"နှင်းဆီ တမ်းချင်း ( ၃)"
ဒါတွေတကယ်မဟုတ်ဘူးလို့ ဘယ်တော့မှ ပြန်မရုတ်သိမ်းတော့ဘူး
လူတစ်ယောက်အတွက် ခွန်အား ကဗျာတွေက မွေးဖွားပေးတယ်
လူတစ်ယောက်ရဲ့အချစ် ကဗျာတစ်ပုဒ်က စဖြစ်တည်တယ်
ကဗျာတွေကို မွေးဖွားခဲ့တဲ့ ကဗျာရှင်တိုင်း
နှလုံးသားတစ်စုံတော့ မြေမြှုပ်သဂြိုလ်ဖူးကြတယ်
သေဆုံးပြီးသား နှလုံးသားက ကဗျာတွေကြောင့်
ပြန်လည်နိုးထ ရှင်သန်ခဲ့ရတာ...
အချစ်ကြီးသက်သက်ဖြစ်တည်နေမှ ကဗျာမဟုတ်ရပါဘူး
ခံစားမှု အလွမ်းအဆွေးကလည်း ကဗျာပေါင်းများစွာ မွေးဖွားပေးတယ်
ကျေးဇူးပါချစ်သူ !
နင့်အကြောင်းကိုရိုးသားစွာတွေး မိနေတိုင်း
ကဗျာတွေရေးဖွဲ့ ဖြစ်နေဦးမှာ
အမာရွတ်မကျန်တဲ့ ဒဏ်ရာဖြစ်ဖို့
အလွမ်းတွေလွန်ကာ ကဗျာဖွဲ့ သီမှာ
တန်ဖိုးမဲ့တဲ့ ရင်ခုန်သံနဲ့
ကဗျာတွေကို လှောင်ရယ်ကာတော့
ဖတ်မနေနဲ့ပေါ့
နှလုံးသားပြတိုက်မှာ ရှေးကျတဲ့အချစ် အဖြစ်
သိမ်းထားခဲ့ချင်လို့
လူတစ်ယောက်အတွက် ခွန်အား ကဗျာတွေက မွေးဖွားပေးတယ်
လူတစ်ယောက်ရဲ့အချစ် ကဗျာတစ်ပုဒ်က စဖြစ်တည်တယ်
ကဗျာတွေကို မွေးဖွားခဲ့တဲ့ ကဗျာရှင်တိုင်း
နှလုံးသားတစ်စုံတော့ မြေမြှုပ်သဂြိုလ်ဖူးကြတယ်
သေဆုံးပြီးသား နှလုံးသားက ကဗျာတွေကြောင့်
ပြန်လည်နိုးထ ရှင်သန်ခဲ့ရတာ...
အချစ်ကြီးသက်သက်ဖြစ်တည်နေမှ ကဗျာမဟုတ်ရပါဘူး
ခံစားမှု အလွမ်းအဆွေးကလည်း ကဗျာပေါင်းများစွာ မွေးဖွားပေးတယ်
ကျေးဇူးပါချစ်သူ !
နင့်အကြောင်းကိုရိုးသားစွာတွေး
ကဗျာတွေရေးဖွဲ့ ဖြစ်နေဦးမှာ
အမာရွတ်မကျန်တဲ့ ဒဏ်ရာဖြစ်ဖို့
အလွမ်းတွေလွန်ကာ ကဗျာဖွဲ့ သီမှာ
တန်ဖိုးမဲ့တဲ့ ရင်ခုန်သံနဲ့
ကဗျာတွေကို လှောင်ရယ်ကာတော့
ဖတ်မနေနဲ့ပေါ့
နှလုံးသားပြတိုက်မှာ ရှေးကျတဲ့အချစ် အဖြစ်
သိမ်းထားခဲ့ချင်လို့
အချစ်နဲ့ စပြီးအလွမ်းနဲ့ ဆုံးတဲ့ နှင်းဆီရဲ့တမ်းချင်းတွေကို ဖတ်ရှုပေးတာ ကျေးဇူးကမ္ဘာပါ(အကြင်နာနှင်းဆီ)
No comments:
Post a Comment