ဘဝရှေ့ရေး ဝမ်းစာရေးတွက်
မိဝေး ဖဝေး ဟိုးအဝေးမှာ
နှောင်းနှေးဗျာပူ အလွမ်းဟူသမျှ
ရင်မှာသိမ်းပိုက် မာန်တင်းစိုက်ကာ
နေရပါလည်း
အရမ်းလွမ်းတယ် ---အမေ
နေ့ ည မပြတ် တရစပ်နှင့်
မပြတ်အလုပ် တကုပ်ကုပ်ကို
ကြိုးထုတ်ပင်ပန်း ယိုင်ခွေနွမ်းလည်း
အမေ့ရုပ်ရည် မျှော်မှန်းကြည်ရု
ဖြူစင်ရလာ သမီးလစာကို
ရင်မှာထိကပ် အမေ့တွက်မို့
တတ်နိုင်သမျှ ဆပ်ရကျေးဇူး
ကြည်နူးမျက်ရည်
ဝေမိတယ် ---အမေ
လုပ်ငန်းခွင်ထဲ ဟောက်ဟဲဟစ်မာန်
ခံရပြန်လည်း ရင်ထဲသိမ်းဝှက်
ဒေါအမျက်ကို ကြိတ်လျှက်ခံတင်း
သည်းခံရင်းနဲ့ --
ရည်မှန်းမျှော်ထက် အနာဂါတ်ကို
မပျက်စေရပါဘူး ---အမေ
တစ်နေ့သောအခါ
သာယာရွှင်လန်း
လိုရာပန်းတိုင်
လျှောက်လှမ်းပိုင်လျှင်
ရွာအဝင်လမ်း တမာတန်းက
လက်ကမ်းကြိုပါ --အမေရယ် ။ ။
( မိဝေး ဖဝေး ညီမလေးများ အတွက် ခံစားရေးဖွဲ့ပါသည်)
မိဝေး ဖဝေး ဟိုးအဝေးမှာ
နှောင်းနှေးဗျာပူ အလွမ်းဟူသမျှ
ရင်မှာသိမ်းပိုက် မာန်တင်းစိုက်ကာ
နေရပါလည်း
အရမ်းလွမ်းတယ် ---အမေ
နေ့ ည မပြတ် တရစပ်နှင့်
မပြတ်အလုပ် တကုပ်ကုပ်ကို
ကြိုးထုတ်ပင်ပန်း ယိုင်ခွေနွမ်းလည်း
အမေ့ရုပ်ရည် မျှော်မှန်းကြည်ရု
ဖြူစင်ရလာ သမီးလစာကို
ရင်မှာထိကပ် အမေ့တွက်မို့
တတ်နိုင်သမျှ ဆပ်ရကျေးဇူး
ကြည်နူးမျက်ရည်
ဝေမိတယ် ---အမေ
လုပ်ငန်းခွင်ထဲ ဟောက်ဟဲဟစ်မာန်
ခံရပြန်လည်း ရင်ထဲသိမ်းဝှက်
ဒေါအမျက်ကို ကြိတ်လျှက်ခံတင်း
သည်းခံရင်းနဲ့ --
ရည်မှန်းမျှော်ထက် အနာဂါတ်ကို
မပျက်စေရပါဘူး ---အမေ
တစ်နေ့သောအခါ
သာယာရွှင်လန်း
လိုရာပန်းတိုင်
လျှောက်လှမ်းပိုင်လျှင်
ရွာအဝင်လမ်း တမာတန်းက
လက်ကမ်းကြိုပါ --အမေရယ် ။ ။
( မိဝေး ဖဝေး ညီမလေးများ အတွက် ခံစားရေးဖွဲ့ပါသည်)
No comments:
Post a Comment