``အဖြစ်သနစ်ညွန်ထဲက
ခောတ်သစ်ကျွန်ငမွဲဘဝ``
တစ်လတစ်ခေါက် လစာဖောက်တိုင်း
စားစာရိတ်မဝ အိမ်လခဖယ်
အဝတ်အထည်နားထား ဆေးဝါးအသာနေ
သေပစေပေါ့ ငပိရည်ဖျော်
ကန်ဇွန်းရွက်ကြော်နှင့် ဆာလွန်းသည့်အခါ
မြိန်ယှက်စွာစား ခွန်အားထပ်ဖြည့်
အားမပြည့်ခင် လုပ်ငန်းခွင်ထဲ
ဆူ၊ ဆဲ၊ ဟစ်၊
မာန် အငြိုငြင်ခံလျှက်
Target ပြည့်ရေး ကြိုးစားပေးခဲ့။ ။
အဟာရမရှိ အလုပ်ဒဏ်ပိကာ
မကျမ်းမာသော် ငွေတိုးပေးစား
ငွေရှင်များထံ ခယပန်လျှက်
ယုံကြည်ချက်ယူ ကြည်ဖြူဝမ်းသာ
ပေးမှာပါဟု ချေးယူဆက်လက်
အသက်ဆက်။
။
ဖူလုံရေးလား အလကားပါ
စာရွက်ပေါ်မှာ စေတနာတွေထား
နင်ပဲ သွားကြည့် ဆူဟစ်ဟောက်မာန်
နွေးထွေးရန်ဝေး မသွားသေးဘူး
သေဘေးနဲ့နေ
သေချင်သေ။ ။
လစာကနည်း အတိုးလည်းပေး
မဝရေစာ ကာလကြာသော်
ဟိုးရှေးရှေးက ကျွန်ဘဝထက်
အချက်ဘာများ သာမလားဟု
တွေးချင့်ပြုရာ ---------
ငါရှာတိုင်းရှုး ခေါင်းတွေမူး
မထူးပါဘူးဟယ်။ ။
No comments:
Post a Comment