စိမ်းစိုပြီး ရေကန်ဘောင်ဘေးမှာ ပေါက်နေတဲ့ သစ်ပင်တစ်ပင်ကို ရေလောင်းရတာနဲ့ ----------
ခြောက်သွေ့ပြီး ရေငတ်နေတဲ့ သစ်ပင်တစ်ပင်ကို ရေလောင်းလိုက်လို့ ဖြစ်လာတဲ့ ခံစားမှုပီတိ ---
( ဘယ်အရာက ပိုမယ်ထင် လဲ --??? )
ဟင်းပွဲ များစွာနဲ့ စားနေတဲ့သူဆီကို နောက်ထပ် ဟင်းကောင်းတစ်ပွဲ ပို့လိုက်ရတာနဲ့ ----------
ဆာလောင်မွတ်သိပ်နေတဲ့သူတစ်ဦးကိ
( ဘယ်အရာက ပိုမယ်ထင်လဲ -- ??? )
ဘုရား မှာရွှေသင်္ကန်း ကပ်လှုသူတွေ များသလောက် --
ဆင်းရဲတဲ့ ဒုက္ခိတ လူသားတစ်ယောက်ကို ငါးဆယ် - တစ်ရာပေးဘို့ လက်တွန့်နေတတ်ကြတယ် --။
အို -- ဗုဒ္ဓဘာသာဝင်သူတော်စင် အပေါင်းတို့ ---
လှုဒါန်းတယ်ဆိုတာ ကိုယ်ချမ်းသာဘို့ အတွက်လား --
အလှုခံချမ်းသာ ဘို့အတွက်လား --
ခွဲခြားသိကြလော့ ---
ကိုယ် နောင်ဘဝမှာချမ်းသာဘို့ --
ကုသိုလ်တွေရတယ် ဆိုလို့ --
ပေးလှုကြတယ်ဆိုရင်တော့
သင်တို့ဟာ ×××
ဗုဒ္ဓ ဘုရားရဲ့ အလိုဆန္ဒနဲ့ ဟိုးအဝေးမှာ ကျန်ခဲ့လေပြီ ။။။
အမှန်တကယ်လိုအပ်နေသော ကွက်လပ်များကို
အလွန်ဖြူစင်သော စိတ်ကောင်းစေတနာတို့ဖြင့်
ပေး ကမ်း လှုဒါန်းကြကုန်လော့ ----
ပြန်လာသော ပဲ့တင်သံသည် အသံရှင်၏အသံလှိုင်းအား အကြီး အသေး ပေါ် မူတည်သကဲ့သို့ ---------
ကုသိုလ်ကံတရားသည်လည်း စေတနာ ဖြူစင်မှု အနည်းအများ ပေါ် ဋ္ဌ် မူတည်ပေ၏ ××××××
ရွှင်လန်းချမ်းမြေ့ကြပါစေ ---------------
written by KO SOE NAING
No comments:
Post a Comment