တကယ်တော့
ဘဝမှာ--
စားရုံ - ဝတ်ရုံ - နေရရုံ ဆိုရင်
ခက်ခဲ ကြမ်းတမ်းတဲ့
ဆူးခင်းလမ်း မဟုတ်ပါဘူး ။ ။
ဒါပေမယ့်--
ကြွားဝါ ယှဉ်ပြိုင်
အနိုင် ဗိုလ်လု
ဂုဏ်တုရင်တော့
ပန်းခင်းမွေ့ယာ
ဘယ်ဟုတ်မှာလဲ--
ရောက်တဲ့ အရပ်မှာပျော်အောင်နေ
တွေ့ တဲ့သူနဲ့ တည့်အောင်ပေါင်း
ရှိတာလေးနဲ့ လှအောင်ဝတ်
ရတာလေးနဲ့ ဝအောင်စား
မမြဲတာက အနိစ္စ
အလိုလေး-- အမယ်လေး -အော်နေရတာက ဒုက္ခ
ပြိုင်သူလာရင် အရူံးပေး
နှလုံးအေးတဲ့ဆေး --- တဲ့
ငါငယ်ငယ်က
အဖေဆုံးမခဲ့တဲ့စကား
ခုများမှနားလည်
လောဘကိုပယ်သတ်
ခုတော့--
နည်းနည်းနေတတ်လာပြီ ။ ။
ဘဝမှာ--
စားရုံ - ဝတ်ရုံ - နေရရုံ ဆိုရင်
ခက်ခဲ ကြမ်းတမ်းတဲ့
ဆူးခင်းလမ်း မဟုတ်ပါဘူး ။ ။
ဒါပေမယ့်--
ကြွားဝါ ယှဉ်ပြိုင်
အနိုင် ဗိုလ်လု
ဂုဏ်တုရင်တော့
ပန်းခင်းမွေ့ယာ
ဘယ်ဟုတ်မှာလဲ--
ရောက်တဲ့ အရပ်မှာပျော်အောင်နေ
တွေ့ တဲ့သူနဲ့ တည့်အောင်ပေါင်း
ရှိတာလေးနဲ့ လှအောင်ဝတ်
ရတာလေးနဲ့ ဝအောင်စား
မမြဲတာက အနိစ္စ
အလိုလေး-- အမယ်လေး -အော်နေရတာက ဒုက္ခ
ပြိုင်သူလာရင် အရူံးပေး
နှလုံးအေးတဲ့ဆေး --- တဲ့
ငါငယ်ငယ်က
အဖေဆုံးမခဲ့တဲ့စကား
ခုများမှနားလည်
လောဘကိုပယ်သတ်
ခုတော့--
နည်းနည်းနေတတ်လာပြီ ။ ။
No comments:
Post a Comment