အနာဂတ်မှာ---
ဟိုးရင်ခါက
အာဏာရှင်နဲ့
လက်ဝါးချင်းရိုက်
အချောင်နှိုက်ပြီး
ကြီးပွားချမ်းသာ
ဘီလျှံနာတို့
အနာဂတ်မှာ--- မြောင်းထဲ ``ဂါ``တော့ ။
ဟိုးရင်ခါက
အာဏာရှင်နဲ့
လက်ဝါးချင်းရိုက်
အချောင်နှိုက်ပြီး
ကြီးပွားချမ်းသာ
ဘီလျှံနာတို့
အနာဂတ်မှာ--- မြောင်းထဲ ``ဂါ``တော့ ။
××( ဂါ = သွားစမ်း ဟုနှင်ထုတ်သည့် အဓိပ္ပါယ်ရသည့် ကိုးရီးယားစကား)
အနာဂတ်မှာ ---
အနုပညာ ဗီဇ
မရှိကြဘဲ
ချွတ်- ဖော် - စည်းရုံး
တဏှာလုံးပြ
ဟာသဆိုလည်း
ကာမဝဲ က
ထွက်မရသည့်
အနုပညာသမား
အမည်ခံထားလည်း
အနာဂတ်မှာ --- မြောင်းထဲ ``ဂါ``တော့ ။
အနာဂတ်မှာ ---
စားဝတ်နေရး
လောကီဘေးမှ
စိတ်ညစ်-အချောင်ခို
အိပ်-စား လိုရု်
တရားမသိ ၊ သီလမဖြူ
လူသားအလား ဘာမှမခြားတဲ့
သာသနာမပြု ရဟန်းတုလည်း
အနာဂတ်မှာ --- မြောင်းထဲ``ဂါ``တော့ ။
အနာဂတ်မှာ---
ကုလားထိုင်ပေါ်မှ
ဖင်မကြွ ဘဲ
စားပွဲပေါ်မှာ
တင်လို့လာသည့်
ဖိုင် ပေါင်းများစွာ ပြွတ်သိပ်ကာတိုး
လက်မှတ်ထိုးရန်
အသပြာ ဖန်သည့်
အရာရှိလည်း
အနာဂတ်မှာ --- မြောင်းထဲ``ဂါ``တော့ ။
အနာဂတ်မှာ----
ဟိုရင်အခါက တစ်ဂိုဏ်းထဲထား
ဦးညွှတ်တွားလည်း
ကာလတန်ကြာ
သိက္ခာတွေပါး
ရိက္ခာကြားပျော်
တတ်အောင်လည်းမသင် ပဲ့ပြင်ဘို့ဝေး
ငွေပေး အတန်းတင်
အနာဂတ်မမြင်တဲ့
ပီတိမစား -- ဆရာ-ဆရာမ များလည်း
အနာဂတ်မှာ --- မြောင်းထဲ ``ဂါ``တော့ ။
အနာဂတ်မှာ ---
မျိုးချစ်စိတ်ဓါတ် တစ်စက်မရှိ
ကိုယ်တိုင်သိလည်း
လိုချင်တဲ့နေရာ ရဘို့ရာတွက်
အရှက်မရှိ အော်တတ်သည့် `` ဖား ``
သတိထားလော့ ။
အနာဂတ်မှာ ---
ပညာရေးတွင်
နှုတ်ငုံကျက်မှတ်
တရစပ်အော် - ဥာဏ်ချော် မျက်ကမ်း
အတန်းတွေတတ် - ဘွဲ့လက်မှတ်ယူ
ထိုထိုသူများ - သတိထားလော့ ။
အနာဂတ်မှာ ---
မိုးလင်းဆိုင်ထိုင်
စတိုင်တစ်မျိုး -- ဘိလိယက် ထိုးကြ
ဘောလောင်း - ချဲထိုး
နွံတောတိုးသမား
အနာဂတ်မှာ ခြေချစရာရှား
သတိထားလော့ ။
သူငယ်ချင်းတို့ရေ ---
ပါတ်ဝန်းကျင်မှာ
မတရားတာမြင်
ဖယ်- ရှောင် -မကြင်နဲ့
သင်သိသမျှ
အွန်လိုင်း -- ကရေး
ဂျီမေး လ် -တွေ ဖြန့်
တပ်ကိုလှန့်လော့ ။ ။
( နိုင်ငံ့ ဝန်တာ - နိုင်သည့်နေရာက ထမ်းဆောင်ကြလော့ ။)
အနာဂတ်မှာ ---
အနုပညာ ဗီဇ
မရှိကြဘဲ
ချွတ်- ဖော် - စည်းရုံး
တဏှာလုံးပြ
ဟာသဆိုလည်း
ကာမဝဲ က
ထွက်မရသည့်
အနုပညာသမား
အမည်ခံထားလည်း
အနာဂတ်မှာ --- မြောင်းထဲ ``ဂါ``တော့ ။
အနာဂတ်မှာ ---
စားဝတ်နေရး
လောကီဘေးမှ
စိတ်ညစ်-အချောင်ခို
အိပ်-စား လိုရု်
တရားမသိ ၊ သီလမဖြူ
လူသားအလား ဘာမှမခြားတဲ့
သာသနာမပြု ရဟန်းတုလည်း
အနာဂတ်မှာ --- မြောင်းထဲ``ဂါ``တော့ ။
အနာဂတ်မှာ---
ကုလားထိုင်ပေါ်မှ
ဖင်မကြွ ဘဲ
စားပွဲပေါ်မှာ
တင်လို့လာသည့်
ဖိုင် ပေါင်းများစွာ ပြွတ်သိပ်ကာတိုး
လက်မှတ်ထိုးရန်
အသပြာ ဖန်သည့်
အရာရှိလည်း
အနာဂတ်မှာ --- မြောင်းထဲ``ဂါ``တော့ ။
အနာဂတ်မှာ----
ဟိုရင်အခါက တစ်ဂိုဏ်းထဲထား
ဦးညွှတ်တွားလည်း
ကာလတန်ကြာ
သိက္ခာတွေပါး
ရိက္ခာကြားပျော်
တတ်အောင်လည်းမသင် ပဲ့ပြင်ဘို့ဝေး
ငွေပေး အတန်းတင်
အနာဂတ်မမြင်တဲ့
ပီတိမစား -- ဆရာ-ဆရာမ များလည်း
အနာဂတ်မှာ --- မြောင်းထဲ ``ဂါ``တော့ ။
အနာဂတ်မှာ ---
မျိုးချစ်စိတ်ဓါတ် တစ်စက်မရှိ
ကိုယ်တိုင်သိလည်း
လိုချင်တဲ့နေရာ ရဘို့ရာတွက်
အရှက်မရှိ အော်တတ်သည့် `` ဖား ``
သတိထားလော့ ။
အနာဂတ်မှာ ---
ပညာရေးတွင်
နှုတ်ငုံကျက်မှတ်
တရစပ်အော် - ဥာဏ်ချော် မျက်ကမ်း
အတန်းတွေတတ် - ဘွဲ့လက်မှတ်ယူ
ထိုထိုသူများ - သတိထားလော့ ။
အနာဂတ်မှာ ---
မိုးလင်းဆိုင်ထိုင်
စတိုင်တစ်မျိုး -- ဘိလိယက် ထိုးကြ
ဘောလောင်း - ချဲထိုး
နွံတောတိုးသမား
အနာဂတ်မှာ ခြေချစရာရှား
သတိထားလော့ ။
သူငယ်ချင်းတို့ရေ ---
ပါတ်ဝန်းကျင်မှာ
မတရားတာမြင်
ဖယ်- ရှောင် -မကြင်နဲ့
သင်သိသမျှ
အွန်လိုင်း -- ကရေး
ဂျီမေး လ် -တွေ ဖြန့်
တပ်ကိုလှန့်လော့ ။ ။
( နိုင်ငံ့ ဝန်တာ - နိုင်သည့်နေရာက ထမ်းဆောင်ကြလော့ ။)
No comments:
Post a Comment