ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ် ဗိုလ်ချုပ်အောင်ဆန်း

ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ်  ဗိုလ်ချုပ်အောင်ဆန်း
ကျွန်တော် လေးစား၊ အားကျ ၊ ဂုဏ်ယူ ၊တန်ဖိုးထားသော ဗိုလ်ချုပ်အောင်ဆန်း

Saturday, June 9, 2012

သတို့သားလောင်း

          


တစ်ခါတုန်းက တိုင်းပြည်တစ်ပြည်မှာ အင်မတန်ချောမောတဲ့ ဘုရင့်သမီးတော်လေးကို သင့်တော်တဲ့ ယောင်္ကျား တစ်ယောက်နဲ့ ပေးစားမယ်ဆိုပြီး   အရွယ်နုပျိုပြီး   ယောင်္ကျား ပီသ၊ သတ္တိကောင်း၊ သွက်လက်ဖြတ်လတ်ဥာဏ်ရည်ထက်တဲ့ မည်သည့် မျိုးနွယ်ကမဆို ဝင်ရောက်အရွေးခံနိုင်တယ်လို့ လှည်းနေလှေအောင်း မြင်းဇောင်းမကျန်  မောင်းခတ်ကြေညာစေသတဲ့။

            ဘယ်လိုရွေးချယ်တာလဲ ဆိုတော့  မင်းသမီးလေးကို  တစ်ဖက်ကမ်းမှာ ထားပြီး သားစားကျူးတဲ့  မိကျောင်းအကောင်ပေါင်းများစွာ လွှတ်ထားတဲ့ ကန်ကို လက်ပြစ်ကူး ပြီး မင်းသမီးလေးဆီကို အရင်ရောက်လာတဲ့ သူကို မင်းကြီးကိုယ်တိုင် သမက်တော်အဖြစ် ချီးမျှောက်ပြီး အိမ်ရှေ့စံ ရာထူးပါပေးမယ်ပေါ့။ အဲ  မိကျောင်းစာ ဖြစ်သွားရင်တော့ ကိုယ့်ထိုက်နဲ့ ကိုယ့်ကံပဲ။

              တစ်ဖက်မှာ ရှိနေတဲ့ လူငယ်တွေဟာ မိကျောင်းတွေကြည့်ပြီး  တော်တော်နဲ့ ဘယ်သူမှ ကန်ထဲကို ခုန်ချပြီး ကူးမလာကြဘူး။ ပရိဿတ်ကလည်း သဲတထိတ်ထိတ် ရင်တဖိုဖိုနဲ့ စောင့်ကြည့်နေတုန်း  ``ဝုန်း`` ဆို လူငယ်လေးတစ်ယောက် ခုန်ချပြီး ကူးခတ်လာတယ်။  ပရိဿတ်ကြီးလည်း လက်ခုပ်သြဘာတွေပေးပေါ့ ။ မိကျောင်းတွေလည်း တရုံးရုံးနဲ့ ဆာလောင်နေတော့ သားကောင်ဆီကို အလုအယက်လာကြတယ်။ လူငယ်လေးဟာ ကံကောင်းစွာပဲ မိကျောင်းအုပ်ကြီးကြားထဲက လွတ်မြောက်သွားပြီး မင်းသမီးလေးရှိတဲ့ ကမ်းပေါ်တတ်သွားတယ်။ ပရိဿတ်ကြီးလည်း သြဘာပေးကြတယ်။

           အဲဒီကောင်လေးကို ဘုရင်ကြီးက  ကြိုဆိုပြီး မင်းပရိဿတ်ကို ဘာပြောချင်သေးလဲလို့မေးတော့--- ကောင်လေးက  မောနေလို့ တော်တော်နဲ့ စကားပြန်မပြောနိုင်ပဲ  ဘုရင်ကြီးကို ခဏ လက်ကာပြပြီး နည်းနည်း အမောပြေတော့မှ တစ်ဖက်ကမ်းကို လှမ်းအော်ပြောလိုက်တာက-----

         ``ဟေ့  ငါ့ကို   ဘယ်ခွေးသူခိုး    တွန်းချတာလဲကွ-----``
  တဲ့။


ကြားဖူးတာကို ကိုယ်ရေးတတ်သလိုပြန်ရေးလိုက်တာ
ပါ။  ဘဝအမောတွေပြေပါစေ။

ကိုစိုးနိုင်

No comments:

Post a Comment