သမုဒ္ဒရာ ဝမ်းတစ်ထွာ ဟု
ပမာပုံနှိုင်းကြပါသည် -------
ဝမ်းတစ်ထွာသည် သမုဒ္ဒရာမဟုတ်
အစာတစ်လုပ်အတွက် သည်လောက်မခက်ပါ ။ ။
(အဘယ့်ကြောင့်ကှုစကား ပေါ်ခဲ့ညားသော် --)
လောကလူ့ဘုံ နေရာစုံဝယ်
အာရုံငါးပါး လွန်လိုက်စားရန်
ဆွဲဆောင်သန်သည့် သိပ္ပံပစ္စည်း
အသီးသီးတို့ ပေါ်ပြီးပေါ်လာ
ထိုအရာတို့
အားလုံးရရန် လောဘမာန်ဖြင့်
အဖန်ဖန်ကြိုးစား လွန်တိုးပွားလည်း
လိုဘမပြည့် လောဘစေရာ
ကျွန်နွားသဖွယ် -တလည်လည်တည်း ။ ။
ဒေါသလူ့ဘုံ နေရာစုံဝယ်
မေတ္တာကွယ်ပျောက်
တစ်ယောက်အကျိုး ကွယ်ပျက်ကျိုးရန်
အဖန်ဖန်ကြံစည် ပြုံး - ရီ ကွယ်ဝှက်
မာယာလက်ဖြင့် သတ်တတ်သည်မှာ
ညီ ရင်း အကို - မောင်ရင်းနှမ
တော်ခဲ့ကြလည်း
ဒေါသလွန်ကဲ မိုက်တွင်းထဲမှာ
ရုံးရောက် ဂါတ်တိုင်၊ ကြီးနိုင် ငယ်ညှင်း
သံတိုင်တွင်းရောက်
ကြောက်စရာတရား - ဆုံလည်နွားသို့ -။
မောဟလူ့ဘုံ- နေရာစုံဝယ်
သေခြင်းတရား သိပင်ငြားလည်း
သတိကွယ်ပျောက် လောဘနောက်လိုက်
ဒေါသပိုက်ကာ မောဟကကူ
`` ဘယ်သူသေသေ ငတေမာရန် ``
ဖောက်ပြန်ကြရာ--
`` ခုတ်ရာတစ်ခြား ရှရာတစ်လွဲ ``
`` ကုသိုလ်တစ်ပဲ ငရဲတစ်ပိသ၁ာ ``
သယ်သွားရှာသည် --------
သေရွာလားသူ များစွာပင် --
ဗုဒ္ဓဟောကြား မြတ်တရားဖြင့်
စိတ်တွင်ပျော်လို အ-ကုသိုလ်အား
သတိထားရု်
ပယ်ရှားသုတ်သင် မေတ္တာစင်ဖြန်း
ငြိမ်းချမ်းဓါတ်ယူ ရွယ်တူလေးစား
ကြီးကားရိုသေ ငယ်နေသက်ညှာ
မိစ္ဆာကိုရှောင် မုဒိတာဆောင်ရု်
သံသရာဆုံးရန် မြတ်နိဗ္ဗာန်ကို
မှန်စွာရှောက်လှမ်းနိုင်စေမင်း ။ ။
ဝမ်းတစ်ထွာကို သမုဒ္ဒရာ မမှတ်
လောဘသတ်လော့ ။ ။
written by ko soe naing
ပမာပုံနှိုင်းကြပါသည် -------
ဝမ်းတစ်ထွာသည် သမုဒ္ဒရာမဟုတ်
အစာတစ်လုပ်အတွက် သည်လောက်မခက်ပါ ။ ။
(အဘယ့်ကြောင့်ကှုစကား ပေါ်ခဲ့ညားသော် --)
လောကလူ့ဘုံ နေရာစုံဝယ်
အာရုံငါးပါး လွန်လိုက်စားရန်
ဆွဲဆောင်သန်သည့် သိပ္ပံပစ္စည်း
အသီးသီးတို့ ပေါ်ပြီးပေါ်လာ
ထိုအရာတို့
အားလုံးရရန် လောဘမာန်ဖြင့်
အဖန်ဖန်ကြိုးစား လွန်တိုးပွားလည်း
လိုဘမပြည့် လောဘစေရာ
ကျွန်နွားသဖွယ် -တလည်လည်တည်း ။ ။
ဒေါသလူ့ဘုံ နေရာစုံဝယ်
မေတ္တာကွယ်ပျောက်
တစ်ယောက်အကျိုး ကွယ်ပျက်ကျိုးရန်
အဖန်ဖန်ကြံစည် ပြုံး - ရီ ကွယ်ဝှက်
မာယာလက်ဖြင့် သတ်တတ်သည်မှာ
ညီ ရင်း အကို - မောင်ရင်းနှမ
တော်ခဲ့ကြလည်း
ဒေါသလွန်ကဲ မိုက်တွင်းထဲမှာ
ရုံးရောက် ဂါတ်တိုင်၊ ကြီးနိုင် ငယ်ညှင်း
သံတိုင်တွင်းရောက်
ကြောက်စရာတရား - ဆုံလည်နွားသို့ -။
မောဟလူ့ဘုံ- နေရာစုံဝယ်
သေခြင်းတရား သိပင်ငြားလည်း
သတိကွယ်ပျောက် လောဘနောက်လိုက်
ဒေါသပိုက်ကာ မောဟကကူ
`` ဘယ်သူသေသေ ငတေမာရန် ``
ဖောက်ပြန်ကြရာ--
`` ခုတ်ရာတစ်ခြား ရှရာတစ်လွဲ ``
`` ကုသိုလ်တစ်ပဲ ငရဲတစ်ပိသ၁ာ ``
သယ်သွားရှာသည် --------
သေရွာလားသူ များစွာပင် --
ဗုဒ္ဓဟောကြား မြတ်တရားဖြင့်
စိတ်တွင်ပျော်လို အ-ကုသိုလ်အား
သတိထားရု်
ပယ်ရှားသုတ်သင် မေတ္တာစင်ဖြန်း
ငြိမ်းချမ်းဓါတ်ယူ ရွယ်တူလေးစား
ကြီးကားရိုသေ ငယ်နေသက်ညှာ
မိစ္ဆာကိုရှောင် မုဒိတာဆောင်ရု်
သံသရာဆုံးရန် မြတ်နိဗ္ဗာန်ကို
မှန်စွာရှောက်လှမ်းနိုင်စေမင်း ။ ။
ဝမ်းတစ်ထွာကို သမုဒ္ဒရာ မမှတ်
လောဘသတ်လော့ ။ ။
written by ko soe naing
No comments:
Post a Comment