ငါ----
ဘဝမှာ ငြိမ်းချမ်းစွာဖြစ်သန်းချင်လို့
ဘာသာရေးရဲ့ အဆုံးအမကို အလေးထားတယ်။
ငါ----
ဘဝမှာပျော်ရွှင်စွာဖြတ်သန်းချင်
ဟာသ ကိုကြိုက်နှစ်သက်တယ်။
ငါ----
ဘဝမှာ အထီးကျန်စွာ မဖြစ်သန်းချင်လို့
သူငယ်ချင်း ဘော်ဒါတွေကိုမိတ်ဖွဲ့ခင်မင်ထား
ငါ----
ဘဝမှာ စမ်းတဝါးဝါးမဖြတ်သန်းချင်လို့
စာအုပ်တွေဝယ်ဖတ်တယ်။
ငါ----
ဘဝမှာ ရန်မီးမပွားဘဲ ဖြတ်သန်းချင်လို့
ခွင့်လွှတ်နားလည်တဲ့ နှလုံးသားကိုမွေးထားတယ်။
ငါ----
ဘဝမှာ ရန်သူမရှိဘဲဖြတ်သန်းချင်လို့
ပြိုင်သူလာရင် အရှုံးပေးထားတယ်။
ငါ----
ဘဝမှာ ပီတိဆိုတဲ့ စိတ်ကလေးခံစားချင်လို့
ဦးမှော်ကြီး ဂရု(ပ်) မှာ ကဗျာတွေ ထထရေးတယ်။
ငါ----
ဘဝမှာ---
အရာရာကိုအကောင်းဖြစ်ချင်လို့
မျှော်လင့်ချက်နဲ့ကြိုးစားထားေ
အနတ္တ ဆိုတဲ့
အစိုးမရတဲ့သဘောတရား ကိုလည်း
စိတ်ထဲမှာ အမြဲတမ်း ဆင်ခြင်ထားပါတယ်။ ။
အဖွဲ့ဝင်အားလုံး --------- ပျော်ရွှင်ချမ်းမြေ့ကြပါစေ---
No comments:
Post a Comment