ဘဝမှာ လွတ်လပ်ခြင်း၊ ပျော်မွေ့ခြင်း၊ ကိုယ်စိတ်ချမ်းသာခြင်း နဲ့ ပြည့်စုံချင်ရင် ဘာကိုမှ သွားပြီး မငြိတွယ်နဲ့။ အားလုံးရဲ့ အနှောင်အဖွဲ့က လွတ်အောင်နေ။
ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ် ဗိုလ်ချုပ်အောင်ဆန်း
Wednesday, June 13, 2012
အသိနဲ့ ပကတိ(ကဗျာ)
ရန်ကို ရန်ခြင်း မတုန့်နှင်းနှင့်
(ပြောလွယ် ကျင့်ခက်
ဒေါအမျက် ၏
ရိုက်ချက်ပြင်းထန်
မတွန်းလှန် နိုင် -- )
သဒ္ဒါတရား နည်းပါးသူကို
ပေးကမ်းခြင်းသာ အောင်မြင်ရာ၏
( ပြောလွယ်ကျင့်ခက်
လောဘရမ္မက်၏
ရိုက်ချက်ပြင်းထန်
မတွန်းလှန်နိုင် -- )
ရုပ် နာမ် ဖြစ် ပျက် သူ - ငါ မမှတ်ဘို့
မပြတ်ဝိပသ၁နာ ရှု့မှတ်ပါရန်
(ပြောလွယ် ကျင့်ခက်
မောဟ ဖက်လို့
အဝိဇ္ဖာစေရာ ကကြိုးဖြာခဲ့
အတောမသတ် သံသရာရဟတ်၏
ရိုက်ချက်ပြင်းထန်
မတွန်းလှန်နိုင် -- ) ။ ။
Labels:
ကဗျာများ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment