( နိုင်ငံရေးလုပ်စားရန် အာဏာရရန်ကြိုးစားနေသူများကိုသာ -)
အမှန်တရားကို ဖုံးကွယ်
နားမလည်တဲ့သူတွေကို မျက်လှည့်ပြ
ကိုယ်လိုချင်တဲ့ `` ကကွက် ``ကိုကြိုးဆွဲရဘို့
ကိုယ်တိုင်သိတဲ့
ကိုယ့်သိက္ခာတရားကိုတောင်မျက်ကွ
ကျောက်ဆစ်ရုပ်တုတောင် ခေါင်းညိမ့်ချက်
မင်း အစွမ်းအစတွေထက်ပေမယ့်
အမှန်တရားကိုဘဲ ချစ်တဲ့ငါ --
(မင်းကို --) သိတ်မုန်းတာဘဲ --
မအောင်မြင်ခင်ကတော့ မျိုးချစ်တော်လှန်ရေးသမားပေါ့
အောင်မြင်ပြီး ပန်းတိုင်ရောက်မှ
အာဏာ ဆိုတဲ့ ``ရသ``နောက်လိုက်မိပြီး
မျိုးချစ် ကနေ ``အ``တစ်လုံးတိုးကာ
`` အမျိုးချစ် `` ဖြစ်သွားတတ်တာလဲ
သဘာဝ ပါဘဲဆိုပြီး
ချော်လဲပြီး ရောထိုင်မှာ ငါမြင်မိပါရဲ့ ------
သူငယ်ချင်းရေ --
``၈၈``ဆိုတာ အစမကောင်းခဲ့ပေမယ့်
သမိုင်းပြောင်းစေတဲ့ တော်လှန်ရေးတစ်ခုဆိုတာ
အားလုံးသိပါတယ် --
``၈၈`` မှာ --
ခေါင်းဖြတ် - လုယက် -- အချင်းချင်းသတ်ကြတာတွေ
``၈၈`` မှာ --
ဘဝလုံခြုံရေးအတွက် --စိတ်မအေးခဲ့ကြရတာတွေ
``၈၈`` မှာ --
လူမိုက်တွေထံပါး --ဘုရားထူးခဲ့ကြရတာတွေ
အဲဒီပယောဂတွေကြောင့်
ငါ့ရဲ့စိတ်တွေဖောက်ပြီး --
``၈၈``ကိုငါသိပ်ကြောက်တယ် --
ခွပ်ဒေါင်း ``ဆိုတာ --
ရှေးခောတ် ``ဗမာ``တပ်တွေက
`` တိုက်ဟေ့ --- သတ်ဟ`` ဆိုတဲ့
စိတ်ကြွစေတဲ့ သင်္ကေတတစ်ခုလို့
ငါနားလည် ထားတယ် --
``၈၈``တုန်းက
အရသာရှိရှိ အော်ဟစ်ခဲ့တဲ့စကား
မင်းမှတ်မိသေးတယ်မဟုတ်လား --
``ရရင် ရ ---- မရရင်ချ
ရရ မရရ ချ --------``
အကြမ်းဖက်ဝါဒရဲ့ကြွေးကြော်သံ
ငါ့နားစီထဲမှာ --
ခုထိလျှံတုံး ------
အနာဂတ် ငါတို့မြန်မာနိုင်ငံမှာ-
နံပါတ်(၁) ငြိမ်းချမ်းစေချင်တယ်
နံပါတ်(၂) စီးပွားဖွံ့ဖြိုး လူနေမှု အဆင့်တန်းတွေတိုးတတ်စေချင်တယ်
နံပါတ်(၃) ကြီးနိုင်ငယ်ညှင်း ယုတ်မာခြင်း ကင်းစေချင်တယ်
နံပါတ်(၄) ရိုးသားကြိုးစားသူတွေအတွက် အခွင့်လမ်းတွေပွင့်စေချင်တယ်
ဖြစ်ချင်တာတွေသာ ရေးရရင်
မင်းတို့ ငါ့ကို အရှုးထင်မှာဘဲ
``အမေစု``ရဲ့ အင်တာဗျူးတွေဖတ်ပြီး
``အမေစု``ရဲ့ သဘောထား လေးစားပြီးသားပါ --
``အမေစု``ရဲ့ထင်ပေါ်ကျော်ကြားမှု
ငါတို့ နိုင်ငံရဲ့
ငြိမ်းချမ်းမှု ဖွံ့ဖြိုးမှုတွေကိုလည်း
ဆွဲတင်နိုင်လိမ္မယ်ဆိုတာလဲ -- ယုံကြည်ပါတယ် --
ဒါပေမယ့် --
အမေစု`` ရဲ့ ပါတီသင်္ကေတ
``ခွပ်ဒေါင်း `` ဆိုတာကြီးကတော့ -----??????
No comments:
Post a Comment