ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ် ဗိုလ်ချုပ်အောင်ဆန်း

ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ်  ဗိုလ်ချုပ်အောင်ဆန်း
ကျွန်တော် လေးစား၊ အားကျ ၊ ဂုဏ်ယူ ၊တန်ဖိုးထားသော ဗိုလ်ချုပ်အောင်ဆန်း

Thursday, December 20, 2012

ဟာသ လေးတွေ



ပုံဆွဲဆရာမ


တခါက အလွန်ဆိုးသွမ်းသော ကလေးများအတန်းတစ်ခုတွင် ဆရာမတစ်ယောက်
စာသင်ပြနေသည်။ ကလေးများ ဆူညံလွန်းသောကြောင့် ငြိမ်သက်သွားစေရန် ဆရာမက
ပန်းသီးပုံလေး တစ်ပုံဆွဲပြပြီး မေးလိုက်သည်။ ”ဒါဘာလဲ ကလေးတို့ရေ” ဟု ၊
ကလေးများက ”ဖင်တုံးကြီး” ဟု သံပြိုင်အော်လိုက်ကြသည်။ ဆရာမက
အလွန်စိတ်ဆိုး၍ ကျောင်းအုပ်ဆရာကြီးထံ တိုင်ကြားလိုက်သည်။
ကျောင်းအုပ်ဆရာကြီးက အတန်းထဲသို့ ရောက်လာ၍ ကလေးများဘက်သို့လှည့်ကာ ” ဟေ့
ပီတာ မင်းအကျီ င်္ ကြယ်သီးတွေပြုတ်နေတယ် .. တပ်စမ်း” ” ဟေ့ ဂျော်နီ မင်း
ကော်လံ အတွင်းဝင်နေတယ် ပြန်လုပ်စမ်း” ဟု အော်ပြောပြီး
သင်ပုန်းကြီးဖက်သို့ လှည့်လိုက်သည်။ ” ဟင် … ငါဒီလောက်ပြောနေတဲ့ထဲက
ဒီဖင်တုံးကြီးပုံကို ဘယ်သူဆွဲတာလဲ”



မသေချာလို့

တခါက အထူးအဆန်းလုပ်တတ်သော အရက်ဆိုင်တစ်ခုရှေ့တွင် ဆိုင်းဘုတ်(ယခုခေတ်အခေါ်
ဗီနိုင်းပေါ့) တစ်ခု ချိတ်ဆွဲထားသည်။ အရက် တစ်ပေပါ ကုန်အောင်
သောက်နိုင်သူအား ဒေါ်လာ 20000 ဆုချပေးမည် အကယ်၍ မကုန်ပါက ဒေါ်လာ 20000
ပြန်အမ်းရမည် ဟု။ လာသမျှလူအားလုံးက ဒေါ်လာ 20000 လိုချင်ပေမယ့် မကုန်လျင်
ပြန်အမ်းရမှာစိုးလို့ အနားတောင်မကပ်ရဲကြဘူး။ တစ်နေ့ ရုရှ မှ
အရက်သမားတစ်ယောက်က ထိုစာကိုသေချာစွာ ဖတ်ပြီး ”ကျနော် စမ်းကြည့်မယ်” ဟု
ပြောပြီး ”ခဏနော်” ဟု ဆိုင်အပြင်ဖက် ထွက်သွားလိုက်သည်။ 10 မိနစ်ခန့်အကြာ
ပြန်ရောက်လာပြီး တစ်ပေပါလုံး ကုန်အောင် သောက်ပြလိုက်သည်။
ဆိုင်တွင်ကြည့်ရှုသူအားလုံ လက်ခုပ်တီး အားပေးလိုက်ကြသည်။ ဆိုင်ရှင်က
အလွန်သဘောကျပြီး ဒေါ်လာ 20000 ထုတ်ပေးလိုက်ပြီး မေးလိုက်သည်။ ”မောင်ရင်
အရက် တစ်ပေပါ သောက်နိုင်တာကိုတော့ တကယ်ချီးကျူးပါတယ်…. ဒါထက် ခုနက
ဆိုင်အပြင်ထွက်သွားတာ ဘာကြောင့်ပါလဲ” ဟု မေးလိုက်သည်။ အရက်သမားက
”ကျနော့ကိုကျနော် မသေချာလို့ အပြင်မှာ ရေတစ်ပေပါ သောက်ကြည့်တာပါ” ဟု
ဖြေလိုက်လေသည်။



ရီမောခြင်းဖြင့် ဘ၀အမောများ ပြေပျောက်နိုင်ကြပါစေ။

မောင်ကောင်းထိုက် ဟာသ မှ ပြန်လည်ကူးယူတင်ပြပါသည်။

No comments:

Post a Comment