ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ် ဗိုလ်ချုပ်အောင်ဆန်း

ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ်  ဗိုလ်ချုပ်အောင်ဆန်း
ကျွန်တော် လေးစား၊ အားကျ ၊ ဂုဏ်ယူ ၊တန်ဖိုးထားသော ဗိုလ်ချုပ်အောင်ဆန်း

Saturday, June 30, 2012

ဟာသများ



နိုင်ငံခြားပြန် ကိုမောင်မောင်

ကိုမောင်မောင် တစ်ယောက် မလေးရှားမှ ပြန်မည်။
နေရပ်သို့ မပြန်ခင် ဘာဝယ်သွားရရင် ကောင်းမလဲ စဉ်းစာသည်။
တီဗွီ၊ ရေဒီယိုနှင့် စည်သွပ်ဗူးဝယ်သွားမည်ဟု ဆုံးဖြစ်လိုက်သည်။
နေရပ်သို့ ပြန်ရောက်သောအခါ ပထမဆုံး တီဗွီလိုင်းကို ဖွင့်လိုက်သည်။
ပထမလိုင်းကို ဖွင့်လိုက်သည်။ ဗိုလ်ချုပ်မှူးကြီး မိန့်ခွန်းပြောနေပုံ ပေါ်လာသည်။
ဒုတိယလိုင်းကို ဖွင့်လိုက်သည်။ ဘာမျှမထူး။ ဒီမှာလဲ စကားပြောနေသည်။
သို့နှင့် -  ရေဒီယိုကို ဖွင့်သည်။ မထူး။ ဒီမှာလဲ ထိုမိန့်ခွန်းကိုပဲ
ထုတ်လွင့်နေသည်။
ကိုမောင်မောင် စိတ်ညစ်လာသည်။
နောက်ဆုံးလက်ကျန် စည်သွပ်ဗူးများဆီသို့ မျက်လုံးရောက်သွားသည်။
ထို့နောက် တစ်ကိုယ်တည်း ပြောလိုက်သည်။
မဖွင့်ဘူးကွာ .


မလိမ်နဲ့

မောင်မောင်က သူဝယ်လာသည့် ကြက်တူရွေးကို စကားပြောတတ်အောင်သင်နေသည်။
“ကိုင်း-ငါပြောတာလိုက်ပြောစမ်း။ ငါလမ်းလျောက်တတ်တယ်”
“ငါလမ်းလျောက်တတ်တယ်”
“ငါစကားပြောတတ်တယ်”
“ငါစကားပြောတတ်တယ်”
“ငါ ပျံနိုင်တယ်”
“မယုံဘူး”

--
အားလုံးပျော်ရွင်ပါစေ

No comments:

Post a Comment