ဘဝမှာ လွတ်လပ်ခြင်း၊ ပျော်မွေ့ခြင်း၊ ကိုယ်စိတ်ချမ်းသာခြင်း နဲ့ ပြည့်စုံချင်ရင် ဘာကိုမှ သွားပြီး မငြိတွယ်နဲ့။ အားလုံးရဲ့ အနှောင်အဖွဲ့က လွတ်အောင်နေ။
ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ် ဗိုလ်ချုပ်အောင်ဆန်း
Wednesday, June 13, 2012
တရားရုံး(ကဗျာ)
တရားခံ --
ဒီသံသရာမှာ
ကောင်းတာရော ဆိုးတာပါ
ဒွန်တွဲကာ သင်လုပ်
လုပ်သမျှ ပြန်စံ
မင်းက တရားခံ ဆိုပါတော့ ---။
ရှေ့ နေ --ကရော
လုပ်သမျှ ကံမကောင်း တာတွေကို
အကုန် မခံရလေအောင်
ကောင်းမှု နဲ့ချေဖြတ်
လျှော့ နိုင်သမျှ သက်သာလေအောင်
ကြိုးစားပြီး လျှောက်လဲ
ရှေ့ နေဆိုတာလဲ မင်းဘဲ ပေါ့----
တရားသူကြီး --
လုပ်ပြီးသမျှကံ စံစေ၊ ခံစေ ရယ်လို့
ဘုံဘဝတွေ သတ်မှတ်
ဘက်လိုက်မှု ကင်း
လဒ်ပေးခြင်း အလျှင်းမရ
တရားသူကြီး က ဘယ်သူလဲ ------
? ---? --? --?
တလွဲ အတွေးတွေ ခုရပ်
မှတ်ထားပါ ချက်ချင်း --
(အဲဒါလည်း ) မင်းပဲ ---
စာကြွင်း)
ရှေ့ နေဆိုတာ လူ့ ဘဝမှာဘဲရ
အဲဒါလည်း မမေ့ကြနဲ့ ။
သူငယ်ချင်းအားလုံး ကျမ္မာပျော်ရွှင်နိုင်ကြပါစေ။
Labels:
ကဗျာများ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment