အတတ်လဲသင် ပဲ့ပြင်ဆုံးမ
သိပ္ပမချန် ဘေးရန်ဆီးကာ
သင့်ရာအပ်ပို့ ဆရာတို့ ဟု
ရှေးကဆိုထား ဝတ်ငါးပါးကို
တစ်ပါးမယွင်း ပြည့်စုံခြင်းဖြင့်
ကျောနှင့် ရင်သား မခွဲခြားဘဲ
တပည့်များကို စေတနာပိုစွာ
ညွှန်ကာလမ်းပြ ဆိုဆုံးမသည်---
ကျေးဇူးကမ္ဘာ အိုဆရာ ။ ။
နေ့ကိုလမြို လကိုနှစ်စား
ကာလရထား၏
ခရီးသွားများ သင်္ခါရတရားကြောင့်
ဇရာကမြို ပင်စင်အိုနှင့်
တစ်ကိုယ်တည်းသာ နေရပါလည်း
ငါတို့တပည့်များ လောကကြားဝယ်
အန္တရာယ်ကင်းစေ စီးပွားဝေပြီး
ရာထူးဌာန တိုးတတ်ကြကြောင်း
ဆုမွန်တောင်းကာ မေတ္တာဖြာသည်---
ဇရာအိုလည်း စေတနာပျိုကာ သတိရရှာသည်---
မေတ္တာကမ္ဘာ အိုဆရာ ။ ။
ဘဝတိုက်ပွဲ လောကထဲဝယ်
ဆင်နွဲချိန်ခါ များပြသ၁နာတို့ ကြုံကြိုက်လာတိုင်း--
တို့ငယ်ငယ်က ဆိုဆုံးမသည့်
ဆရာ့စေတနာ ပိုသိလာခဲ့ ။
ဆရာသင်ထား ပညာများဖြင့်
အသုံးချဘဝမှာ ကြုံကြိုက်လာတိုင်း
ဆရာ့စေတနာ ပိုသိလာခဲ့ ။
မေတ္တာတရား --လက်ကိုင်ထားရန် --
ရန်လိုစိတ်များ --ချေမှုန်းထားရန် --
ပညာရပ်များ --ကြိုးကုတ်ပွားရန် --
သူငယ်ချင်း အချင်းချင်း --ယိုင်းပင်းတတ်ရန်--
အားငယ်သူအား --ဂရုဏာထားရန်--
ရွယ်တူအများ --လေးစားကြရန် --
ကြီးသူကိုက --ရိုသေကြရန် --
--------------
ကောင်းရန်ရည်ကာ စေတနာဖြင့်
ပြောဆိုဆုံးမ ရိုက်ပုတ်ကြစဉ်-
ငယ်စဉ်အတွေး နုနယ်သေးလို့
စိတ်ခုမိတာ အခါခါလည်း
ခုများနောင်တ အခါခါရမိ
မလိမ္မာမိုက်မှား တပည့်သားကို
ခွင့်လွှတ်ပေးပါ အိုဆရာ ----
ဆရာ့စေတနာ သတိရသူတိုင်း
ဝိုင်းဝန်းစုစည်း လက်တွဲပြီးလျှင်
ဆင်နွဲခဲ့တာ မြတ်ပူဇာကို
ကြိမ်ခါရေကောက် နှစ်ဆယ့်ခြောက်ကြိမ်ပြည့်ခဲ့ပြီ
သူငယ်ချင်း ----
မင်းလည်းခုခါ ကြုံကြိုက်လာလျှင်
မြတ်ဆရာပူဇော်ပွဲ တူယှဉ်နွဲဘို့
လက်ကမ်းဆင့်ကာ ကြိုဆိုပါသည်
တစ်ချိန်မှာတို့တတွေ အိုကြလေသော်---
ဆရာ့ကျေးဇူး မဆပ်ဖူးလို့
စိတ်မှာနောင်တ မရကြဘို့
ခုကတဲက လက်တွဲကြမယ်
တွဲလက်ခိုင်မြဲ တည်စေသောဝ် ။ ။
No comments:
Post a Comment