နင်ပြုံးလိုက်ရင်----
ပန်းကလေးတွေလည်း ပွင့်လန်းလာတယ်--
လေပြေလေညှင်းလေးတွေလည်း ဝေ့ဝဲလာတယ်--
ငှက်ကလေးတွေလည်း တေးသီဆိုလာတယ်--
နင်ငိုလိုက်ရင်----
တိမ်ညိုတွေလည်း မှိုင်းမိုက်လာတယ်--
လေပြင်းတွေလည်း တိုက်ခတ်လာတယ်--
သစ်ရွက်ခြောက်တွေလည်း ကြွေလွင့်လာတယ်--
နင်ရယ်လိုက်ရင်----
လိပ်ပြာလေးတွေလည်း ပျံသန်းသွားကြတယ်--
ပန်းရနံ့လေးတွေလည်း မွှေးပျံ့လာတယ်--
နေမင်းကြီးလည်း ပြုံးရယ်ပေးတယ်--
နင်စိတ်ဆိုးရင်----
မုန်တိုင်းတွေလည်း ထန်လာတယ်--
ရေလှိုင်းတွေလည်း သန်လာတယ်--
မီးတောင်တွေလည်း ပေါက်ကွဲလွင့်စဉ်ကုန်တယ်--
နင်ပျော်နေရင်----
ကောင်းကင်ထက်မှာ ငြိမ်းချမ်းရေး ဂျိုးကူသံလေးတွေ ကြားရတယ်--
ဘာသာရေးအဆောက်အဦးဆီက ဆွဲလဲသံလေးတွေ ကြားရတယ်--
သန့်ရှင်းတဲ့လေပြေလေညှင်းဆီက ပန်းရနံ့လေးတွေ လည်းရတယ်--
(သဘာဝ ပါတ်ဝန်းကျင်ကို ဝိုင်းဝန်းထိမ်းသိမ်းကြပါစို့)
No comments:
Post a Comment