ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ် ဗိုလ်ချုပ်အောင်ဆန်း

ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ်  ဗိုလ်ချုပ်အောင်ဆန်း
ကျွန်တော် လေးစား၊ အားကျ ၊ ဂုဏ်ယူ ၊တန်ဖိုးထားသော ဗိုလ်ချုပ်အောင်ဆန်း

Saturday, June 30, 2012

ယာဂုအိုးကွဲရာမှ--



`ယာဂုအိုးကွဲမှ ရွှေစည်းခုံလူသည်`` ဟူသောစကားကို မြန်မာမှုနယ်ပယ်တွင် ကြားဖူးနားဝ ရှိသော စကားပုံအသုံးဖြစ်ပေမည်။ တောင်ယာလုပ်ကိုင်စားသော သူတစ်ဦးသည် သူစားရန်ယာဂုအိုးကြိုနေသည်။ စားရကာနီးမှ မတော်တဆဖြစ်ပြီး ယာဂုအိုးကွဲကာ စားလို့မရဖြစ်သွားသည်။ ဒီတော့အလကားဖြစ်မယ့်အတူတူ အဝေးက လှမ်းပြီး ဖူးမြှော်၍ရသော ရွှေစည်းခုံအား`` လူပါ၏ ``ဟု ရက်ရက်ရောရောလှုလိုက်ရာမှ ဖြစ်ပေါ်လာသော စကားပုံဖြစ်ကြောင်းဖတ်ဘူးသည်။

          ဤကိစ္စတွင် အပြစ်မြင်သည့်သဘောထားနှင့်ကြည့်ပါက  နဂိုစိတ်ရင်း ဒါနတရားမရှိပဲ စားမရမှ လှုဒါန်းခြင်းမို့ အပြစ်ဆိုလိုသည့်သဘော ယူဆနိုင်သကဲ့သို့ အခြားတစ်ဖက်ကောင်းသည့်ဘက်မှ ကြည့်လျှင် လည်း ဆုံးရှုံးသွားသည်ကို နှမြောတသ နောင်တရမနေတော့ပဲ အလှုဒါနအကျိုးကို အရှုံးထဲက အမြတ်ထုတ် သည့် စရိုက်ဓလေ့အဖြစ်လဲ မြင်နိုင်ပေသည်။

          အလားတူပင်  အိမ်တွင် မိသားစု စားသောက်ပြီးသောအခါ ပိုလျှံနေသော စားသောက်ဖွယ်တို့ကို နောက်နေ့အတွက် သိမ်းထားလို့မရသောအမျိုးအစားဖြစ်ပါက အမှိုက်ပုံးထဲတွင်အလဟဿတ် စွန့်ပစ်ခြင်း ကိုမြင်ရတိုင်း နှမြေတသမိသည်။ ကျွန်တော်နှမြောသည်မှာ ကုန်ဆုံးသွားသော ငွေကြေးအတွက်မဟုတ် လူတွေ စားသောက်နိုင်သည့် တန်ဘိုးရှိသည့်အစားအစာများ အကောင်းပကတိ စွန့်ပစ်ချိန်ဝယ် အစာရေစာ ဝဝလင်လင် မစားရသော လူများလည်း မြောက်များစွာရှိသည်ကို သတိရ၍ မညီမျှသောလောကဓံတရားကို သံဝေဂ၇ကာ နှမြောတသခြင်းဖြစ်ပြီး နောင်တွင် အိမ်၌ ထိုသို့အလဟဿတ် စွန့်ပြစ်ရခြင်းမဖြစ်ရလေအောင် ထိမ်းသိမ်းတိုင်းထွာချက်ခြင်း၊ ပြင်ပမှ စားသောက်ဖွယ်ရာများ ဝယ်မည်ဆိုသော် အိမ်ကို မချက်ထားရန် အကြောင်းကြားခြင်းတို့ လုပ်စေသည်။ ထိုသို့ အလေအလွင့်တို့ကို ထိမ်းသိမ်းပြီး အစာရေစာလိုအပ်နေသော သူများကို တတ်နိုင်သမျှ လှုဒါန်းရန် ဆုံးဖြတ်ခဲ့သည်။

          ငယ်သူငယ်ချင်းများနဲ့ဆုံတွေ့သောအခါ စေတနာပိုကြပြီး မကုန်နိုင်မခမ်းနိုင် မှာထားကာ မစားနိုင်တော့ပဲ ဒီအတိုင်း ထားပြစ်ခဲ့ရသည့်အခါတိုင်း---------------------

          အလုပ်မှ Dinner ကျွေး၍ လိုက်စားသည့်အခါတိုင်း စားပွဲအပြည့် မှာထားသော စားကောင်းသောက်ဖွယ်များကို  မကုန်နိုင်မခမ်းနိုင် မြောက်များစွာ ကျန်ရစ်ခဲ့သည့် စားပွဲပေါ်မှ ဟင်းလျာ စားဖွယ်တို့ကို မြင်တိုင်း----------------------------

          အချို့သူများ  စားသောက်ဆိုင်တွင် ဟန်လုပ်ပြီး စားစရာကို ကုန်အောင် မစားဘဲ အချို့အဝက် ချန်ထားကာ ဟန်ပန်တစ်ခွဲသားနဲ့ စားကြသူများကို မြင်တိုင်း--------------------

          ကျွန်တော်သည်  ဝဝလင်လင် မစားရရှာသော သူများကို သတိရကာ တန်ဘိုးရှိလှသော အစားအစာ များအား နှမြောတသနေတတ်သဖြင့်  ယာဂုအိုးကွဲမှ ရွှေစည်းခုံလှုချင်သော  ယာသမားဘဝရောက်မှန်း မသိ ရောက်နေလေတော့သည်။

          ``မြန်မာ့အရုဏ်ဦး ပရဟိတ လူမှုကူညီရေးအသင်း``သည် မပြည့်စုံသော သူများအတွက် ပြည့်စုံနေသည် ဟုလည်း ဆိုလို့မရသော ကျွန်တော်တို့ လူငယ်များက တတ်အားသ၍ ကူညီမည့် အသင်းဖြစ်ပြီး  အခု အသင်းစတည်စတွင် ညောင်စေ့လောက် သာဖြစ်မည်ဖြစ်သော်လည်း နောင်အခါ ညောင်ပင်ကြီးဖြစ်အောင် တွေ့ကြုံမည့် အခက်ခဲတို့ကို ညီအကို မောင်နှမ သူငယ်ချင်းများ စိတ်တူကိုယ်တူ ဝိုင်းဝန်းတိုင်ပင် ၍ ပြုစုပျိုးထောင်သွားမည်ဖြစ်ကြောင်း။      

အသင်းဝင်အဖြစ် အဆိုပြုလိုပါက myanma.arunthit@gmail.com သို့ အမည်။ နေရပ်လိပ်စာ။ အီးမေးလ် ။ ဖုန်းနံပါတ်။ တို့ကိုဖြည့်စွက်၍  ဆက်သွယ်လှုဒါန်းနိုင်ပါသည်။ နှမ်းတစ်လုံတည်းနဲ့ ဆီမထွက်သော်လည်း နှမ်းလုံးပေါင်းများစွာ စုစည်းပါက တန်ဘိုးရှိသော နှမ်းဆီရရမည် သာတည်း။ 

ကိုစိုးနိုင်
မြန်မာ့အရုဏ်သစ်ပရဟိတလူမှုကူညီရေးအသင်း





No comments:

Post a Comment