ဆရာတော်ဦးဇောတိက ၏ တရားတော်
ဗုဒ္ဓဘာသာတရားမှာ ယုံတာဟာ အရေးကြီးဆုံးအချက်မဟုတ်ဘူး။ ကိုယ်တိုင်သိတာက အရေးကြီးဆုံးအချက် ဖြစ်တယ်။ ဗုဒ္ဓဘာသာတရားဟာ အမှန်ကိုလွတ်လွတ်လပ်လပ်ရှာဘို့ လက်တွေ့စမ်းသပ်ဖို့အားပေးတဲ့ တရားဖြစ်တယ်။ ဒါကြောင့် Buddhism Is The Religion of Freedom လို့ခေါ်သင့်တယ်။ ဗုဒ္ဓဘာသာတရားဟာ စကတည်းက လွတ်လွတ်လပ်လပ်အမှန်တရားကိုရှာ
တရားဂုဏ်တော်တွေထဲမှာ ``သန္ဒိဌိကော --ကိုယ်တိုင်သိနိုင်တယ် ။ ဧဟိပသ၁ိကော --လာကြည့်ပါ -စမ်းကြည့်ပါ လက်တွေ့လုပ်ကြည့်ပါလို့ဆိုထားပါ
ဗုဒ္ဓဘာသာတရားမှာ အထူးခြားဆုံးတရားဟာ ကာလာမသုတ် တရားတော်ပဲ။ ဒကာကြီးတို့ကြားဖူးတယ်မဟုတ်လား။
ကြားဖူးပါတယ်ဘုရား ။ကြာပါပြီ ဒါပေမယ့် အရှင်ဘုရားထပ်ပြီးပြောပြရင် တပည့်တော်တို့ပြန်ပြီးသတိရလာမှာ
အဲဒါ ဘုန်းကြီးအတွက်လက်မခံနိုင်တဲ့ကိ
အဲဒါကိုလည်း တပည့်တော်နားလည်ပါတယ် -အရှင်ဘုရားကိုယ်တိုင်က ပုဂ္ဂိုလ်စွဲမရှိတော့ အရှင်ဘုရားကို ပုဂ္ဂိုလ်စွဲ သဘောထားမျိုးနဲ့ ဆက်ဆံတာကို အရှင်ဘုရားကြိုက်မှာ မဟုတ်ဘူး ဆိုတာတွေးမိပါတယ်ဘုရား။
ကိုယ့်ဥာဏ်နဲ့ ကိုယ် ဆုံးဖြတ်ရတဲ့တာဝန်ဟာ အင်မတန်ကြီးပါတယ်။ ဒါကြောင့်လူတွေဟာ ဒီတာဝန်ကိုမယူနိုင်လို့ ကိုယ့်အတွက်အရာအရာကို ဆုံးဖြတ်ပေးမယ့်သူလက်ထဲ ကိုယ့်ဘဝကိုအပ်လိုက်တာပဲ။ အဲဒါကြောင့်ပဲ လွတ်လပ်မှုမရှိတော့တာ။ လွတ်လပ်မှုမရှိတော့တာကို လက်ခံလိုက်တယ်။ ဆုံးဖြတ်ရမယ့်တာဝန်ကို မယူရရင်ပြီးရော။ ဒါပေမယ့်--
``အမှန်တရားကို တကယ်လိုလားရင် လွတ်လပ်မှုကို တကယ်လိုချင်ရင် အမှား-အမှန်ကို ကိုယ်တိုင်ဆုံးဖြတ်ရမယ် ။ဒီတာဝန်ကို ရှောင်လွှဲလို့မရနိုင်ဘူး။
မှန်ပါတယ်ဘုရား သဘောပေါက်ပါတယ်.။တပည့်တော်တို့ေ
ဟုတ်တယ်ဒကာကြီးတို့ ဒီတရားက ကြောက်စရာကောင်းလောက်အောင် လွတ်လပ်မှုကို လမ်းဖွင့်ပေးထားတာ ။သတ္တိနည်းတဲ့သူဆိုရင် ဒါလောက်လွတ်လပ်တာကို ယူရဲမှာမဟုတ်ဘူး။ ကလေးဘဝကပြောသမျှကိုယုံလို့ စိတ်မှာတစ်မျိုးသက်သာမှုရတယ်။ ကြီးလာတော့ ဘာကိုမှမယုံတော့လို့ ဟာတာတာဖြစ်နေတယ်။ ပြောသမျှကိုယုံနေလို့ စိတ်ဆင်းရဲရတာလည်းရှိတယ်။ ကိုယ့်အတွက်အရာရာတိုင်းကို အမှား အမှန်ဆုံးဖြတ်ပေးနိုင်တဲ့ သူရှိတယ်လို့ ယုံရတာ false security ရတယ်။ အဲဒီ false securityကိုရဘို့ ပေးလိုက်ရတဲ့ price အဖိုးအခဟာ မသေးဘူး။အမှန်တရားကို ရှာတယ်ဆိုတာကိုက ပြောသမျှမယုံဘူးလို့ဆိုရာရောက်
နားဦးမည်------
ကိုစိုးနိုင် (ကျေးဇူးတင်ပါသည်)
No comments:
Post a Comment