ဘဝမှာ လွတ်လပ်ခြင်း၊ ပျော်မွေ့ခြင်း၊ ကိုယ်စိတ်ချမ်းသာခြင်း နဲ့ ပြည့်စုံချင်ရင် ဘာကိုမှ သွားပြီး မငြိတွယ်နဲ့။ အားလုံးရဲ့ အနှောင်အဖွဲ့က လွတ်အောင်နေ။
ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ် ဗိုလ်ချုပ်အောင်ဆန်း
Wednesday, June 13, 2012
ချစ်နှမငယ်သို့(ကဗျာ)
မျက်ဝန်းအလှ - ရွှန်းလဲ့လှရု်
အပြုံးလှများ - ပိုင်ဆိုင်ထားကာ
သွယ်လျှခန္ဓာ - ပြေပြစ်ကာဖြင့်
ဖြူဝင်းအသား - နူးညံ့ထွားရု်
သိမ်မွေ့စရိုက် - လူတိုင်းကြိုက်ကာ
နဝင်ပီယံ - ချိုသာသံဖြင့်
လိမ္မာယဉ်ကျေး- လူတိုင်းငေးသည့်
ပြစ်မျိုးမှည့်မထင်- အလှရှင်မို့
မြင်သူတကာ - စွဲမက်ကာဖြင့်
တမ်းတပိုက်ထွေး- ချစ်သွေးလှိုက်ဖို
ချစ်ချင်လိုလည်း - -----
ဖောက်လွဲမှန်စွာ
ရုပ်ခန္ဓာ၏--
မာယာလှည့်ကွက်
တရစပ်ကို
စိတ်ထက်သေချာ
သိနေပါရု်
အဝိဇ္ဇာဆရာ မောင်းနှင်ရာကို
ဖယ်ခွာသွေဖီ ရှောင်ရမည်မို့
မဒီနှမ ဒီဘဝလည်း--
နှမလက်လျှော့နေတော့ ။ ။
ရွှင်လန်းချမ်းမြေ့ကြပါစေ--
တရားပေါက်နေသောလူပျိုကြီး တစ်ဦးနေရာမှ ခံစားရေးဖွဲ့ပါသည်။(မီးစ တစ်ဖက် - ရေမှုတ်တစ်ဖက်)
Labels:
ကဗျာများ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment