင်း လေလုံးထွားထွားဖြင့် အားပေးလျက်ရှိသည်။

လူနာရှင်။ ။ဆရာ။ ကျွန်မယောကျာ်းအခြေအနေလေး သိပါရစေ။

ရမ်းကု။ ။ဘာမှမပူနဲ့။ Temperature ကနော်မယ်ပဲ။ မကြာခင်ကောင်းသွားလိမ့်မယ်။

ဘယ်အချိန်မေးမေး ထိုသို့သာပြောနေပြီး ရက်အနည်းငယ်အကြာတွင် လူနာသေဆုံး သွားလေဧ။် ။ ရမ်းကုလည်း အလောင်းပြင်ဆင်ရာသို့ မကောင်းတတ်၍ ရောက်လာရာ လူနာရှင် အမျိုးသမီးမှ ကိုကြည့်ပြီး အောက်ပါအတိုင်းပြောလေတော့သည်။

"ဆရာပြောတော့ တန်ပရေချာက နော်မယ်ဆို အခုရေချိုးပေးတော့ "ရှဲ" ကနဲ မြည်ပြီး အငွေ့တွေတောင် ထွက်နေသေးရဲ့။"


အကြောင်းရင်း

ရည်စားအများကြီးထားဖူးသော်လည်း ယခုထိမစွံနိုင်သေးသော လူပျိုကြီးတစ်ဦးသည် လက်ရှိချစ်သူနှင့် အတူဘတ်စ်ကားပေါ်သို့ တတ်လိုက်သည်။ စပယ်ယာမှ ယာဉ်စီးခ လာ တောင်းရာ လူပျိုကြီးသည် သူ့အတွက်သာထုတ်ပေးရင်း ချစ်သူဘက်ကိုလှည့်ကာ-
"အသည်းလေးကိုယ့်အတွက် ကိုယ်ပေးကြေးနော်။"


အိမ်ထောင်ရေး

တစ်နေ့ ကျွန်တော့် ဆီကို သူငယ်ချင်းတစ်ယောက်ရောက်လာပါတယ်
။"ငါ့အိမ်ထောင်ရေးကံမကောင်းဘူးကွာ။ ရှေးလူကြီးတွေပြောတဲ့စကားက သိပ်မှန်တာပဲ။ အိမ်ထောင်ရေးဆိုတာ ထီထိုးသလိုပဲတဲ့။ ဒါနဲ့မင်းရော အိမ်ထောင်ကျပြီလား။""ဟင့်အင်း…….."ကျွန်တော်ခေါင်းအခါမှာ…….."အေးကွာ အိမ်ထောင်ပြုမယ်ဆိုရင် ထီထိုးသလိုပဲ ဆိုတဲ့ စကားကို သတိရပေါ့ကွာ………."သူ့စကားကို အဆုံးသတ်ပြီး လှည့်ထွက်သွားပါတယ်။နှုတ်တောင်ဆက်မသွားဘူး။"အိမ်ထောင်ရေးဆိုတာ ထီထိုးတယ်လို့ ယူဆရင်လည်း မပေါက်မချင်း ဆက်ထိုးခွင့်ရှိတာပဲ။"လို့ပြောလိုက်တဲ့ ကျွန်တော့်စကားကို သူမကြား လိုက်တော့ပါဘူး


တရားဟောကောင်းလို့


အရက်မသောက်ရန် လှည့်လည် ဟောသော သုစရိက ဆရာက တရားပွဲတွင်"မိတ်ဆွေတို့ စဉ်းစားပါ. . ဒီရွာက ရှိသမျှ ပစ္စည်းတွေ ဘယ်သွားစုနေလဲ. . . စိမ်ရေ ဆိုင်ရှင်၊ အရက်ဆိုင်ရှင်ဆီမှာ စုတယ်မဟုတ်လား . . .""အရက်ဆိုင်ရှင်က အ၀တ်အစား အကောင်းဆုံး ၀ယ်ဝတ်နိုင်တယ်. . .အစားအကောင်းဆုံး စားရတယ်. . မော်တော်ကား စီးရတယ်. . ဒါဘယ်က ပိုက်ဆံတွေလဲ ခင်ဗျားတို့ ပိုက်ဆံတွေချည်းပဲ မဟုတ်လား . . ."နောက်တစ်နှစ်ကြာသော အခါ တရားဟော ဆရာအိမ်သို့ လင်မယား ၂ ယောက် လာကြလေ၏.. .ဆရာ. . . . . "ဘာကိစ္စလဲ။"ဧည့်သည်. . . . "ကျွန်မတို့ရွာမှာ ဆရာ လာတရားဟောတဲ့ အတွက် ၀မ်းသာလို့. . ကျေးဇူးဆပ်ရအောင်ပါ. . ."ဆရာ. . . . . "အခု အရက်မသောက်ကြတော့ဘူးလား။"ဧည့်သည်. . . . "ဆရာဟောတာနဲက ကျွန်မတို့ဒီနှစ် အရက်လိုင်စင်ဆွဲလိုက်တယ်. . .ဆရာဟောတဲ့အတိုင်း သိပ်မြတ်တာပဲ ဆရာရေ. . ."






ထင်ရက်တယ်

တရားပွဲတစ်ပွဲမှာ တရားဟောတဲ့ ဘုန်းကြီးကို တရားပွဲပြီးတော့ အမျိုးသမီးတစ်ဦးက သူ့ယောက်ျားအတွက် အားနာစိတ်ဖြစ်ပြီး ဘုန်းကြီးကို ခုလို တောင်းပန်စကားဆိုပါတယ်.. .."အရှင်ဘုရား ဘုန်းဘုန်း တရားဟောနေတုန်းမှာ တပည့်တော်မ ယောကျာ်း အပြင် ထထွက်လျှောက်သွားတာ ဘယ်လိုမှ သဘောမထားပါနဲ့ ဘုရား . . . ဒီအတွက် တပည့်တော် တောင်းပန်ပါတယ်. . "ဘုန်းကြီးက " ရပါတယ် ဒကာမကြီး ကျုပ်လည်းနားလည်ပါတယ်. . . ခင်ဗျားယောက်ျားက ကျုပ်ရှေ့တည့်တည့်မှာ ဆိုတော့ အနေကျုံ့ရှာလွန်းလို့ ဖြစ်မှာပေါ့. . . ""မဟုတ်ဘူး ဘုန်းဘုန်းရဲ့ ဒါကြောင့်မဟုတ်ပါဘူး . . . . သူငယ်ငယ်တည်းက အိပ်ပျော်ရင်း လမ်းထလျှောက်တတ်တဲ့ ရောဂါရှိလို့ပါ . . . . တဲ့








ဈေးကွက်ကို ၀င်ရော

အနောက်ဘက် တောင်တန်းဒေသတစ်နေရာမှာ ယာသမားတစ်ယောက်ရဲ့ မြင်းကြီးက မြင်းပိုင်ရှင် ယာသမားရဲ့ ယောက္ခမကြီးကို ကန်မိလို့ သေဆုံးသွားခဲ့ပါတယ်.. .ဈာပနချတဲ့နေ့မှာ အလွန်ကြီးမား များပြားလှတဲ့ တက်ရောက်သူ ပရိသတ်လူအုပ်ကြီးနဲ့ စည်ကားနေတာပေါ့ . . ထူးဆန်းနေတာက ပရိသတ်အားလု့း က ယောကျာ်းသားတွေချည်း ဖြစ်နေတာပါပဲ. . . ဒီတော့ တရားဟော ဓမ္မဆရာ ဘုန်းတော်ကြီးက ယာသမားကြီးကို တအံ့တသြနဲ့ မေးရပါတော့တယ်."ခု . . . ကွယ်လွန်သွားတဲ့ အဘွားကြီးက အတော်ကို ထင်ရှား ကျော်ကြားလို့ပဲဖြစ်ရမယ်. . ကြည့်စမ်း လူတွေ သူတို့ အလုပ်ကို ပစ်ထားခဲ့ပြီး ဒီဈာပနပွဲကို လာကြတယ်လေ. . . . ဟုတ်တယ်မို့လား . . . .""ဒီလူတွေ ဈာပနပွဲကို လာကြတာမဟုတ်ဘူး . . .ဖာသာကြီးရဲ့ . . ကျွန်တော့ရဲ့မြင်းကြီးကို ၀ယ်ချင်လို့လာကြ တာပါတဲ့. . . . "


ပညာရှင်ကြေး

တရားသူကြီး"သူများ အိတ်ကပ်ထဲက နာရီကို သူမသိအောင် ဘယ်လိုနှိုက်ယူလိုက်တာလဲ မောင်မင်း ကျုပ်သိချင်တယ် . . . ?"တရားခံ"နည်း ၁၀ နည်းစလုံး အကုန်သင်ပေးရမှာလား ခင်ဗျ. .. ဒါဆို ကျွန်တော့်သင်တန်းကြေးက ငါးဒေါ်လာယူပါတယ် တရားသူကြီးမင်း . . . ."










အသက်ဝင်သလားမမေးနဲ့
ဆရာမက သူ့ကျောင်းသားလေးတေါကို ဆော်လ်မွန်ငါးဖမ်းလုပ်ငန်းနဲ့ စည်သွပ်လုပ်ငန်းအကြောင်း သင်ခန်းစာ တစ်ခု သင်ကြားပို့ချလိုက်ပါတယ်. . သင်ခန်းစာ ပြီးဆုံးသွားတဲ့အခါမှာ ကိုယ့်စာအုပ်ထဲမှာ ကိုယ် ဆော်မွန် ငါးပုံလေး တစ်ပုံစီ ရေးဆွဲလာကြာဖို့ ကျောင်းသားလေးတွေကို ဆရာမက အိမ်စာအဖြစ်နဲ့ ခိုင်းလိုက်တာပေါ့. .

နောက်တစ်နေ့ မနက်ကျတော့ ကျောင်းသားလေးတွေအားလုံးလိုလို သူတို့ စာအုပ်လေးတွေထဲမှာ ဆော်လမွန်ငါးရုပ်ကလေးတွေ ရေးဆွဲလာပြီး ဆရာမဆီ လာပြကြပါတယ်.. . .

ဒါပေမယ့် ကျောင်းသားလေး တစ်ယောက် က သူ့စာအုပ်ထဲမှာ စာမျက်နှာဗလာ ဖြစ်ပြီး ဘာမှ ရေးဆွဲမထားပါဘူး . . . ဆရာမက အဲဒီကျောင်းသားလေးကို ဘာကြောင့်လဲ မေးလိုက်ပါတယ်. . .

"ကဲပြောစမ်း. . . မင်းက ဘာကြောင့် လဲဆိုတာ.. . "

"ဒီလိုပါ ဆရာမ . . ကျွန်တော် တကယ့် ဆော်လ်မွန်ငါး အစစ်ထင်ရလောက်အောင် တူတဲ့ ငါးရုပ်တစ်ရုပ်ဆွဲထားပါတယ်. . . ခင်ဗျာ . . ဒါပေမယ့် ဒီနေ့မနက်. . ကျွန်တော့ စာအုပ်ပြန်ဖွင့်ကြည့်တော့ အဲဒီငါး မရှိတော့ပါဘူး . . . . ကြောင်ခုတ်သွားလို့ပါ. . . ."

Posted by poemflower

No comments:

Post a Comment