ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ် ဗိုလ်ချုပ်အောင်ဆန်း

ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ်  ဗိုလ်ချုပ်အောင်ဆန်း
ကျွန်တော် လေးစား၊ အားကျ ၊ ဂုဏ်ယူ ၊တန်ဖိုးထားသော ဗိုလ်ချုပ်အောင်ဆန်း

Friday, December 7, 2012

ကိုယ်ပိုင်ဦးဆောင်မှု



ကိုယ်ပိုင်ဦးဆောင်မှု

 

တစ်ခါတုန်းက လမ်းဘေးဆိုင်လေးမှာ ဟော့ဒေါ့ရောင်းတဲ့လူတစ်ဦးရှိခဲ့တယ် ။
သူဟာ စာမတတ်တဲ့ အတွက်ကြောင့်ဘယ်တော့မှသတင်းစာတွေမဖတ်ဘူး ။

 သူဟာနားသိပ်မကြားတဲ့အတွက် ဘယ်တော့ မှ ရေဒီယိုနားမထောင်ဘူး ။ သူဟာ
အမြင်အာရုံမွဲတဲ့အတွက်ကြောင့် ဘယ်တော့မှ ရုပ်မြင်သံကြား မကြည့်ဘူး ။
ဒါပေမယ့်သူ့ဝါသနာနဲ့စိတ်ထက်သန်မှုအရ သူဟာ ဟော့ဒေါ့တွေအများကြီးရောင်းရတယ်


သူ့ရဲ့အကျိုးအမြတ်နဲ့ ရောင်းအားဟာ တဖြည်းဖြည်းမြင့်တက်လာခဲ့တယ် ။ သူဟာ
အသားတွေများ များပိုမှာတယ် ပြီါ်တော့ သူ့လုပ်ငန်းသူ ကြီးထွားအောင်
ပိုကြီးပြီးပိုကောင်းတဲ့မီးဖိုတစ်ခုလည်း ၀ယ်ယူခဲ့ တယ် ။ သူ့လုပ်ငန်းဟာ
အောင်မြင်လာတဲ့အတွက် သူ့သားဖြစ်သူ တက္ကသိုလ်ကျောင်းဆင်းဟာ သူနဲ့အလုပ်
အတူတွဲလုပ်ဖို့ ရောက်လာခဲ့တယ် ။

အဲဒီမှာ ထူးထူးဆန်းဆန်းပါပဲ ။ သားဖြစ်သူကမေးတယ် ။ “ အဖေ ..ကျွန်တော်တို့
အခု စီးပွားရေး ကျဆင်းလာနိုင်တာ အဖေ သတိမပြုမိဘူးလား ”

ဖခင်ဖြစ်သူကပြန်ဖြေတယ် “ ဟင့်အင်း ဒါပေမယ့် ငါ့ကို
အဲဒီအကြောင်းပြောပြပါဦး ” သားဖြစ်သူက ဆက်ပြောတယ် “
အခုအပြည်ပြည်ဆိုင်ရာအခြေအနေတွေက အရမ်းကြောက်ဖို့ကောင်းအောင် ဆိုးရွားနေ
တယ် ပြည်တွင်းစီးပွားရေးအခြေအနေဆိုပိုတောင်ဆိုးသေးတယ်
ကျွန်တော်တို့လာမယ့် ဆိုးရွားတဲ့အ ချိန်တွေအတွက်ကြိုတင်ပြင်ဆင်ထားသင့်တယ်


အဲဒီအချိန် ဟော့ဒေါ့ရောင်းတဲ့လူက စဉ်းစားတယ် ။ သူ့သားဟာ
တက္ကသိုလ်ကျောင်းဆင်းလည်းဖြစ်တယ် သတင်းစာလည်း ဖတ်တယ်
ရေဒီယိုလည်းနားထောင်တယ် ဒီတော့ သူအရာရာကို သိနိုင်တယ် သူ့အကြံဥာဏ်ကို
အပြင်းအထန်လိုက်နာသင့်တယ် လို့တွေးလိုက်တယ် ။ ဒါကြောင့်နောက် တစ်နေ့မှာ
ဖခင်ဖြစ်သူက အသားမှာတာကို ရပ်ဆိုင်းလိုက်ပြီး
အော်ဒါတွေကိုလည်းဖယ်ဖျက်လိုက်တယ် ။ အလုပ်ကို လည်း အရင်လို
စိတ်ဝင်တစားမလုပ်ခဲ့တော့ဘူး ။ သိပ်မကြာခင်မှာပဲ လူတွေဟာ နည်းသထက်နည်း
လာခဲ့ပြီး သူ့ဟော့ဒေါ့ဆိုင်လေးဟာ မရောင်းရသလောက်ဖြစ်လာခဲ့တယ် ။
ရောင်းအားဟာ လျှင်မြန်စွာ ကျဆင်းလာခဲ့တယ် ။
ဖခင်ဖြစ်သူကသားဖြစ်သူကိုပြောတယ် ။

“ သား မင်းမှန်တယ် ငါတို့အခု အခြေအနေဆိုးတွေအလယ်ကိုရောက်နေပြီမင်းငါ့ကို
အချိန်မီသတိပေးတာ ငါအရမ်း ၀မ်းသာတယ် ”

-----------------------------------------------------

အကြိမ်ပေါင်းများစွာ ကျွန်တော်တို့ဟာ ဥာဏ်ရည်ဥာဏ်သွေးနဲ့ ကောင်းမွန်သော
ဦးဆောင်ခြင်းကို လွဲမှား ရှုပ်ထွေးစေလေ့ရှိကြတယ်

ဥာဏ်ရည်ဥာဏ်သွေးကောင်းတဲ့သူတစ်ယောက်မှာလည်း ခေါင်းဆောင်မှု
ညံ့ဖျင်းခြင်းဆိုတာရှိနိုင်တယ် ။ ဥာဏ်ရည် ဥာဏ်သွေးကောင်းတိုင်း
ဦးဆောင်နိုင်တယ်လို့ သင်မယုံကြည်ပါနဲ့ ။

သင့်ကို အကြံပေးသူတွေရဲ့ အကြံဥာဏ်တွေကို သေချာစွာ ရွေးချယ်ပါ ဒါပေမယ့်
ဆုံးဖြတ်တဲ့အခါ သင့်ကိုယ် ပိုင် ဦးဆောင်မှုနဲ့သာဆုံးဖြတ်ပါ ။

အခြေအနေဆိုးတွေဆိုတာ သေသေချာချာပြန်စဉ်းစားကြည့်ရင်ကိုယ်ကိုယ်တိုင်ပဲ
ဖန်တီးခဲ့တာ ဖြစ်နေ တာများတယ် ။

သက်တန့်ချို

Education and Good Judgement. အားခံစားဘာသာပြန်သည် ။



No comments:

Post a Comment