``အမှန်တရား`` ရဲ့ဘက်တော်သားဆိုတာ--
အခုခေတ်ရဲ့ကြားမှာ
တော်တော်လေးရှားသွားပြီ ----
နိုင်ငံရေးမှာဖြစ်ဖြစ်
စီးပွားရေးမှာဆိုဆို
လူမှုရေးမှာပြောပြော --
လိမ်ညာပြီးပြောနေလိုက်ကြတာ
မိုးမွှန် နေတာဘဲ ၊၊၊
`` အမှန်တရား ``ဆိုတာ
`` ပုဂံ ဘုရား `` တွေကြားထဲမှာ
သမိုင်းပုံရိပ်လွှာလို
သိမ်းထားခံနေရပြီ ဆိုပါတော့ --
``အမှန်တရား ``ဟုတ်လား ----
သွားစမ်းပါကွာ
နားခါးလိုက်တာ ``တဲ့
ဒါ နှစ်ဆယ့်တစ် ရာစုကွ
နှာတစ်ဖြား သာအောင် မနည်းလုနေရတဲ့ကြား
မင်းစကားတွေကြားရတာ
ခေါင်းကိုက်တယ်ကွာ -----``တဲ့
ကိုယ်ရပိုင်ခွင့်ရှိမယ်ဆိုရင်--
မသိတသိ လဲ ညာတယ်
ထိထိမိမိ လဲ ညာတယ်
လိမ်တယ် ညာတယ်
လိမ်တယ် ညာတယ် -- နဲ့
မိုးခါးရေမသောက်ဘဲ ခေါင်းမာနေတဲ့ငါ---
``အရှုးတစ်ယောက်`` ဖြစ်နေပါရော ---------
No comments:
Post a Comment