ဘဝမှာ လွတ်လပ်ခြင်း၊ ပျော်မွေ့ခြင်း၊ ကိုယ်စိတ်ချမ်းသာခြင်း နဲ့ ပြည့်စုံချင်ရင် ဘာကိုမှ သွားပြီး မငြိတွယ်နဲ့။ အားလုံးရဲ့ အနှောင်အဖွဲ့က လွတ်အောင်နေ။
ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ် ဗိုလ်ချုပ်အောင်ဆန်း
Sunday, June 17, 2012
အခါခါ(ကဗျာ)
တရားအသိ
အများရှိလည်း
မှားမိခဲ့တာ
အခါခါ။
ဆင်ခြင်တုံတရား
ရင်ခွင်စုံထားလည်း
မှားမြဲ မှားတာ
အခါခါ။
နောင်တ တရား
ရှောင်မရငြားလည်း
တမြဲလျှက်သာ
အခါခါ။
ပြောမှသိပေမယ့်
သောကငြိတွယ်တော့
လောဘရယ် မလွန်ဆန်နိုင်တာမို့
လောကအလယ် ဝင့်ထယ်ဘို့အတွက်
အသိကိုဘေးခွာလို့
ပကတိကိုပြေးကာတွေးမိတယ်
ကွယ် -----
လက်တွေ့ အမှား ။ ။
ကိုစိုးနိုင် ( မောင်ကိုဦး-ကံ့ကော်)
Labels:
ကဗျာများ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment