ဘဝမှာ လွတ်လပ်ခြင်း၊ ပျော်မွေ့ခြင်း၊ ကိုယ်စိတ်ချမ်းသာခြင်း နဲ့ ပြည့်စုံချင်ရင် ဘာကိုမှ သွားပြီး မငြိတွယ်နဲ့။ အားလုံးရဲ့ အနှောင်အဖွဲ့က လွတ်အောင်နေ။
ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ် ဗိုလ်ချုပ်အောင်ဆန်း

ကျွန်တော် လေးစား၊ အားကျ ၊ ဂုဏ်ယူ ၊တန်ဖိုးထားသော ဗိုလ်ချုပ်အောင်ဆန်း
Saturday, June 9, 2012
နွံနစ်နေသောငါ
ငါ့အိမ်ငါ့ယာ
ငါ့နေရာဋ္ဌ်
ငါ့သား ငါ့သမီး
ငါ့ဇနီး နှင့်
ငါ့ဆွေ ငါ့မျိုး
ငါ--တောတိုးကာ
တငါ----ငါ -- နှင့်
အတ္တနှင့်ဖက်
ရမ္မက်နဲ့ရှာ
ကြာခဲ့ပါပြီ --- ။
ငါ့တွက်ရည်ကာ
ရှာခဲ့ပါလည်း
ဘယ်ခါမပြည့် လောဘစေ့ဆော်
မမမွေ့ပျော်နိုင် --
မောဟိုက်မှိုင်ထွေ
ညစ်ထေးတေခဲ့ -- ။
တစ်နေ့တစ်နေ့
သေဘို့ရွေ့လာ
သိနေပါလဲ ------------
ရွယ်တူအများ
ကိုယ့်ရှေ့နားက
ထွက်သွားကြလဲ ---------
ငါ -- ငါ --နှင့်သာ
နွံနစ်ကြာသော် --------????????
ရုံးထွက်ချင်လဲ
အားကနည်းပြီ ။ ။
ရွှင်လန်းချမ်းမြေ့ကြပါစေ ---
written by ko soe naing
Labels:
ကဗျာများ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment