တစ်ခါတုန်းက ရွာတစ်ရွာမှာ မုဆိုးကြီးတစ်ယောက်ရှိတယ် - အဲဒီမုဆိုးကြီးက သားကောင်တွေ ပစ်ခတ်ဖမ်းဆီးသတ်ဖြတ်ရတာ အင်မတန်ဝါသနာထုံတယ် ။ ကြိုက်တယ်ပေါ့ ။ သူ့မှာ သူ့စရိုက်နဲ့ လုံးဝမလိုက်ဖက်တဲ့ ဇနီးချောလေးတစ်ယောက်ရှိတယ် ၊ သူ့ဇနီးက နေ့စဉ် အမဲလိုက်တဲ့ အလုပ်ကိုစွန့်လွှတ်ဘို့ တရားချတယ် ၊ ဒါပေမယ့် သူကလက်မခံဘူးတဲ့ ၊ ။
သူက သူ့ရဲ့ မုဆိုးအလုပ်ကို မစွန့်လွှတ်တော့ သူ့ဇနီးဟာ မိန်းမတို့ဝတ်တရားရှိတဲ့အတိုင်း မုဆိုးကြီးတောလိုက်ထွက်ရင် လိုအပ်တဲ့ ရိက္ခာခြောက်တို့ လေး ၊ မြှား တို့ကိုပြင်ဆင်ပေးရတာပေါ့  ။ အဲဒါကိုသူမဟာ အပြစ်ရှိသလိုခံစားနေရသတဲ့ ။
တစ်နေ့တော့ သူမတို့ရွာကို မြတ်စွာဘုရား ကြွလာတယ်တဲ့ ။ အဲဒီအခါမုဆိုးကြီးရဲ့ဇနီးလည်း လှုဘွယ်တို့ ဆက်ကပ်လှုဒါန်းပြီး မြတ်စွာဘုရားကို သူမရဲ့မိသားစုအကြောင်းပြောပြကာ အဲဒီလိုလင်ယောင်္ကျား မုဆိုးကြီး တောလိုက်ထွက်တဲ့အခါ ပြင်ဆင်ပေးနေရလို့ သူမမှာ အ-ကုသိုလ်တရား ရှိနိုင်လား လို့မေးလျှောက်သတဲ့ ။
ဒီတော့ မြတ်စွာဘုရားက ``အဲဒီလို ပြင်ဆင်ပေးနေတဲ့အချိန်မှာ သားကောင်တွေများများရပါစေ လို့များ စိတ်ထားနဲ့ ပြင်ဆင်ပေးတာပါလား ``လို့မေးသတဲ့။
``အဲဒီလိုစိတ်ထားမျိုးမထားပါဘူး
ဒါဆို ချစ်သမီးမှာ မည်သည့် အ-ကုသိုလ်မှ မဖြစ်ပါ ``လို့ မြတ်စွာဘုရားက ပြန်မိန့်တဲ့အခါ မုဆိုးကြီးဇနီးလဲဝမ်းသာစွာ အိမ်ကိုပြန်လာခဲ့သတဲ့ ။
အိမ်ရောက်တော့ မုဆိုးကြီးကို မြတ်စွာဘုရားဆီသွားဘို့ အမျိုးမျိုးတိုက်တွန်းသတဲ့ ။ မုဆိုးကြီးက ပထမတော့ ငြင်းဆန်နေပြီး မယားလုပ်သူကအကြိမ်ကြိမ်တိုက်တွ
မြတ်စွာဘုရားဆီရောက်တော့ မုဆိုး ကြီးက --
`` အရှင် ဗုဒ္ဓ လူများ စားသောက်မှု အဆင်ပြေစေရန် ကျွန်ုပ် သားကောင်များ ရှာဖွေသည့်အလုပ် လုပ်ပါတယ် ။ အပြစ်ရှိပါသလား `` လို့ မိန်းမရဲ့ အလိုအတိုင်း မလျှောက်တတ်ဘဲ သူပြောတတ်သလိုမေးလိုက်တယ် -
ဒီတော့ မြတ်စွာဘုရားက --
`` မုဆိုးကြီး ကိုယ်ကြိုက်တာကိုယ်လုပ်ပါ အဲဒီလိုလုပ်ရင် အပြစ်မရှိပါဘူး`` လို့ဖြေတော့ မုဆိုးကြီးလဲ အလွန်ဝမ်းသာသွားတယ်။ မုဆိုးကြီးရဲ့ဇနီးကလဲ တရားရဲ့သဘောကို ဖြတ်ကနဲ သိလိုက်ပြီး မြတ်စွာဘုရားကို ရိုသေစွာရှိခိုးပြီး အိမ်ကိုပြန်လာခဲ့သတဲ့။
အိမ်ရောက်တော့ မုဆိုးကြီး က တဟား ဟား နဲ့ အားရပါးရ ရယ်ပြီး `` ငါ့နှယ်ကွာ -- မင်းတို့ဗုဒ္ဓက သတ္တဝါတွေ မသတ်ဘို့ မုဆိုးအလုပ်ကိုမလုပ်ဘို့ များဟောမယ်မှတ်လို့ ခုတော့ ဘာတဲ့ `` ကိုယ်ကြိုက်တာ ကိုယ်လုပ် အပြစ်မရှိဘူးတဲ့ `` ငါတော့ အဲဒီစကားကို အကြိုက်ဆုံးဘဲဟေ့ `` လို့ပြောပြီးရယ်နေတယ်တဲ့ ။
မုဆိုးကြီးရဲ့ဇနီးဟာ ပြုံးရုံသားပြုံးနေပြီး မုဆိုးကြီးနေ့လည်စာ စားဘို့အတွက် စားကောင်းသောင်ဖွယ်တွေကိုပြင်
မုဆိုးကြီးလည်း ဇနီးပြင်ပေးတဲ့ အသားဟင်းနဲ့ထမင်းကို မြိန်ယှက်စွာ စားနေရင်း စိတ်ထဲအန္တရာယ်လို့ခံစားရပြီး မော့ကြည့်လိုက်တော့ သူကိုင်နေကျဒူးလေးပေါ်မှာ အဆိပ်လူးမြှုားတင်ပြီး သူ့ကိုချိန်ထားတဲ့ ဇနီးလုပ်သူကို ထိတ်လန့်စွာတွေ့လိုက်ရတယ် ။
``ဟ -ဟ ဘယ်လိုလုပ်တာလဲ မတော်တဆ ခလုပ်ပြုတ်သွားမှဖြင့် ငါသေသွားပါဦးမယ် မိန်းမရဲ့ ``
ဇနီးလုပ်သူက ခက်ထန်တဲ့မျက်နှာနဲ့ --
`` သင့်ကို ကျွန်ုပ် အဆိပ်လူးမြှားနဲ့ သတ်ဘို့ချိန်ထားတယ် သင်ကြိုက်လား ``
`` ဟာ --ရှုးနေလား မိန်းမရယ် သတ်ဘို့ချိန်ထားရင်ကြိုက်ပါ့မလာ
``ခလုပ်နှိပ် လိုက်ရင် လည်မြိုကိုစိုက်သွားမယ် နော် ကြိုက်လား ``
``ဘာတွေ မေးနေတာလဲကွာ -- အဲဒီအဆိပ်သိပ်ပြင်းတာနော် --ကြိုက်မလားကွ --``
``ပစ်လိုက်ရင် သေသွားမှာသိတယ်နော် အဲဒါကိုရော ကြိုက်လား ``
``သေတာကြိုက်တဲ့လူ ရှိမလားကွ ငါကကြိုက်စရာလား ``
အဲဒီလိုမေးပြီး ဇနီးလုပ်တဲ့သူဟာ ခလုပ်နှိပ်လိုက်သတဲ့ ။ အဆိပ်လူးမြှားဟာ မုဆိုးကြီးရဲ့ လည်တိုင်ဘေး လက်သုံးလုံးလောက်နားက ဖြတ်ပြီး နောက်က အိမ်နံရံကို ဒုတ်ကနဲ စိုက်ဝင်သွားတယ် ---
ဒီတော့မှ ဇနီးလုပ်တဲ့သူဟာ မုဆိုးကြီးကိုထိုင်ရှိခိုးပြီး ``မုဆိုးကြီး ဗုဒ္ဓဟောကြားသော ကိုယ်ကြိုက်တာ ကိုယ်လုပ်ပါ ဆိုတာ ကိုယ်ချင်းစာတရားထားဘို့ပြောတာ
မုဆိုးကြီးလဲ ဇီးကင်းလောက်ရှိတဲ့ချွေးတွေကို
သူငယ်ချင်းတို့ရေ -- ပုံပြင်လေးကတော့ဒါပါဘဲကွယ် -- တိရိစ္ဆန်ဖြစ်ဖြစ် လူဖြစ်ဖြစ် အသက်ရှင်သန်ချင်ကြတာကတော့ အတူတူမို့ ဖြစ်နိုင်ရင်ပေါ့လေ --- သတ္တဝါများအပေါ်လည်းကိုယ်ချင်းစာ
written by ko soe naing
No comments:
Post a Comment