သူငယ်ချင်း --
နေ့လည် နေ့ခင်း
ရပ်ကွက်တွင်းမှာ
မင်းလိုက်ရှာကြည့် -----
လ္ဘက်ရည်ဆိုင်မှာ --
ဘောလောင်း - ချဲတွက်
အသက်ငယ်ရွယ်
ဒို့လူငယ်တွေ ----
ဘိလိယက်ခုံမှာ --
အုံနဲ့ကျင်းနဲ့
မပြတ်စည်ကား
ဒို့လူငယ်များ ----
ဂိမ်းဆိုင်တွေရော
သောင်းပြောင်းထွေလာ
ဒို့လူငယ်တွေပါဘဲ ----
ဟိုးတစ်ရက်က
ရပ်ကွက်ထဲမှာ
နာရေး မသာ အတွက်
ဒို့စက်ရုံက
ကိုးရီးယားမ ကို
မတတ်မသာ
ခေါ်ခဲ့တာပေါ့ --------
သူတို့ကိုမြင်တော့ ----- `` အိုး မိုင် ဂေါ့ ``တဲ့
မင်းတို့မြန်မာ
မချမ်းသာတာ
ငါသိပါပြီ -----------တဲ့
အားအားယားယား
လူပျင်းများ --------တဲ့
မိန်းကလေး လုပ်အား
မှီခိုစားသတဲ့ ----
ငါရှက်ရှက်နဲ့ ငါ့မျက်ခွက်ကို
ဓါးထက်ထက်နဲ့
လှီးဖြတ်ချင်တယ် -----သူငယ်ချင်း ။ ။
ဆင်းရဲတာနဲ့ပါတ်သက်ပြီး အစိုးရအပေါ်မှာဘဲအပြစ်ပုံချကာ ကိုယ့်ချို့ယွင်းချက်ကိုမမြင်ြ
ဘယ်လောက်ကောင်းတဲ့ အစိုးရတတ်တတ် -- ဆင်းရဲတွင်းကတော့နက်နေဦးမှာဘဲ ---
No comments:
Post a Comment