ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ် ဗိုလ်ချုပ်အောင်ဆန်း

ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ်  ဗိုလ်ချုပ်အောင်ဆန်း
ကျွန်တော် လေးစား၊ အားကျ ၊ ဂုဏ်ယူ ၊တန်ဖိုးထားသော ဗိုလ်ချုပ်အောင်ဆန်း

Saturday, June 9, 2012

သိချင်လို့ပါ


သိချင်လို့ပါ---

ဆန္ဒပြနေတဲ့  စက်ရုံတစ်ရုံမှာ   အုပ်စုနှစ်စု   ကွဲနေတယ်ဆိုပါစို့---

အုပ်စု - A    က  အခြေခံ လုပ်ခ လစာတွေနည်းတဲ့အတွက် စားဝတ်နေရေး မပြည်လည်လို့  လုပ်ငန်းခွင် မဝင်ဘဲ ငြိမ်းချမ်းစွာ ဆန္ဒပြကြတယ်-------

အုပ်စု - B  က စက်ရုံက အလုပ်သမားတွေရဲ့ တောင်းဆိုချက်ကို မလိုက်လျောပဲ လျှော်ကြေးပေးပြီး စက်ရုံပိတ်မှာ စိုးလို့၊ အဲဒီလိုပိတ်လိုက်ရင် သူတို့အလုပ်လက်မဲ့ဖြစ်သွား မှာကိုစိုးလို့ ၊ ကိုယ့်လစာအပေါ်မှာ မိသားစု အားလုံး မှီခိုနေရတာသိပြီး  အဲဒီလို အလုပ်ပြုတ် အလုပ်လက်မဲ့ဖြစ်သွားမှာကို ပိုကြောက်လို့ ဆန္ဒ မပြဘဲ အလုပ်ဝင်လုပ်ချင်ကြတယ်---------

ကျွန်တော်သိချင်တာက

၁။    ။အုပ်စု -A ဆန္ဒပြတာ  အပြစ်ရှိလား

၂။    ။ အုပ်စု - B  ဆန္ဒ မပြချင်တာရော အပြစ်ရှိလား

၃။     ။ အုပ်စု -A က ဆန္ဒမပြချင်တဲ့ အုပ်စု B ကို အကြမ်းဖက် ဆိုဆဲပစ်ပေါက်ပြီး အလုပ်ခွင်က ဆွဲထုတ်ရင် အပြစ်ရှိလား

၎။     ။အုပ်စု - B က ဆန္ဒပြနေတဲ့ အုပ်စု A ကို အကြမ်းဖက် ဆိုဆဲပစ်ပေါက်ပြီး အလုပ်ခွင်ထဲ ဆွဲသွင်းရင် အပြစ်ရှိလား

၅။     .။အုပ်စု A  က ညှိနှိုင်းဖြန်ဖြေပေးမယ့် ကြားအဖွဲ့ အစည်းတစ်ခုခုကို ကြိုဆိုသင့်လား၊ ငြင်းပယ်ရမှာလား

၆။      ။မြန်မာ အလုပ်သမားဝန်ကြီးဋ္ဌာန အပါဝင် ILO (နိုင်ငံတကာ အလုပ်သမား သမဂ္ဂ) ကရော လစာကိစ္စကို ကြားဝင်ပြီး ဥပဒေအရ အမိန့်ပေး သတ်မှတ်ခွင့်ရှိလား

၇။      ။မေလ တစ်လထဲမှာတင် စက်ရုံ ၃၀ လောက်ဆန္ဒပြနေကြတဲ့အတွက် အနာဂါတ် မြန်မာလုပ်သားထုအတွက် ကောင်းကျိုး ရမှာလား။ ဆိုးကျိုးရမှာလား။

၈။      ။ အလုပ်ရှင်  ရင်းနှီးမြုတ်နှံသူ နိုင်ငံခြားသားတွေဟာ သူတို့စက်ရုံတွေ မရင်းနှီး မမြှုတ်နှံခင်---
         ၁-လုပ်အားခ    ၂- ကုန်ထုတ်စွမ်းအား    ၃- ထုတ်ကုန်အရည်အသွေး    ၄-လုပ်သားတည်ငြိမ်မှု     ( အလုပ်ပြောင်းခြင်းနှင့် ဆူပူဆန္ဒပြမှု အပါဝင်)  ၅-တိုင်းပြည်ရဲ့ လုပ်ထုံးလုပ်နည်း ဥပဒေ  ၆- လျှက်စစ်စွမ်းအင်နဲ့ ဆက်သွယ်ရေး ၇-ကုန်ကြမ်းတည်ရှိမှု (ဝါ) ကုန်ကြမ်းရရှိသည့်နေရာနှင့် အကွာအဝေး  ၈--အလုပ်သမားတွေရဲ့ သင်ယူတတ်မြောက်လွယ်မှု မလွယ်မှု စတဲ့ --- စတဲ့--- အချက်များစွာကို လေ့လာပြီး အရင်ရောက်နှင့်ပြီးဖြစ်တဲ့ အလုပ်ရှင်တွေရဲ့ အတွေ့အကြုံ ထောက်ခံမှု စတာတွေ စုဆောင်း ပြီးနောက် အခြားတိုင်းပြည်တွေ နဲ့ နှိုင်းယှဉ်ပြီး သာမှသာ လာရောက်ကြမှာဖြစ်ပါတယ်။ အနာဂါတ်မှာ ရင်းနှီးမြှုတ်နှံမှုတွေ ဝင်လာမယ် ထင်လား ၊ မထင်ဘူးလား။

၉။      ။ ရင်းနှီးမြှုတ်နှံမှုတွေ  ဝင်လာရင် အလုပ်သမားထု အကျိုးရှိမှာလား ၊ မရှိဘူးလား။

၁၀။     ။ ရင်းနှီးမြှုတ်နှံမှုတွေ  မဝင်လာရင် အလုပ်သမားထု အကျိုးရှိမှာလား ၊ မရှိဘူးလား။

          သဘောထား သိချင်လို့ပါ။
         ကျွန်တော်တို့ငယ်ငယ်တုန်းက သင်ခဲ့ရတဲ့ ``အလိုကြီးက အရနည်း၏ ``ဆိုတဲ့ ပုံပြင်ထဲကလို တစ်နေ့ ရွှေဥ တစ်ဥ ဥပေးနေတဲ့ ဘဲငန်းကြီးကို အထဲမှာ ရွှေဥတွေ အများကြီးရှိမှာပဲ ထင်ပြီး သတ်ကာ ဝမ်းဗိုက်ခွဲကြည့်မှ ဘာမှ မရှိလို့`` ဖွတ်မရ ဓါးမဆုံး ``သလို  နောင်တ  ရ မှာစိုးလို့ပါ။  အခု စီးပွားရေး ပိတ်ဆို့မှုတွေ ဖွင့်လိုက်လို့ သူဋ္ဌေးအများကြီး လာရောက်လေ့လာနေတဲ့အချိန်မှာ ရလဒ်ဆိုးတွေ ရမှာ စိုးမိပါတယ်။ နှစ် နှစ်ဆယ်ကျော် ဘဝကို အာဏာရှင်အောက်မှာ ပြုသမျှ နုခဲ့ကြရပြီးပါပြီ။ သန်းခေါင်ထက် ညဉ့်မနက်တော့ပါဘူး။ တစ်နှစ် နှစ်နှစ်လောက်သီးခံလိုက်ရင်  ရင်းနှီးမြုတ်နှံမှုတွေစီးဝင်လာတဲ့အခါ  လစာတွေ တိုးတောင်းစရာမလိုပဲ  အပြိုင်ခေါ်ယူကြမယ့် အခြေအနေကို ရောက်တဲ့အထိလေးပါပဲ-----
          ရင်းနှီးမြုတ်နှံမယ့်သူတွေဟာ ဆန္ဒပြမှာကြောက်ပြီး မလာတော့ရင် ၊ ဒါမှမဟုတ် လက်ရှိ အလုပ်ရှင်က မလိုက်လျှောပဲ  လျှော်ကြေးပေး အလုပ်ပိတ်လိုက်မယ်ဆိုရင် ---

          ``ရှင်နည်းရာ  အဂ္ဂလူထွက် ``ဆိုသလို

          ``ဖွတ်မရ  ဓါးမဆုံး`` ဆိုသလို

          ``ပေါ့စေလိုလို့ ကြောင်ရုပ်ထိုး ဆေးကြောင့်လေး``ဆိုသလို

          ``ပိုက်ဆံမရှိလို့ ဇာတ်ထဲလိုက်ပါတယ်  နှဲကြီးတတ်နင်းမိလို့လျှော်လိုက်ရတယ်``ဆိုသလို

          ``နူရာဝဲစွဲ  လဲရာသူခိုးထောင်း``ဆိုသလို

          စားဝတ်နေရေး အဆင်မပြေလို့ ဆန္ဒပြ မိပါတယ် အလုပ်ပါပြုတ်ရော  ဖြစ်မှာ တကယ်ကို စိုးရိမ်မိပါတယ်ဗျာ။


(အလုပ်သမားတွေရဲ့ လူမှုဘဝကို ရေရှည် တိုးတတ်စေချင်တဲ့ စေတနာအမှန်နဲ့ပါ)
 ကိုစိုးနိုင်

No comments:

Post a Comment