မေး။ ။ ဝေယံ-(ဟရွန်း)
အင်း ကျနော် ပြဿနာ အခက်အခဲတစ်ခုနဲ့ ကြုံနေလို့ ဗျ။
ဒီလိုဗျာ..
ကြိုပြောရဦးမယ် ဒါက ဥပမာအနေနဲ့ တင်စားပြီးရေးထားတာနော် တစ်ကယ့်အဖြစ်အပျက်က သက်သက်ပေါ့ဗျာ။
အလွန်ကို အရသာရှိလှတဲ့ နေ့ လည်စာတစ်ပွဲက အလုပ်ပြင်းထန်စွာလုပ်နေသူတစ်ယော
စားပွဲပေါ်မှာ အငွေ့ တထောင်းထောင်းနဲ့ ပေါ့။
အလုပ်ရှင်က စည်းကမ်းချက်တစ်ခုတော့ ထုတ်ထားတယ်။
"အလုပ်တွေကို ပြီးမြောက်အောင်လုပ်မှ အဲဒီနေ့ လည်စာက မင်းအတွက်ဖြစ်မယ်။
အခု နေ့ လည်စာကို ငါထားသွားမယ် မင်းစားချင်ရင်စား မစားချင်ရင်နာက်မှစား။
ဒါပေမယ့် ငါပြန်လာရင် အလုပ်တွေတော့ အကုန်ပြီးနေရမယ်။
ထပ်ပြောမယ် အလုပ်တွေ ပြီးမြောက်အောင် လုပ်မှ နေ့ လည်စာက မင်းအတွက်ဖြစ်လိမ့်မယ်။"
အဲလိုမှာပြီး အလုပ်ရှင်က ထွက်သွားတယ်။
အလုပ်လုပ်သူမှာ အခု သူရွေးချယ်နိုင်မယ့် နည်းလမ်း သုံးခုရှိနေတယ်။
နည်းလမ်း(၁)
သူ အလုပ်ကိုသာ အရင်ပြီးဆုံးအောင်လုပ်ပြီး နောက်ဆုံးကျမှ နေ့ လည်စာကို အောင်ပွဲခံတဲ့ အနေနဲ့ အားရပါးရ တထိုင်တည်း စားမယ်။
နည်းလမ်း(၂)
နေ့ လည်စာကို တလုပ်စားလိုက် အလုပ်ကလေး လုပ်လိုက်နဲ့ တဖြည်းဖြည်းနဲ့ သွားမယ်။ နောက်ဆုံး အလုပ်လည်းပြီးရော နေ့ လည်စာလဲ ကုန်ရော။
နည်းလမ်း(၃)
နေ့ လည်စာကို အရင်ဆုံး စားပြီးမှ အလုပ်လုပ်မယ်။
ဒီနေရာမှာ ကျနော် စဉ်းစားမိတဲ့ ကောင်းကွက်ဆိုးကွက်ကလေးတွေကတော့
ကောင်းတဲ့ ဘက်ကဆိုရင်
(၁)
နေ့ လည်စာကို သူအလုပ် ပင်ပင်ပန်းပန်းလုပ်ပြီးမှ စားရတဲ့ အတွက် သိပ်ကိုအရသာရှိစွာနဲ့ စားပြီး ပျော်ရွှင်ကျေနပ်မှုတွေ တလုံးတခဲနဲ့ ပီတိဖြစ်နေမယ်။
(၂)
နည်းနည်း စားလိုက် အလုပ်လုပ်လိုက်ဆိုတော့ အာဟာရလဲ မပြတ်သလို အလုပ်လုပ်ရတာမှာလဲ သိပ်ပြီး ပင်ပန်းတယ်လို့ မခံစားရဘူး။
(၃)
နေ့ လည်စာကို အရင်စားလိုက်တဲ့ အတွက် ကိုယ်ထဲမှာ ခွန်အားတွေတိုးလာပြီး လုပ်ရမယ့် အလုပ်တွေကို အားသွန်ခွန်စိုက် ကြိုးစားပန်းစားလုပ်လို့ 
အောင်မြင်ဖြစ်ထွန်းမယ်။
ဆိုးတဲ့ ဘက်မှာတော့...
(၁)
နေ့ လည်စာက အေးသွားနိုင်တယ်။ အကယ်လို့ သူ့ အလုပ်က အလွန်တရာ အချိန်ကြာရှည်အောင် လုပ်ရမယ့် အလုပ်ဆိုရင် နေ့ လည်စာက ပုပ်ပါသွားနိုင်တယ်။ ဒါမှမဟုတ်ရင်လဲ နေ့ လည်စာကို သူအလုပ်များနေစဉ်မှာ အခြားတစ်ယောက်ယောက်က ယူစားသွားနိုင်တယ်။
(၂)
အလုပ်တွေ လုပ်ပြီးမှ ပူပူနွေးနွေး နေ့ လည်စာ (ဖြစ်နိုင်ခြေတစ်ခုပေါ့) ကို အရသာရှိရှိ တထိုင်တည်း စားရမယ့် အခွင့်အရေးကို လက်လွတ်ဆုံးရှုံးရမယ်။
တနည်းပြောရရင်
နေ့ လည်စာရဲ့ အဓိက အရသာကို ခံစားခွင့်ဆုံးရှုံးမယ်။ နောက်ပြီး နည်းနည်း နည်းနည်း စားနေရတဲ့ နေ့ လည်စာ အေးသွားချိန်မှာ စားချင်စိတ်ပျောက်သွားပြီး ဆက်မစားချင်တော့တာလဲ ဖြစ်သွားနိုင်မယ်။
(၃)
ဒီနည်းကိုလုပ်လိုက်ရင်
နေ့ လည်စာကို အ၀စားလိုက်လို့ ဗိုက်တင်းသွားပြီး အလုပ်လုပ်ချင်စိတ်ပျောက်။ ပျင်းရိစိတ်တွေ ၀င်လာနိုင်တယ်။ သူဋ္ဌေးကလဲ ဘယ်တော့ပြန်လာမယ်မှန်းမသိတော့ ပြန်လာလို့ နေ့ လည်စာတော့ ကုန်ပြီး အလုပ်က မပြီးသေးရင် သူအလုပ်ပြုတ်ပြီပေါ့။
အကယ်လို့ အလုပ်သမားက ချစ်တတ်တဲ့ လူတစ်ယောက် ဖြစ်ပြီး။
အလုပ်ကတော့ ကြင်နာခြင်း၊ခွင့်လွှတ်ခြင်း၊
အလုပ်ရှင်က ကံကြမ္မာ(သို့ ) အချိန်။
နေ့ လည်စာက အချစ် (သို့ ) ချစ်သူထံမှ အဖြေ ဆိုရင်......
******************************
ဘယ်နည်းလမ်းကို စာဖတ်သူ ရွေးစေချင်မလဲ?
******************************
(တခြားနည်းလမ်းစဉ်းစားမိတာရှိ
အဲတစ်ခုတော့ရှိတယ်။ သန့် ရှင်းသော reply များသာပြန်ပေးကြပါ။ ညစ်ညမ်းမှုကို စိုးစဉ်းမျှအလိုမရှိပါ။
ကျုပ်ရေးထားတာမှာလဲ သန့် ရှင်းသော ရည်ရွယ်ချက်များသာ ပါရှိကြောင်း ဆင်ခြင်ပေးပါ။
(တော်ကြာ နှိုင်းထားတဲ့ ဥပမာကိုကြည့်ပြီး မတွေးသင့်တာတွေ တွေးနေမှာ စိုးလို့ ပါ။)
Thanks In Advance,
Haroon1992
ဖြေ။ ။ ကိုစိုးနိုင်
ကျွန်တော်က ဗုဒ္ဓဘာသာဝင်ဆိုတော့ ဘာသာရေးရှုထောင့်ကတွေးကြည့်မယ်ဗျာ--
ပေးထားချက်တွေကတော့--
အလုပ်သမား= ချစ်တတ်တဲ့လူတစ်ယောက်(ပုထုဇဉ်လူ
သား)
ထမင်းဝိုင်း = ချစ်ခြင်းတရား ( လူတို့ကြိုက်နှစ်သက်သော လောကီအာရုံ ကာမဂုဏ်အားလုံး)
အလုပ် = ကြင်နာခြင်း -ခွင့်လွှတ်ခြင်း - အနစ်နာခံခြင်း - အနွံတာခံခြင်း (သူတော်ကောင်းတရားစိတ်ထား -အကျင့် )
အလုပ်ရှင် = ကံကြမ္မာ (အချိန်)
သတ်မှတ်ချက်= အလုပ်လုပ်ရန်နှင့်  အလုပ်ပြီးမြောက်စေရန် (အလုပ်မလုပ်ရင် မစားရ)
နည်းလမ်း (၁) စားရင်းအလုပ်လုပ်၊ အလုပ်လုပ်ရင်းစား
နည်းလမ်း (၂) အလုပ်လုပ်ပြီးမှစားရန်
နည်းလမ်း (၃) စားပြီးမှ အလုပ်လုပ်ရန်
(၁) စားရင်းအလုပ်လုပ် - အလုပ်လုပ်ရင်းစားနေကြသူများ ---
`` တကယ်တော့ ကံကြမ္မာဆိုတဲ့ အလုပ်ရှင်ပေးထားတဲ့အလုပ်က ပြီးဘို့မလွယ်ဘူးဗျ ၊ အသက်ရှုတဲ့အလုပ်လိုဘဲ မွေးကတဲက သေတဲ့အထိ အဲဒီအလုပ်ကိုပြီးပြီဆိုပြီး နားဘူးလား - အလုပ်ပြီးမှစားရမယ်ဆိုရင်တော့ သေချာတယ်ဗျာ အဲဒီအစားအစာတွေသိုးကုန်မှာဘဲ - လွှင့်ပြစ်ရမှာဘဲ - ဒါကြောင့် အဲဒီအစားအစာတွေစားချင်တဲ့ ကျွန်တော်က စားရင်းနဲ့ လုပ်တာဗျ - ကျွန်တော်လား - အိမ်ထောင်ရှိတယ် - မိသားစုနဲ့ - သီချင်းနားထောင်ရတာလဲ ဝါသနာ ပါတယ် - ကဗျာရေးရတာလဲဝါသနာပါတယ် - တစ်ခါတစ်လေ မိသားစုနဲ့ ပျော်ပွဲစားထွက်တယ် - သူငယ်ချင်းတွေနဲ့ ဘီယာလဲသောက်တတ်သေးတယ် - ဒါပေမယ့် ကံကြမ္မာ ခိုင်းထားတဲ့အလုပ်တွေတော့ မမေ့ပါဘူးဗျ - အမြဲနှလုံးသွင်းလိုက်နာပါတယ် - ဒါကြောင့်ကံကြမ္မာကပြောတယ် - မင်းရဲ့ထမင်းဝိုင်းလေး အမြဲစိုပြေဘို့ ငါတာဝန်ယူပါတယ်တဲ့ ---``
(၂) အလုပ်ကိုပြီးအောင်လုပ်ပြီးမှ စားမယ့်သူများ
`` ကျုပ်က ငါးရံ့နှစ်ကောင်ဖမ်းတာကိုမကြို က်ဘူး
- လှေနံနှစ်ဖက်နင်းတာလဲမကြိုက်ဘူး - ဒါကြောင့် ကျုပ်ဘယ်လောက်ဘဲဆာဆာ
ဘယ်လောက်ဘဲစားချင်စားချင် - ကံကြမ္မာခိုင်းတဲ့အလုပ်ကို ပြီးအောင်လုပ်ချင်တယ်
- ဒါကြောင့်အလုပ်ထဲမှာဘဲ စိတ်ကိုနှစ်ထားတယ် - ဟုတ်ကဲ့ -- ပင်ပန်း
တာပေါ့ဗျာ - ဗိုက်ဆာတိုင်း စားချင်တဲ့စိတ်နဲ့
ထမင်းဝိုင်းကိုလှမ်းလှမ်းကြည့် တယ် - ထမင်းဝိုင်းဆီကိုသွားဘို့လှမ်း ရင် ခြေထောက်တွေကိုဆုံးမရတယ် - လက်လှမ်းရင် လက်ကိုပုတ်ချရတယ် - (ကျုပ် ပုထုဇဉ်ရဟန်း )ဘဝကပြောတာပါ - ခုတော့ကျုပ်အလုပ်တွေတော်တော်လေး ပြီးနေပြီဗျ - အလုံးစုံတော့ မပြီးသေးဘူးပေါ့လေ- ခင်ဗျားကမေးမယ် ဘယ်လိုသိတာလဲပေါ့ - ဟား -- ဟား -- ဟား ကျုပ်တော်တော်လေးထိမ်းချုပ်ခဲ့ ရတဲ့
ထမင်းဝိုင်းက အခု အချိန် တွေကြာလာတော့ ပုတ်သိုးဆွေးမြေ့
နံဟောင်ကုန်လို့ဗျို့ -- ကျုပ်လေ --- အဲဒီ လောကီအာရုံ ကာမဂုဏ်
ဆိုတဲ့ထမင်းဝိုင်းကိုလေ ကြိုးတုတ်ပြီးစားခိုင်း ရင်တောင် အသက်အသေခံမယ်ဗျာ
-- အလုပ်ကိုတော့ပြီးအောင်ဆက်လုပ်ေ နရတုန်းဗျို့ ( တရားထူးကိုသိမြင်သွားသော၊ ကာမဂုဏ်၏ အပြစ်ကိုသိသွားသော ရဟန်း)
(၃) စားပြီးမှ အလုပ်လုပ်မည့်သူများ --
`` အခွင့်အရေးဆိုတာ နှစ်ခါလာရိုးထုံးစံ ရှိလားဗျ -- မိုးရွာတုန်းရေခံ လသာတုန်းဗိုင်းငင်ဆိုတာ ကြားဘူးတယ်မဟုတ်လား -- ကျုပ်က ကျုပ်ကိုကျုပ်သိပ်ချစ်တာ - ဘာနဲ့မှချုပ်နှောင်ထိမ်းချုပ်ထားတာမကြိုက်ဘူး
- ခု -ဗိုက်ဆာတယ်မဟုတ်လား စားစေသတည်းပေါ့ဗျာ--- အလုပ်ကတော့
ကံကြမ္မာဆိုတဲ့ အလုပ်ရှင်မလာမချင်း အေးဆေးပေါ့ -စားမှာသာစားစမ်းပါ -
နောင်ခါလာနောင်ခါဈေးပေါ့ - ကျုပ်ကောင်းကောင်းစားနေလိုက်တာ
အလုပ်လုပ်ဘို့ကိုမေ့နေရောဗျို့ -- ဟိုနေ့က အလုပ်ရှင်ဆိုတဲ့ကံကြမ္မာ
လာသွားသဗျ - ကျုပ်ကိုပြောသွားတယ် `` ဟကောင် -- နင်ငါခိုင်းတာတွေ ကောင်းကောင်းမလုပ်ဘူး နင်စားနေတဲ့ထမင်းဝိုင်းကိုကြည့် စမ်း နည်းနည်းလာတာ နင်သတိမထားဘူးလား -- ငါစကားနားမထောင်ရင် နင့်ထမင်းဝိုင်း မကြာခင်ပျောင်သွားလိမ္မယ် -- `` တဲ့ -- ဒါပေမယ့် ကျုပ်က အကြာကြီးပျင်းကြောဆွဲခဲ့ပြီးစား ဘို့ဘဲစဉ်းစားနေတဲ့သူဆိုတော့ ----- အေးလေ နောင်ခါလာနောင်ခါဈေးပေါ့ ----``
written by ko soe naing
ပေးထားချက်တွေကတော့--
အလုပ်သမား= ချစ်တတ်တဲ့လူတစ်ယောက်(ပုထုဇဉ်လူ
ထမင်းဝိုင်း = ချစ်ခြင်းတရား ( လူတို့ကြိုက်နှစ်သက်သော လောကီအာရုံ ကာမဂုဏ်အားလုံး)
အလုပ် = ကြင်နာခြင်း -ခွင့်လွှတ်ခြင်း - အနစ်နာခံခြင်း - အနွံတာခံခြင်း (သူတော်ကောင်းတရားစိတ်ထား -အကျင့် )
အလုပ်ရှင် = ကံကြမ္မာ (အချိန်)
သတ်မှတ်ချက်= အလုပ်လုပ်ရန်နှင့်  အလုပ်ပြီးမြောက်စေရန် (အလုပ်မလုပ်ရင် မစားရ)
နည်းလမ်း (၁) စားရင်းအလုပ်လုပ်၊ အလုပ်လုပ်ရင်းစား
နည်းလမ်း (၂) အလုပ်လုပ်ပြီးမှစားရန်
နည်းလမ်း (၃) စားပြီးမှ အလုပ်လုပ်ရန်
(၁) စားရင်းအလုပ်လုပ် - အလုပ်လုပ်ရင်းစားနေကြသူများ ---
`` တကယ်တော့ ကံကြမ္မာဆိုတဲ့ အလုပ်ရှင်ပေးထားတဲ့အလုပ်က ပြီးဘို့မလွယ်ဘူးဗျ ၊ အသက်ရှုတဲ့အလုပ်လိုဘဲ မွေးကတဲက သေတဲ့အထိ အဲဒီအလုပ်ကိုပြီးပြီဆိုပြီး နားဘူးလား - အလုပ်ပြီးမှစားရမယ်ဆိုရင်တော့ သေချာတယ်ဗျာ အဲဒီအစားအစာတွေသိုးကုန်မှာဘဲ - လွှင့်ပြစ်ရမှာဘဲ - ဒါကြောင့် အဲဒီအစားအစာတွေစားချင်တဲ့ ကျွန်တော်က စားရင်းနဲ့ လုပ်တာဗျ - ကျွန်တော်လား - အိမ်ထောင်ရှိတယ် - မိသားစုနဲ့ - သီချင်းနားထောင်ရတာလဲ ဝါသနာ ပါတယ် - ကဗျာရေးရတာလဲဝါသနာပါတယ် - တစ်ခါတစ်လေ မိသားစုနဲ့ ပျော်ပွဲစားထွက်တယ် - သူငယ်ချင်းတွေနဲ့ ဘီယာလဲသောက်တတ်သေးတယ် - ဒါပေမယ့် ကံကြမ္မာ ခိုင်းထားတဲ့အလုပ်တွေတော့ မမေ့ပါဘူးဗျ - အမြဲနှလုံးသွင်းလိုက်နာပါတယ် - ဒါကြောင့်ကံကြမ္မာကပြောတယ် - မင်းရဲ့ထမင်းဝိုင်းလေး အမြဲစိုပြေဘို့ ငါတာဝန်ယူပါတယ်တဲ့ ---``
(၂) အလုပ်ကိုပြီးအောင်လုပ်ပြီးမှ စားမယ့်သူများ
`` ကျုပ်က ငါးရံ့နှစ်ကောင်ဖမ်းတာကိုမကြို
(၃) စားပြီးမှ အလုပ်လုပ်မည့်သူများ --
`` အခွင့်အရေးဆိုတာ နှစ်ခါလာရိုးထုံးစံ ရှိလားဗျ -- မိုးရွာတုန်းရေခံ လသာတုန်းဗိုင်းငင်ဆိုတာ ကြားဘူးတယ်မဟုတ်လား -- ကျုပ်က ကျုပ်ကိုကျုပ်သိပ်ချစ်တာ - ဘာနဲ့မှချုပ်နှောင်ထိမ်းချုပ်ထာ
No comments:
Post a Comment