ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ် ဗိုလ်ချုပ်အောင်ဆန်း

ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ်  ဗိုလ်ချုပ်အောင်ဆန်း
ကျွန်တော် လေးစား၊ အားကျ ၊ ဂုဏ်ယူ ၊တန်ဖိုးထားသော ဗိုလ်ချုပ်အောင်ဆန်း

Saturday, December 22, 2012

အိုင်းစတိုင်းနှင့် အိုင်ကျူများ



အိုင် ကျူ

အိုင်စတိုင်းနှင့် လူလေးဦး တွေ့ ကြသည် ။ ပထမဦးစွာ အမေရိကန်က ပြောသည် ။

" မစ္စတာ အိုင်စတိုင်း ခင်ဗျာ..ကျနော်ကတော့ ကျနော့် အိုင်ကျူ ၁၈၀ ပဲ ရှိတယ်ဗျ.. "

အိုင်စတိုင်းက လက်ဆွဲနှုတ်ဆက်လိုက်ပြီး...

" ကောင်းပါပြီ .မိတ်ဆွေ.. ကျနော်တို့  ကွမ်တန် ဖစ်စစ် ( Quantum physics ) အ

ကြောင်း ဆွေးနွေးကြတာပေါ့.. "

တရုပ် ကလည်း ပြောသည် ။

" ကျနော်ကတော့ အိုင်ကျူ ၁၅၀ ပဲ ရှိတယ် အိုင်စတိုင်း... "

" ဟာ..ကောင်းပြီဗျာ..ခင်ဗျားနဲ့  ကျနော်နဲ့  နောက်ဆုံပေါ် သင်္ချာ သီအိုရီတွေ ဆွေးနွေး

ကြတာပေါ့... "

ပြင်သစ်ကလည်း မိတ်ဆက်သည် ။

" ကျနော်က ၁၂၀ ပဲ ရှိတယ်ဗျာ.. "

" ဟာ..ခင်ဗျား နဲ့  ရုပ်ရှင်အကြောင်း ဆွေးနွေးမယ် "

နောက်ဆုံး ရုရှားက မျက်စိမျက်နှာပျက်ပြီး ပြောသည် ။

" ကျနော့်မှာတော့ အိုင်ကျူက ၅၀ ပဲ ရှိတယ်ဗျာ "

အိုင်စတိုင်း ၀မ်းသာအားရ မေးသည် ။

" အဆင်ပြေလိုက်တာဗျာ...ခင်ဗျား..လွှတ်တော်ထဲမှာ ဘာတွေ တင်ပြခဲ့သလဲဗျ.. "


No comments:

Post a Comment