ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ် ဗိုလ်ချုပ်အောင်ဆန်း

ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ်  ဗိုလ်ချုပ်အောင်ဆန်း
ကျွန်တော် လေးစား၊ အားကျ ၊ ဂုဏ်ယူ ၊တန်ဖိုးထားသော ဗိုလ်ချုပ်အောင်ဆန်း

Friday, December 21, 2012

တတ်ခ်ျမဟာ



 
.........................အိန္ဒိယ နိုင်ငံ မဂိုမင်းဆက်ဘုရင်တစ်ပါး ဖြစ်တဲ့ ရှားဂျဟန်း ကို ကမ္ဘာကျော် လွမ်းသူ့  ဗိမာန်ကြီး တာ့ဂ်ျမဟာ တည်ဆောက်ခဲ့ သူ ဘုရင်တစ်ပါးအဖြစ် လူတွေ သိများကြပေမယ့် အဖိုးတန်ကျောက်မျက် ရတနာတွေ နဲ့ ဆင်မြန်း ထားတဲ့ မယုရာသန ပလ္လင် ကို တည်ဆောက်ပြုလုပ်သူအနေနဲ့ တော့ လူသိနည်းလိမ့်မယ်ထင်ပါတယ် ။ 1628 ခုနှစ်မှာ
မင်းဖြစ်လာတဲ့ အဲဒီ ဘုရင်ဟာ အဖိုးတန်ကျောက်မျက်ရတနာတွေ ကို စုဆောင်းပြီး သူ့  ရဲ့  နန်းတော်ထဲ မှာ ဆင်မြန်းထာဖို့ အတော်ဝါသနာပါတဲ့ သူတယောက်ဖြစ်ပါတယ်တဲ့ ။ နောက်..သူ့  ရဲ့  ဂုဏ်အရှိန်ဝါ တက်စေဖို့ အတွက် ရတနာပေါင်းများစွာနဲ့ စီရင် ဆင်မြန်းထားတဲ့ မယုရာသနပလ္လင် တစ်ခုကိုလည်းပြုလုပ်ခဲ့ သေးတယ် ။ အဲဒီပုလ္လင် မှာစီချယ်ဖို့ ရတနာတွေ ကို ဘုရင့် ရွှေတိုက်တော် မှာရှိတဲ့ ရတနာတွေနဲ့ စီချယ်ရတာအားမရသေးဘဲ တခြားအဖိုးထိုက်အဖိုးတန်ရာတနာတွေ ကိုတောင်မှ တန်းကြီးမားစွာပေးဝယ်ပြီး သူ့စိတ်ကြိုက် ပြုလုပ်ခဲ့ တာ 1628 မှ 1635 အထိ 7 နှစ်တိုင်တိုင် ကြာအောင် ခဲ့ ပါတယ် ။
ရှာဂျဟန်းဟာ အဂ္ဂရာမြို့  ကထီးနန်း ကိုသိမ်းပိုက်ဖို့ ရာ အတွက် သူ့ ရဲ့ ညီတော်နောင်တော် အပါဝင် ယောင်္ကျားတော်တော်များများ ကို သတ်ဖြတ်ခဲ့ ရတယ်လို့ ဆိုပါတယ် ။
အဲဒီလို ရက်စက်တတ်တဲ့ သူဟာ သူ့ရဲ့ နန်းတော် နဲ့ မောရာသန ပလ္လင် ကြီး ကိုအနုပညာမြောက် ခမ်းနားစွာ ပြုလုပ်တည်ဆောက်ခဲ့ တာတော့ အံ့ သြစရာပါ ။
စောစော ကပြောခဲ့ တဲ့ ပလ္လင်ကြီးကို တည်ဆောက်နေဆဲ 2 နှစ်အကြာမှာ နိုင်ငံ အတွင်းတချို့  နေရာတွေ မှာ ငတ်မွတ်ခေါင်းပါးတဲ့ ဘေးကြီး ဆိုက်ရောက်နေပေမယ့် လျစ်လှူ ရှုထားပြီး စစ်တိုက်မြဲ တိုက် နေခဲ့ ပါတယ် ။ငတ်ဘေးကြောင့် သေကြေပျက်စီးကြပြီး အစာရေစာ ခေါင်းပါးလွန်းတဲ့ အတွက်ကြာင့် လူသားကိုတောင်မှစားကြရတဲ့ အထိပါတဲ့ ။ အဲဒီအချိန် မှာ ရှားဂျဟန်း ရဲ့  နန်းတော် အတွင်းမှာတော့ စားစရာတွေ နဲ့ အလျှံပယ်ဖြစ်နေပါတယ်လို့ တချို့ သမိုင်းများကဆိုပါတယ် ။ ငတ်မွတ်ခေါင်းပါးနေတဲ့ အရပ်ဒေသမှာ အစားအစာ ဝေငှတဲ့ နေရာ အနည်းငယ်တော့ဖွင့် ပေးထားပြီး အလှူငွေတသိန်း ကို 5 လခွဲ ပြီးပေးပါတယ်တဲ့ ။ ကောက်မြဲဖြစ်တဲ့ အခွန်တော် 11 ပုံ မှ 1 ပုံ ကိုတော့လျော့ပေါ့ ပြီးကောက်ခံခဲ့ ပါတယ် ။ကျန်တဲ့ 10 ပုံ ကို ငတ်မွတ်ခေါင်းပါးနေတဲ့ ဒေသမှာ ဘယ်လို ပုံစံနဲ့ ကောက်ခံ ခဲ့ သလဲ ဆိုတာ ကိုတော့ စဉ်းစားစရာဘဲ.. ။
..........................................................................အဲဒီလို စိတ်နေသဘောထားရှိ တဲ့ ရှားဂျဟန်းဘုရင်ဟာ 1631 ခုနှစ်မှာ အသက် 39 နှစ်ရှိပြီဖြစ်တဲ့ သူ့  ရဲ့  ချစ်လှစွာသောမိဖုရား မမ်တပ်ဇ်မဟာ မီးဖွားရင်း ကွန်လွန်တဲ့ အခါမှာတော့ ယူကြုံးမရအောင် ပူဆွေးသောကတွေ နဲ့  ဆောက်တည်ရာ မရဘဲ ဖြစ်နေခဲ့ ပါလေရော.... ။ မိဖုရားကြီးကွယ်လွန်တော့ လက်ရှိ စစ်ထွက်နေရာ အရှေ့  တန်း စစ်မြေပြင်ဖြစ်တဲ့ ဘာဟာန်ပူရီ ဒေသမှာ 6 လလောက် အလောင်းကို ထား ခဲ့တယ် ။ အဲသလိုဆိုရင် ရှားဂျဟန်းဟာ သူရဲ့ ချစ်လှ စွာသော မိဖုရား ကို စစ်မြေပြင်အထိတောင်မှ တပါတည်း ခေါ်ဆောင်လေ့ ရှိတယ် လို့ ယူဆရမှာဖြစ်တယ် ။ မိဖုရား မမ်တပ်ဇ်မဟာ ရဲ့ အလောင်းကို 1623 ခုနှစ်မှာ အဂ္ဂရာ မြို့  တော်ကို သယ်ယူခဲ့ ပြီး ကြီးကျယ် ခန်းနားလှတဲ့ လွမ်းသူ့  ဗိမာန်ကြီး တာဂ်ျ မဟာ ကို စတင် တည်ဆောက် မြုတ်နှံ ခဲ့ပါတယ် ။
....................................................................................................လူတိုင်းဟာ အတ္တသမားတွေ ဖြစ်တယ်ဆိုပေမယ့် ရှားဂျဟန်းရဲ့  အတ္တ ကတော့ လွန်ကဲ လှ တယ် လို့ ဆိုချင်ပါတယ် ။ သူဘုရင် ဖြစ်လာတော့ သူ့  ကိုယ်သူ ဂုဏ်သရေ တက်စေဖို့ အဖိုး အနဂ္ဂ ထိုက်တန်တဲ့ ရတနာ ကျောက်မျက် များစွာနဲ့ ပြုလုပ်ထားတဲ့ ဥဒေါင်းရုပ်ခံ မယုရာသန ပုလ္လင် တစ်ခုတည်ဆောက်ခဲ့ တယ် ။ သူ့ နိုင်ငံ တချို့  ဒေသတွေ မှာ ငတ်ဘေး ဆိုက်ရောက်လို့ လူတွေ သေကျေပျက်စီး နေပေမယ့် မလောက် မငှ သောပေးကမ်းမှု ကိုသာပြုလုပ်ပြီး သူ့  နိုင်ငံကျယ်ပြန့် ဖို့ အတွက် စစ်တိုက်မြဲ တိုက်နေခဲ့ပါတယ် ။ စစ်ပွဲကြောင့်လူတွေ သေကြေနေကြတာ ကို ဂရုမစိုက်ပေ မယ့် သူ့ ရဲ့ ချစ်လှ စွာသောမိဖုရား ကွယ်လွန်တော့ ကြီးစွာသောပူဆွေးသော ကတွေ ရောက်ခဲ့ ရပြီး ငွေကြေး အမြောက်များစွာ ကုန်ကျ ခံ ကာမိဖုရား အလောင်း ကို မြုတ်နှံ ဖို့ အတွက် လွမ်းသူ့  ဗိမာန်ကြီး တာဂ်ျမဟာ ကိုတည်ဆောက် ခဲ့တယ် ။ ရှားဂျဟန်းဟာ ..သူတိုက်ခိုက်အောင်မြင်ခဲ့ တဲ့ ဒေသတွေဆီ ကနေ သိမ်းဆီး ရလာတဲ့ ရတာနာတွေ နဲ့  တာဂ်ျမဟာ နဲ့  မယုရသနပုလ္လင်အပါဝင် သူ့ နန်းတော်ဆောင်များ ၊ ဗလီများ နဲ့ ခံတတ် များ မှာ အဆန်းတကျယ်ဖြစ်အောင် မွန်းမံချယ်သ တတ်ပါသေးတယ် ။ တကယ်တော့ အဲဒီ ရတနာတွေဟာ အသက်ပေါင်းများစွာ စတေးပြီးမှ ရရှိလာတဲ့ ပစ္စည်းတွေသာ ဖြစ်ပါတယ် ။.............................................................နောက်ပိုင်းမှာတော့ သူ့ ရဲ့ မြောက်များလှ စွာသော သားတော် တို့ ရဲ့  အာဏာလု မှုကြောင့် သေဆုံးတဲ့ အချိန် ထိ 8 နှစ်တိုင် တိုင်သားတော်ဖြစ်သူ အောရန်ဇစ် ရဲ့  အကျဉ်းချ ခြင်းကို ခံ ရပြီး အဲဒီ မှာ ဘဲ ကွယ်လွန်ခဲ့ ပါတယ် ။
 
 

No comments:

Post a Comment