သူကြီး ဦးမှော်ရဲ့ ရွာမှာ --
ကိုယ့်ထမင်း ကိုယ်စား
ကြီးဒေါ်နွား အငှားကျောင်း
စေတနာတွေပြည့်ဖောင်းနေတဲ့
စာရေးဆရာလောင်းတွေလည်း ရှိတယ်။
ရင်ထဲပေါ်လာသမျှ
ကဗျာတွေထစပ်
အချစ် - ဘဝ - အတွေး - အကြံ
ဘာသာရေးလည်း မချန်ဘူး
မြင်မြင်သမျှ အကုန်ရေး
ကဗျာဆရာ လေးတွေလည်းရှိတယ်။
မိတ်ဆွေစစ်မို့ စေတနာသွန်
ဖတ်မိသမျှ စာကောင်းပေမွန်တွေကို
ကွန်ပြူတာရှေ့ ညောင်းတာတွေတောင်မေ့ပြီး
ကောင်းသမျှဖြန့်ရှယ်
စေတနာကြွယ်တဲ့ -- အကိုညီနောင်တွေလည်းရှိတယ်။
ပြုံးပျော်ရွှင်မြူးစေချင်လို့
ဟာသကိုမှ အထူးပြု
ရှာဖွေစုပြီး ပြန်ရှယ်ကြ
သူတို့တွေလည်းရှိကြတယ်။
ဘဝရဲ့ဒသ၁န
စိတ်ခွန်အားတွေပြည့်ဝဘို့
ကောင်းသမျှ ဘာသာပြန်တင်
စေတနာရှင်တွေလည်းရှိကြတယ်။
နိုင်ငံရေး လူမှုရေး
မျိုးချစ်သွေးတွေ ခက်ထန်
စော်ကားမယ်မကြံနဲ့
ရသမျှ သတင်း
ချက်ခြင်းဘဲတင်ပြကြ
အဲဒီလိုလူတွေလည်းရှိကြတယ်။
နည်းပညာနဲ့ အတွေ့အကြုံများ
ဖလှယ်မလား- မေးမလား
စေတနာတစ်ခွဲသားနဲ့
မေးသမျှကိုဖြေ-
စိတ်သိပ်ရှည်တဲ့
ပညာရှင်တွေလည်းရှိကြတယ်။
တစ်ခါတစ်လေ--------
ပို့စ်တစ်ခုကိုအခြေပြု
ဖိုက်တင်တွေထုပြီး
ပါးစပ်သေနတ်နဲ့
အဆက်မပြတ် ပစ်သတ်နေကြတာလည်း
အပျင်းပြေစေတယ်။
တစ်ခါတစ်လေ--------
အချင်းချင်းကလိ
မထိတထိစနောက်
ဘာမဟုတ်တဲ့ကိစ္စအတွက်
စိတ်ကောက်တတ်ကြတာလည်း
ချစ်စရာကောင်းတယ်။
တစ်ခါတစ်လေ-------
ဘုန်းကြီးလား - လူလား
မခွဲခြားတတ်အောင်
ဘာသာရေးဒသ၁နတွေနဲ့ ပစ်ခတ်
တခြားဘက်ကလဲပြန်ဆော်
အနိုင်မပေါ် အရှုံးမပေး
ဒသ၁န အတွေး
ဖတ်ရတာလေးလဲ ကောင်းတယ်။
ငါ --------
ဒီရပ်ကွက် ကိုရောက်လာတာ
သိတ်မကြာသေးပေမယ့်
ရပ်ကွက်သူ-ရပ်ကွက်သား
ဘော်ဒါများ အားလုံးကို
`` လေးစားပါတယ် ``
No comments:
Post a Comment