ကျောင်းသားခေါင်းဆောင်
ကိုအောင်ဆန်း
ဇေယျာစိုး
ရတနာပုံနေပြည်တော်ဟု ခေါ်တွင်သော မန္တလေးမြို့သည် နွေရာသီ တပေါင်းလတွင် ပူအိုက်လှသလောက် ဆောင်းရာသီ
ပြာသိုလတွင် မေးချင်းရိုက်၍ အရိုးခိုက်အောင်အေး၏။ 1938 ခုနှစ် ဇန်နဝါရီလ မြန်မာလို
ပြာသိုလ၏ တစ်နေ့သော နံနက်မိုးသောက်ချိန် နှင်းတစ်ပေါက်ပေါက် ကျလျှက်ရှိစဉ် ကျွန်တော်သည်
အိမ်တော်ရာ ဘုရားစောင်းထဲ၌ သပိတ်မှောက်ကျောင်းသား ခေါင်းဆောင်များနှင့် ခေါင်းချင်း
ရိုက်၍ ဆွေးနွေးနေကြ၏။ သပိတ်မှောက်ကျောင်းသားများမှာ အစိုးရဆရာဖြစ်သင်ကျောင်း နော်မန်ကျောင်းဟု
ခေါ်သော မူလတန်းဆရာဖြစ်သင်တန်းကျောင်းမှ ဖြစ်လေသည်။ ကျောင်းသားတစ်ရာ့ငါးဆယ်ခန့်တို့ သည်
ကျောင်းဆရာများ၏ ဘက်လိုက်မှုကို မကျေနပ်၍ သက်ဆိုင်ရာသို့ တိုင်ကြားသော်လည်း အရေးမယူသဖြင့်
သပိတ်လက်နက်စွဲကိုင်၍ သပိတ်မှောက်လာပြီး အိမ်တော်ရာ
ဘုရားအတွင်း သပိတ်စခန်းချနေစဉ် ဖြစ်ပေသည်။
ကျွန်တော့မှာ ထိုအချိန်က မန္တလေး ဥပစာ ကောလိပ်ကျောင်းသား
သမဂ္ဂ၏ အတွင်းေ၇းမှုးအဖြစ် ၎င်း၊ မန္တလေးမြို့လုံးဆိုင်ရာကျောင်း သား သမဂ္ဂ၏ အထွေထွေအတွင်းရေးမှုး
အဖြစ်၎င်း၊ တာဝန်ထမ်းဆောင်နေရ၏။ တာဝန်ရှိသည့်အတိုင်း နော်မန်ကျောင်းသားများ၏ သပိတ်စခန်းသို့
ေ၇ာက်ရှိနေပြီးလျှင် ပြာသိုလ၏ အေးချမ်း လှသည့် နံနက်ဝေလီဝေလင်း အချိန်တွင် ကျောင်းသားခေါင်းဆောင်များနှင့်
ဆွေးနွေးရခြင်းဖြစ်ပေသည်။ ဆွေးနွေးပွဲမှာ မနေ့ည ကတည်းက ဆွေးနွေးခဲ့ရာ မပြီးပြတ်သေးသဖြင့်
မိုးလင်းလုဆဲ ဝေလီဝေလင်းအချိန် အထိ ဆက်လက်ဆွေးနွေးနေခြင်းဖြစ်သည်။ သပိတ်အေ၇းကိစ္စများ
အပူတပြင်း ဖြစ်နေသဖြင့် ဆောင်း၏ အအေးကိုပင် ကျွန်တော်တို့ သတိမထားမိလိုက်ပေ။ လွန်ခဲ့သည့်နေ့က
ကျွန်တော်သည် ကျောင်းသားခေါင်းဆောင် များနှင့်အတူ နော်မန်ကျောင်း ကျောင်းအုပ်ကြီး ဦးတင့်ဆွေထံသို့
သွားရောက်ခဲ့သည်။ ကျောင်းသားများ၏ မကျေနပ်ချက်ကို တင်ပြ၏။ သက်ဆိုင်ရာကျောင်းဆရာများကို
အရေးယူပေးရန်တောင်းဆို၏။ သို့သော် ကျောင်းအုပ်ကြီး ဦးတင့်ဆွေ၏ အဖြေကား ``သပိတ်လှန်ပါ ကျောင်းပြန်တတ်ပါ ကျောင်းသားများလိုအပ်ချက်အတိုင်း သက်ဆိုင်ရာဆရာများကို
စုံစမ်းစစ်ဆေး အရေးယူ ပေးပါမည်``ဟု ထပ်တလဲလဲ ပြောနေ၏။ သူ၏အဖြေကား ရှင်း၍နေ၏။ ထိုအဖြေကို
ကျောင်းသားများက လက်မခံ။ ကျောင်းဆရာတွေကို အရေးယူပြမှသာ သပိတ်လှန်မည် ဖြစ်နေကြ၏။
ကျောင်းသားများသည် ဗြိတိသျှ နယ်ချဲ့ကို သပိတ်လက်နက်
စွဲကိုင်ကာ အာဏာဖီဆန်ခဲ့၏။ ၁၉၃၅-၃၆ ခုနှစ် အထွေထွေ ကျောင်းသားသပိတ်တွင် ဗြိတိသျှ နယ်ချဲ့တို့
ဒူးတုံခဲ့၏။ ထိုသပိတ်တွင် ရန်ကုန်တက္ကသိုလ် ကျောင်းသား သမဂ္ဂမှ ထုတ်ပြန်သော အိုးဝေမဂ္ဂဇင်းပါ
ဆောင်းပါးရှည် ကိုညိုမြ၏ ရေးသားချက်ကို ရန်ကုန်တက္ကသိုလ် ကျောင်းအာဏာပိုင်များ မကျေနပ်သည်မှအစ၊
အယ်ဒီတာကိုအောင်ဆန်းအား ကျောင်းမှ ထုတ်ပယ်သည်ကို အကြောင်းပြုရ်ျ သပိတ်မှောက်ခဲ့၏။ ယခုမူ
ကိုအောင်ဆန်းသည်မြန်မာပြည်လုံး ဆိုင်ရာ ကျောင်းသားသမဂ္ဂ ဥက္ကဌဖြစ်နေပေသည်။ သို့သော် ၁၉၃၈ခုနှစ်အတွက်
ဥက္ကဌကိုအောင်ဆန်း၏ လမ်းစဉ်မှာ သပိတ်မှောက်ခြင်း များကို ခေတ္တရပ်ဆိုင်းထားရန်ဖြစ်သည်။
ကျွန်တော်တို့ကိုလည်း သပိတ်လက်နက်ကို အရမ်းမသုံးစွဲရန် ညွှန်ကြားထားပြီးဖြစ်သည်။
ယခု မန္တလေးနော်မန်ကျောင်း သပိတ်ကား အထက်ပါလမ်းစဉ်နှင့်
မညီသောသပိတ်ဖြစ်ရ်ျ စေ့စပ် ပြေငြိမ်းရန် ဥက္ကဌထံမှ
ညွှန်ကြားထားချက်ရှိသဖြင့် ကျွန်တော့်မှာ မည်သို့လုပ်ဆောင်ရမည်ကိုပင် မသိအောင် အခက်အခဲနှင့်
ကြုံနေရပေသည်။ ကျောင်းသားခေါင်းဆောင်များနှင့် ထိုနေ့ည တညလုံးဆွေးနွေးရာ နောက်တနေ့
နံနက်သို့ပင်ရောက်ရှိခဲ့သော်လည်း ဆုံးဖြတ်ချက်ဘာမျှချရ်ျမရသေးချေ ။ ဦးတင့်ဆွေ၏ကတိကို
အတွင်းရေးမှူးက တာဝန်ယူနိုင်ပါ့မလားဟု ကျောင်းသားသပိတ်ခေါင်းဆောင်၏ အမေးကို ကျွန်တော်မဖြေနိုင်။
သို့နှင့် နောက်ဆုံး မြန်မာပြည်လုံးဆိုင်ရာ ကျောင်းသားသမဂ္ဂဥက္ကဌ ကိုအောင်ဆန်းနှင့်တွေ့ဆုံရ်ျ
သူ၏ အကူအညီကို တောင်းရန်ဟူသော လမ်းစဉ်ကို ကျွန်တော်တို့ဆုံးဖြတ်ချက်ချမှ တ်လိုက်ရပေသည်။
ကျွန်တော်သည် ထိုနေ့တွင် သမဂ္ဂအဖွဲ့ဝင်များအား
အရေးပေါ်အစည်းအဝေးခေါ်ရ်ျ အစီရင်ခံပြီး ညနေ (၄)နာရီ ရထားဖြင့် ရန်ကုန်သို့လိုက်လာခဲ့သည်။
နောက်တစ်နေ့ နံနက်(၇)နာရီတွင် ရန်ကုန်တက္ကသိုလ်
သထုံကျောင်းဆောင်အတွင်းရှိ ကိုအောင်ဆန်း၏ အခန်းသို့ရောက်လာခဲ့၏။ ကိုအောင်ဆန်း၏ အခန်းတံခါးပိတ်နေသဖြင့်
အခန်းဘေးက ကျောင်းသားကြီးကိုမေးရာ ``သြ ကိုအောင်ဆန်းလား၊ အခန်းမှာမရှိလျှင် သမဂ္ဂရုံးခန်းကိုသွား၊
အဲဒီမှာ အမြဲရှိတယ်``ဆိုရ်ျ ကျွန်တော်လိုက်သွားရာ ကိုအောင်ဆန်းမှာ သမဂ္ဂကျောင်းဆောင်အပေါ်ထပ်
ဥက္ကဌစားပွဲ တွင် စာရေးနေသည်ကို တွေ့ရပေသည်။ ကျွန်တော့်အားတွေ့လျှင် အတန်ငယ်ကြည့်နေပြီး
``ခင်ဗျား ကိုတင်စိုး မဟုတ်လား``ဟု နှုတ်ဆက်ရ်ျ ``ထိုင်ပါ``ဟု နေရာပေးသဖြင့် ကျွန်တော်သည်ထိုင်ရင်း
ခရီးရောက် မဆိုက် လာခဲ့သည့်ကိစ္စကို အစအဆုံး သူ့ကိုရှင်းပြနေမိသည်။ ကိုအောင်ဆန်းသည်
ဖောင်တိန်ကိုချရ်ျ စကားတခွန်းမှမပြောဘဲ ကျွန်တော်ပြောသမျှကို နားထောင်နေလေတော့၏။ ကျွန်တော်လည်း
သူ့အကဲခတ်ရင်း သူမန္တလေးကို လိုက်ပြီးဖြေရှင်းမှ ပြီးနိုင်မည့်အကြောင်းကို သဘောပေါက်လာအောင်
တင်ပြရပါတော့သည်။
ကျွန်တော်၏ရည်ရွယ်ချက်မှာ ရန်ကုန်ရောက်လျှင်
ဥက္ကဌနဲ့ဆွေးနွေးအကျိုးအကြောင်း ပြောဆိုတင်ပြ
ပြီးလျှင် မိတ်ဆွေများထံ ခေတ္တလည်ပတ်ရ်ျ ညနေရထားနှင့် မန္တလေးသို့ ကိုအောင်ဆန်းကိုပါခေါ်ပြီး
ပြန်မည်ဟု မိမိလုပ်ငန်းစဉ်ကို သတ်မှတ်ခဲ့၏။ သို့သော် မတုန်မလှုပ်နှင့် နားထောင်နေသော
ဥက္ကဌကြီးကိုအောင်ဆန်းသည် ကျွန်တော့်စကားဆုံးလိုက်သည်နှင့်  ``ကိုင်း ဒါဖြင့် ညနေ (၄)နာရီ
ရထားနဲ့လိုက်မယ်ဗျာ၊ ခင်ဗျား ကျွန်တော်နဲ့ လိုက်ပြီး ထမင်းစားဟု ပြောပြောဆိုဆိုထရ်ျ
ကျွန်တော့်ကိုမကြည့်ဘဲ ထွက်သွားပါတော့သည်။ ကျွန်တော် မမျှော်လင့်သောစကားကို ကြားရရ်ျ
ကျွန်တော့်မှာ ကြက်သေသေနေမိ၏။ ထို့နောက် ကျွန်တော်သည် သူ့နောက်သို့ ကဗျာကရာလိုက်ရပါတော့သည်။
``ကျွန်တော်နဲ့ ထမင်းစားလိုက်ခဲ့ပေတော့``ဆိုသြ ဖင့် သမဂ္ဂ ဆိုင်တွင် ကျွန်တော့်အား ထမင်းကျွေးမည်ဟု
ထင်မိသမျှ တက်တက်စင်အောင် လွဲပေတော့သည်။ သူသည် ကျွန်တော့်အား သထုံကျောင်းဆောင်ကိုပြန်ရ်ျ
ထမင်းစားဆောင်အပေါ်ထပ်ကို ခေါ်သွားပြီးလျှင် သူ့ထမင်းစားပွဲ မှ ကျောင်းထမင်းကို ကျွေးပါတော့သည်။
ထမင်းစားဆောင်အထိ သွားသောခရီးတထောက်တွင် သူသည် ကျွန်တော့်အား စကားတခွန်းမှ မပြောပါ။
မည်သူ့ကိုမျှ စကားမပြောဘဲ လမ်း၏အလယ်တဲ့တဲ့မှ ရှေ့တည့်တည့် ကြည့်ပြီး ထမင်းစားဆောင်အရောက်
လမ်းလျှောက်လာခဲ့ပေသည်။ လမ်းတွင် မည်သူ့ကိုမျှ လမ်းဖယ်မပေးခဲ့ပါ။ အခြားသူများကသာ သူ့ကိုဖယ်ပေးပြီး
သွားကြပါသည်။ ကျွန်တော်လည်း လမ်းဖယ်ရ်ျသွားသော ကျောင်းသား များကို များစွာအားနာမိပါသည်။
သူနှင့်အတူ ထမင်းစားပြီးနောက် ကျွန်တော်က
``ညနေ မီးရထားကို ခင်ဗျားဘာသာ ဆင်းလာမလား၊ ကျွန်တော်လာခေါ်ရမလား၊ ခင်ဗျားအတွက် ရထားလက်မှတ်
ကျွန်တော်ဝယ်ထားရမလား``ဟု မေးရာ ``ကျွန်တော့်အတွက် လက်မှတ်လဲ မ၀ယ်ပါနဲ့၊ ကျွန်တော့်ဘာသာ
လာခဲ့ပါမယ်၊ ကိုဘဟိန်းကို လိုက်ပို့ခိုင်း မယ်```ဟု ပြောပါသည်။ နောက်ထပ်မပြောတော့ပါ။
ဤသို့ဖြင့် စကားပြီးဆုံးသွားပေသည်။ ကျွန်တော်လည်း ``သွားတော့မယ်၊ ရထားမှာဆုံမယ်``ဟု
ပြောပြီး ထွက်လာခဲ့ပါသည်။
နက်ဖြန်မှ မန္တလေးပြန်ရန် အစီအစဉ်ပျက်ပြီး
လည်ပတ်ချိန်မရသဖြင့် ကျွန်တော်သည် စိတ်ပျက်ပျက် ဖြင့် သူငယ်ချင်းတွေလိုက်နှုတ်ဆက်ပြီး
မြို့ထဲသွားရ်ျ ဂလုပ်ရုံတွင် ရုပ်ရှင်ဝင်ကြည့်ပါသည်။ ရုပ်ရှင်မှထွက်လျှင် ကွမ်းခြံဘူတာသို့
လာပြီးစောင့်နေပါသည်။ ကိုအောင်ဆန်း မပေါ်လာသေးပါ။ မီးရထားတွဲထိုးသဖြင့် ကျွန်တော် သည်
တတိယတန်းတွင် နေရာယူထားလိုက်ပါသည်။ မျက်နှာချင်းဆိုင် ခုံတန်းနှစ်ခုကို အိပ်ရာလိပ်ဖြင့်
ခင်းထား ရ်ျ နေရာဦးထားလိုက်ပါသည်။ ကိုအောင်ဆန်းမှာ မီးရထားမထွက်ခင် (၁၀)မိနစ်အလိုတွင်
ဘူတာရုံသို့ဝင်လာ သည်။ ကိုဘဟိန်းက လိုက်ပို့သည်။ ကိုဘဟိန်းက ကျွန်တော့်အား ``ကိုယ့်ဆရာရေ
ကြည့်ခေါ်သွားပေ တော့``ဟု ပြောပြီး နှုတ်ဆက်ထွက်သွားပါသည်။ သူထွက်မသွားမီ ကိုအောင်ဆန်းလက်ထဲသို့
ငွေငါးကျပ်ထည့် လိုက်သည်ကိုလည်း မြင်လိုက်ရပါသည်။ ``အင်း-----ဒီလူ မန္တလေးကို လိုက်လာတာ
ဒီငွေငါးကျပ်ဟာ အရေးကုန်ဘဲ ထင်တယ်``ဟု ယူဆမိပါသည်။ မီးရထားပေါ်ရောက်ရ်ျ မျက်နှာချင်းဆိုင်ထိုင်မိလျှင်
ကျွန်တော် က ကိုအောင်းဆန်းကို အကဲခတ်မိပါသည်။ သူ့တွင် ဘာပစ္စည်းမှ ပါလာသည်ကို မတွေ့ရပါ။
သူ့မှာ ပင်နီအပေါ် အင်္ကျီကိုဝတ်ရ်ျ
ယောလုံချည်နှင့် လွယ်အိတ်တလုံး၊ ဖောင်တိန်တစ်ချောင်း၊ ဘိနပ်တရံသာ ပါသည်ကို တွေ့ရှိရ
ပါသည်။ ``ခင်ဗျား အိပ်ရာလိပ် မပါခဲ့ဘူးပေါ့``ဟု မေးရာ ``မပါဘူးဗျာ၊ ကိစ္စမရှိပါဘူး၊
ကျွန်တော်မအိပ်ဘူး၊ မန္တလေးရောက်မှအိပ်မယ်``ဟု ပြောပါသည်။ ကျွန်တော်က အနွေးထည်မပါဘူးလား၊
စောင်မပါဘူးလားဟု မေးရာ ``ကိစ္စမရှိပါဘူး ပင်နီအင်္ကျီက
နွေးပါတယ်``ဟု ပြောပါသည်။ ကျွန်တော့်မှာ သူ့အတွက် အတော် စိတ်အိုက်မိပါသည်။ ရထားမှာ
မန္တလေးသို့ နံနက်ဝေလီဝေလင်း အချိန်တွင်ရောက်လေ့ရှိသဖြင့် ``ဒီလူတော့ အေးတာနဲ့
မေးချင်းရိုက်တော့မည်``ဟု တွေးရ်ျ သနားမိပါသည်။
မီးရထားထွက်လျှင် ကိုအောင်ဆန်းသည် သူ၏လွယ်အိတ်ထဲမှ
စာတွဲကိုထုတ်ရ်ျ စာရေးပါတော့သည်။ ဘာတွေရေးသည်ကို ကျွန်တော်မကြည်တော့ပါ။
ကျွန်တော်လဲ အိပ်ရေးပျက်သဖြင့် အိပ်လိုက်လာခဲ့ပါသည်။
ပဲခူးသို့ ရထားဆိုက်သဖြင့်
ထမင်းထုပ်ဝယ်ရန် ကိုအောင်ဆန်းကိုလှမ်းရ်ျ ``ဘာဟင်းစားမလဲ``ဟု မေးရာ၊ ဘာ
ဟင်းဖြစ်ဖြစ်ဟု ပြောသဖြင့် ကြက်သားဟင်း၊ ဘဲဥပြုတ်ပါသော ထမင်းနှစ်ထုပ်ဝယ်လိုက်သည်။
ငါးကြော်တွေ့ရ်ျ ကျွန်တော်က ``ခင်ဗျား ငါးကြော်စားမလား``ဟု မေးရာ
``ကောင်းသားဘဲ``ဟု ဆိုသဖြင့် ၀ယ်ရပြန်ပါသည်။ ကျွန်တော်သည် ငါးကြော်တစ်ကောင်စားရ်ျ
ကိုအောင်ဆန်းကို ငါးကြော်စားရန်ပြောရာ ခေါင်းညိမ့်သော်လည်း ငါးကြော်ကိုမူကား
ယူမစားပေ။ ကျွန်တော်တို့ ထမင်းစားပြီးနောက် ငါးကြော်များကျန်နေသဖြင့်
လွှင့်ပစ်ရလျှင် ကောင်းမည်ဟု လွှင့်ပစ်မည်လုပ်နေစဉ် ``လွှင့်မပစ်ပါနဲ့ဗျာ၊
ကျွန်တော့်ကိုပေး``ဆိုပြီး ဖက်ဖြင့်ထုတ်ထားသော ငါးကြော်ကိုယူရ်ျ
ခေါင်းရင်းပိုင်းဒေါင့်အနီးတွင် တင်ထားလိုက်သည်ကို တွေ့ရပါသည်။ ကျွန်တော်လည်း
ထမင်းစားပြီးရ်ျ ဆေးလိပ်သောက်ရင်း ကိုအောင်ဆန်းအကြောင်း စဉ်းစားနေမိပါသည်။
``အင်း-----ငါးကြော် ကျွေးတုန်းကမစား၊ နောက်မှတောင်းပြီး
သိမ်းထားတာဘယ်လိုများလဲ``ဟု စဉ်းစားနေမိပါသည်။ ကိုအောင်ဆန်းမှာ ထမင်းစားပြီးလျှင်
လက်သုတ်ပြီးနောက် စာတွဲကိုင်ရ်ျ စာကိုဆက်ရေးနေပြန်ပါသည်။ ကျွန်တော့်ကိုမူကား
စကားတခွန်းမှ မပြောချေ။ ကျွန်တော်လည်း စကားပြောစရာလူမရှိရ်ျ ပြန်အိပ်နေလိုက်ပါ
သည်။
မီးရထားသည် တောင်ငူသို့ဆိုက်လာသောအခါ အနည်းငယ်အေးစက်စ
ပြုလာပါသည်။ ကျွန်တော် အိပ်ရာမှ ထလာချိန်တွင် ကိုအောင်ဆန်းသည် စာမရေးတော့ချေ။
ငါးကြော်ကို တဖြေးဖြေးစားနေသည်ကို တွေ့ရပါသည်။ ``ငါးကြော်စားအုံးမလား``ဟု
ကျွန်တော့်ထံငါးကြော်ထုပ်ကို ထိုးပေးနေတော့၏။ ကျွန်တော်က စကားမပြောဘဲ
ခေါင်းခါပြလိုက်၏။ ကိုအောင်ဆန်းမှာ ငါးကြော်ကို တချွတ်ချွတ်ကိုဝါးနေပေတော့သည်။
မီးရထားထွက်သဖြင့် စကားပြောစရာမရှိရ်ျ ပြန်အိပ်လိုက်၏။
အတန်ကြာသော် ကျွန်တော့်ကို ``ဟေ့လူ ထစမ်းပါဦးဗျ`` ဟု
သူကဇွတ်နှိုးပါသည်။ ကျွန်တော် ထထိုင်သောအခါ ကိုအောင်ဆန်းသည် ၁၉၃၆ ခုနှစ်
သူတို့သပိတ်မှောက်စဉ် အကြောင်းကို ခရားရေသွန်သလို ပြောနေပေတော့သည်။
``အင်္ဂလိပ်နယ်ချဲ့သမားဟာ မုချဧကန်ကျဆုံးရမယ် အင်္ဂလိပ်နယ်ချဲ့ကို တိုက်တဲ့နေရာမှာ
လိမ်မာပါးနပ်ဖို့လိုတယ်။ အင်္ဂလိပ်နယ်ချဲ့ဟာ ဥာဏ်များတယ်။ ဒါကြောင့် အချိန်ကာလကို
ကြည့်ပြီး ဗြိတိသျှ နယ်ချဲ့ဆန့်ကျင်ရေးကို လုပ်ရမယ်၊
ဥကဒေဘောင်အတွင်းတိုက်ပွဲလုပ်သင့် တဲ့ အချိန်လုပ်ပြီး ဥပဒေအတွင်း တိုက်ပွဲ အချိန်ကုန်လျှင် လက်နက်ကိုင်တော်လှန်တဲ့အပိုင်း
ရောက်ချင်ရောက်မယ်။ ဒါကြောင့် ကျွန်တော်တို့ လူငယ်တွေ အလဟဿ
အင်အားမကုန်ဆုံးစေချင်ဘူး။ ဒီနှစ်ဟာ ကျွန်တော်တို့ စည်းရုံးရမယ့်
အချိန်ဖြစ်တယ်-------`` စသည်ဖြင့် မီးရထားလည်း မရပ်ဘဲ ခုတ်နေသလို သူကလဲ တစ်ချက်ကလေးမျှ မရပ်ဘဲ
ဒရစပ်ပြောနေပေတော့သည်။ ဤသို့ဒရစပ် လေပန်းရင်းဖြင့်ပင် သာစည်ဘူတာသို့ ရထားဆိုက်ပါ
တော့သည်။ ဆောင်းတွင်းည ဖြစ်၍ အတော်ချမ်းအေးလှပါသည်။
` ``ကဲကဲ ဒီမှာ
ခင်ဗျားချမ်းလာပြီ
ဒီစောင်ခြုံအိပ် ``ဟု ကျွန်တော်က
ခြုံထားသော စောင်ကို သူ့အား ပေးကမ်းလိုက်၏။ ``ခင်ဗျားတော့ ဘာနဲ့ခြုံမလဲ
`` ဟုသူက ပြုံးပြီးမေးပါသည်။
ကျွန်တော်က ``ကျွန်တော့မှာ ဂွမ်းမွေ့ယာပါတယ်။ ကော်ဇော ပါတယ် ။ ဂွမ်းမွေ့ယာကို
ခြုံအိပ်မယ် ခင်ဗျား အဲဒီစောင်နဲ့
ကွေးပေတော့ ``ဟုဆိုပြီး စကားဖြတ်၍ ကျွန်တော်လည်း အိပ်ယာထဲလှဲပြီး မှိန်းနေပါသည်။
နံနက် ၅ နာရီအချိန်တွင် မန္တလေးသို့ မီးရထားဆိုက်ပါသည်။
နှင်းတွေက ပိတ်နေ၏။ ဘူတာရုံ၌ မန္တလေး ကျောင်းသား သမဂ္ဂ ဥက္ကဋ္ဌက လာကြိုနေသည်ကို တွေ့ရ၏။
ကိုအောင်ဆန်းပါလာသည်ကို တွေ့ရလျှင် သူ့မျက်နှာမှာ ပြုံး၍ ဝမ်းသာနေသည်။ ပျာပျာသလဲ
ကြိုလေတော့သည်။ မန္တလေး ကျောင်းသား ဥက္ကဋ္ဌသည် ကျွန်တော်နှင့် ကိုအောင်ဆန်းကို
ဘူတာကြီးအပြင်မှာထားသော အငှားယဉ်ပေါ်သို့ ခေါ်ဆောင်သွား ၏ မော်တော်ယဉ်မှာ မန္တလေးတွင်
အဆင့်အတန်းအားဖြင့် အကောင်းဆုံးအငှား မော်တော်ယဉ် ဖြစ်သော ဗီအိပ် ဖို့စ်
မော်တော်ကားအသစ်ဖြစ်၏။ ထိုခောတ်က မှန်ကား မပေါ်သေး၍ တာလပတ်အမိုး မိုးထားရသောကြောင့်
ဘေးက ဟာလာဟင်းလင်းဖြစ်နေ၏။ ကိုအောင်ဆန်းမှာ ချမ်းလာသဖြင့် ကားပေါ်တွင်
လက်နှစ်ဖက်ကို ပိုက်ပြီး ကုပ်ကုပ်ကလေး ထိုင်နေပေတော့သည်။ သူစကား မပြော နိုင်
မေးတုန်၍နေသည်။ ဗီအိဒ် ဖို့ဒ်ကားသည် မြူနှင်းအတိ ဖုန်းနေသော လမ်းမကြီးတွင်
ရုံးတော်ကြီးဘက် သို့ မောင်း၍ ထိုမှ ဗောဓိကုန်းဘက် ချိုးပြီး
မန္တလေးကောလိပ်ကျောင်းသို့ တစ်နာရီ မိုင်၄၀ နှုံးဖြင့် မောင်းနှင်၍ နေပေတော့သည်။ ကိုအောင်ဆန်းမှာ
အနွေးထည်မပါ၍ ဆတ်ဆတ်တုံနေရှာသည်။ သို့သော် သူသည် စကားတစ်ခွန်းမျှမပြောပါ။ မန္တလေး
ဥပစာကောလိပ်သို့ရောက်သောအခါ သူ့တကိုယ်လုံး ချမ်းလွန်းသဖြင့် ဆတ်ဆတ် တုံနေ၍
အိပ်ခန်းထဲသွင်းကာ အနွေးထည် ဂွမ်းကပ်စောင်များကို ခြုံပြီး သူ့ကို ဇွတ်
အအိပ်ခိုင်းရ၏။ ဆ၇ာဇော်ဂျီဖြင့် တွေ့ချင်သည်ဟု ပြောရာ ကျွန်တော်တို့က စောပါသေးတယ်
အိပ်သာအိပ်ပါဦး အိပ်ယာကနိုးတော့ တွေ့တာပေါ့``ဟု ပြော၍ ဇွတ်အတင်းအိပ်ခိုင်းမှ
အိပ်နေပါလေသည်။
နံနက် ၉
နာရီထိုးလျှင် ကိုအောင်ဆန်းကို နှိုး၍ မျက်နှာသစ်စေပြီး ထမင်းပွဲသို့ ခေါ်လာခဲ့၏။ ဆရာဇော်ဂျီနှင့်
ကျွန်တော်တို့ပါ အတူထမင်းစားရင်း ပြုံးပြုံးရွှင်ရွှင် အလာပ သလာပ ပြောနေကြပါသည်။ ကျွန်တော်နှင့်
ရန်ကုန်မှ စတွေ့သည့်အချိန်မှ မန္တလေးရောက်သည်အထိ ကိုအောင်ဆန်းပြုံးသည်ကို တစ်ခါမှ
မတွေ့ရပါ။ ယခုထမင်းစားပွဲတွင်မှ သူပြုံးသည်ကို ပထမဆုံးတွေ့၇ပါသည်။
ထမင်းစားပြီးနောက် ကျွန်တော်တို့ ကားပေါ်တတ်ကြပါသည်။
ကျွန်တော်တို့နှင့်အတူ မန္တလေးကျောင်းသား သမမဂ္ဂ ဥက္ကဋ္ဌလည်းပါလာပါသည်။ အိမ်တော်ရာ
ဘုရားဝင်းအတွင်း သပိတ်စခန်းသို့ သွားကြပါသည်။ သပိတ်မှောက်ကျောင်းသားများလည်း
ရန်ကုန်တက္ကသိုလ်ကျောင်းကြီးမှ မြန်မာပြည်လုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ
ဥက္ကဋ္ဌသခင်အောင်ဆန်းလာရောက်မည်ဆို သဖြင့် ဘုရားတန်ဆောင်း အတွင်း အားလုံးစုဝေးရောက်ရှိ
နေကြသည်။ ကိုအောင်ဆန်းသည် ကျောင်းသားထုကို အတန်ကြာအောင် စူးစိုက်ကြည့်နေစဉ်
ကျွန်တော်က ကျောင်းသားသပိတ်ခေါင်းဆောင်များ တစ်ယောက်စီကို ကိုအောင်ဆန်းနှင့်
မိတ်ဆက်ပေးပါသည်။ ကိုအောင်ဆန်းက ခေါင်းတငြိမ်ြ့ငိမ့်ဖြင့် နှုတ်ဆက်သည်။ မိတ်ဆက်ပေး
ရာ၌ ``ဝမ်းသာပါသည် ကျေးဇူးတင်ပါသည် အသိမိတ်ဆွေဖြစ်၇တာဝမ်းသာပါသည် `` စသဖြင့်
စကားများကို သူ့ထံမှ မကြားရပေ။ ကိုအောင်ဆန်းသည် ခေါင်းငြိမ့်၍ နှုတ်ဆက်ခြင်းမှ
လွဲပြီး စကား တစ်ခွန်းမျှမပြော ကျွန်တော်က ကိုအောင်ဆန်း ဘယ်လိုလုပ်ချင်သည်ကို
မေးတော့မည်အပြုတွင် ကိုအောင်ဆန်းက
``ကျွန်တော်ခဏ စကားပြောမယ်ဗျာ``ဟု ပြောလာပါသည်။ ကျွန်တော်က အခန်းအနားနဲ့ စရမလား
ဟုမေးရာ ကိုအောင်ဆန်းက ``ကိစ္စမရှိဘူး ကြာနေမယ်
ကျွန်တော်တခါတည်းပြောမယ်`` ဟုပြောပြောဆိုဆို သပိတ်မှောက်ကျောင်းသား
ပရိဿတ်ကို စတင်၍ ပြောနေပေတော့သည်။ ကျွန်တော်လည်း သူ့အား ပရိဿတ်ဖြင့်
မည်သူမည်ဝါဖြစ်ကြောင်း မိတ်ဆက်မပေးရသေးသဖြင့် ကိုအောင်ဆန်းက သူ့ဘာသာသူ
မည်သူမည်ဝါဖြစ်ကြောင်း ပြောလိမ့်မည်ဟု မျှော်လင့်ခဲ့သော်လည်း ကိုအောင်ဆန်းမှာ
သူ့ဘာသူ မည်သူမည်ဝါဖြစ်သည်ကို တစ်ခွန်းတစ်ပါဒ မျှမပြော သူ့အတွက် ပြောစရာမလိုဟု
ယူဆလေသည်လားမသိ သို့မဟုတ်
အပိုစကားတွေမပြောချင်လို့လားမသိ နှုတ်ခွန်းဆက်စကားမပြောဘဲ သပိတ်ကိစ္စကို တခါတည်း
ပြောပါတော့သည်။ သူက ``ကျွန်တော် ခင်ဗျားတို့ သပိတ်ကိစ္စကို စေ့စပ်ဖို့ လာခဲ့တယ်
--သပိတ်မှောက် ကျောင်းသားများရဲ့ နစ်နာမှုကို ကျွန်တော် နားလည်ပြီးဖြစ်တယ် ကျွန်တော်ဟာ ခင်ဗျားတို့အတွက်
အကောင်းဆုံးဖြစ်အောင် စီစဉ်ပါ့မယ် ခင်ဗျားတို့ အားလုံးယုံကြည်စေချင်တယ်။ ဒါဘဲ--`` ဟုပြောပြီး
ကျွန်တော့်ဘက်သို့လှည့်၍ ကဲ ကိုတင့်ဆွေ
ဆီကိုသွားမယ် `` ဟုတဆက်တည်းပြောပါသည်။ ကျွန်တော်လည်း
ကျောင်းသားခေါင်းဆောင်နှစ်ယောက် နှင့် မန္တလေးကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌကိုပါ ခေါ်ခဲ့ပါ
သည်။ ကျွန်တော်နှင့် ကိုအောင်ဆန်းပါ စုစုပေါင်း ငါးယောက်တို့သည် ကားပေါ် တတ်၍
နော်မန်ကျောင်းသို့ ထွက်ခဲ့လေသည်။
နော်မန်ကျောင်းအုပ်ကြီးထံသို့ေ ရာက်ရှိခဲ့ရာတွင်
နော်မန်ကျောင်းအုပ်ကြီးဦးတင့်ေ ဆွသည် ကိုအောင်ဆန်းကို ပျာပျာသလဲ ခရီးဦးကြိုပြုလေသည်။ ကိုအောင်ဆန်းနှင့်
ကျွန်တော်တို့သည် ကျောင်းအုပ်ကြီး၏ ဧည့်ခန်းတွင်ထိုင်ကြပါသည်။
ကျောင်းအုပ်ကြီးကပင် စ၍ ``ကိုအောင်ဆန်း ဒီသပိတ်ကိစ္စအတွက်
လိုက်လာသလား သပိတ်ကတော့
ဒီလိုဗျာ--`` ဟုစကားစ၍
ဖြစ်ကြောင်းရယ်တဲ့ကုန်စဉ် တင်ပြပါလေသည်။
ကျောင်းအုပ်ကြီး ဦးတင့်ဆွေမှာ စကားကို စီကာပတ်ကုံးပြောတတ်သည့်အလျောက်
သူပြောပြနေသည်မှာ အလွန်နားထောင်ကောင်းလှ ပေသည်။ သူပြောသမျှ
စကားအားလုံး၏အချုပ်မှာ ကျောင်းသားများ၏
တောင်းဆိုချက်ကို သူကောင်းစွာသိပါသည်။ အရေးယူမည်ဟုစီစဉ်နေဆဲ ကျောင်းသားများ စိတ်နောက်ကိုယ်ပါ
သပိတ်မှောက်သွားကြခြင်းသာဖြစ် သည်။ ကျောင်းသားများ၏ တောင်းဆိုချက်အတိုင်း
အပြစ်ရှိသော ဆရာများ အပေါ် စုံစမ်းစစ်ဆေး အရေးယူပေးပါမည်ဟု
ကျွန်တော်တို့ကိုပြောသည့်အတိုင်းပြောနေလေသည်။ ကိုအောင်ဆန်းမှာမူကား
ကုလားထိုင်ပေါ်တွင် ခေါင်းငိုက်စိုက်ချ၍ ဦးတင့်ဆွေ ပြောသမျှကို နားထောင်ကောင်း
သဖြင့် နားထောင်နေလေသည်လားမသိ
ဘာတစ်ခွန်းမှ ပြန်၍မပြော။ မေးခွန်းလည်းမထုတ်။ တုံဏှိဘာဝေလုပ် နေသဖြင့်
ကျွန်တော်မှာ အားမလိုအားမရ ဖြစ်ခဲ့ရပါသည်။ အဖြစ်မှန်ကိုပြောရလျှင် ဦးတင့်ဆွေစကားပြော
ကောင်းလှသဖြင့် ကျွန်တော်တို့က နိုင်အောင်ပြန်မပြောနိုင်။ ဦးတင့်ဆွေ စကားကသာ
လွှမ်းမိုးနေခဲ့သဖြင့် ဥက္ကဋ္ဌကြီး ကိုအောင်ဆန်းကို တအားကိုး၍
ရန်ကုန်ဆင်းပြီးခေါ်လာခဲ့ရာ ယခု ဥက္ကဋ္ဌကြီး ကိုအောင်ဆန်းကလည်း ဦးတင့်ဆွေကို
စကားတစ်ခွန်းမှပြန်မပြောသဖြင့် ကျွန်တော်တို့ စိတ်ဓါတ်ကျဆင်းစ ပြုလာပါသည်။
ဒီတစ်ပွဲမှာ ကျွန်တော်တို့မျက်နှာပန်း လှမှလှပါ့မလား စိုးရိမ်နေမိပါသည်။
ကျွန်တော်တို့အားလုံး ကိုအောင်ဆန်း၏ တုံဏှိဘာဝေနေပုံကို အာရုံစိုက်၍
ကြည့်နေပါသည်.။ ဦးတင့်ဆွေ၏ စကားမှာလည်း
ခရားရေသွန်သလို မရပ်ဘဲ ရှိတော့၏။ အတော်ကြီးကြာတော့မှ ဦးတင့်ဆွေလည်း စကား ရပ်ရန် ဟန်ပြင်တော့၏။
ကိုအောင်ဆန်းကလည်း စကားတစ်ခွန်းမှပြန်လှန်မပြော။ ဆင်ခြေမကန်။ စောဒက မဝင်သဖြင့် ဦးတင့်ဆွေသည်
မိမိစကား အောင်ပြီဟူသော မျက်နှာဖြင့် --``ကဲ
ဒါပါဘဲ ကိုအောင်ဆန်း--`` ဟု
သူ့စကားကို အဆုံးသတ်လိုက်ပါသည်။ ထိုအခါကျမှ ကိုအောင်ဆန်းလည်း ခေါင်းကိုမော့၍
``ခင်ဗျား ပြောစရာ ကုန်ပြီလား``ဟု ဦးတင့်ဆွေအား ဒဲ့ဒိုးကြီးမေးရာ ဦးတင့်ဆွေက
``ဒါပါဘဲ ဗျာ ဒါပါဘဲ
``ဟု ပျာပျာ သလဲဖြေသည်။ ဤတွင်မှ သခင်အောင်ဆန်းက ``ခင်ဗျားက သပိတ်လှန်ရင်
ကျောင်းသားတွေ တောင်းဆိုချက်အတိုင်း သက်ဆိုင်သူတွေအားလုံးစစ်ဆေး
အရေးယူပေးပါ့မယ်--- လို့ဆိုတယ်။ အဲဒီတော့
ဒီမကျေနပ်ချက်ကို
ကျေနပ်အောင်လုပ်ပေးမယ်ဆိုရင်-- သပိတ်ဆက်မှောက်လို့လည်း အဓိပ္ပယ်မရှိဘူး။
ဒီတော့ ခင်ဗျားပြောသလို ကျောင်းသားတွေရဲ့တောင်းဆိုချက် အတိုင်း သက်ဆိုင်ရာဆရာတွေကိုအရေး
ယူပေးပေါ့။ ကျွန်တော် သပိတ်ကို လှန်ခိုင်းလိုက်မယ်။ သို့သော်---- ခင်ဗျားကတိတည်ဖို့တော့လိုတယ်--- ခင်ဗျား ကတိတည်နိုင်ပါ့မလား--`` ဟုဒဲ့ဒိုးမေးလိုက်ရာ ဦးတင့်ဆွေက သူသည် ကိုအောင်ဆန်းနှင့်
ကျောင်းနေစဉ်က လုပ်ဖော်ကိုင်ဘက်ဖြစ်ကြောင်း စသည်ဖြင့် အရှည်ကြီးပြောပြပြီးလျှင်
သူက ကိုအောင်ဆန်း အပေါ် ကတိဖျက်မည်မဟုတ်ကြောင်း ထပ်မံကတိပေးပါသည်။ ကိုအောင်ဆန်းက
``ဒီကိစ္စဟာ ကျောင်းသား အရေးကိစ္စဖြစ်တယ်
ကျွန်တော်က ကျောင်းသားတွေရဲ့ ခေါင်းဆောင်ဖြစ်တယ် ခင်ဗျားအခုပေးတဲ့ ကတိဖျက်ရင် ကျွန်တော့်အနေနဲ့
ဒီကျောင်းသားတွေအပေါ် သစ္စာဖောက်ရာရောက်မယ်။ ကျွန်တော့်အကြောင်း လည်းအသိသားပဲ
ခင်ဗျားကတိပျက်ရင် ကျွန်တော်ကတော့ခင်ဗျားအပေါ် ကမ္ဘာကျေတောင် မကျေနိုင်ဘူး။ ခင်ဗျား
ကတိအတိုင်းမတည်ဘူး လို့သိရတာနဲ့ တပြိုက်နဲ့ ခင်ဗျားဟာ ကတိဖျက်သူတစ်ယောက်အနေနဲ့
တိုင်းပြည်ကို ကြေညာရမယ်။ ဟုတဇွတ်ထိုးပြောပါတော့သည်။ ဦးတင့်ဆွေက
``ဒီလိုမဟုတ်ပါဘူးဗျာ ကျွန်တော်ကတိ တည်ပါတယ် မဟုတ်တာဗျာ မလုပ်ဝံ့ပါဘူးဗျာ ``ဟု စုတ်တသတ်သတ်
ရင်တမမနှင့် ပြော၍ မဆုံး။ သပိတ်လှန်မည်ကို သိရှိသောဦးတင့်ဆွေခမျာမှာ ကျေးဇူးတင်၍ လားမသိ
ကျွန်တော်တို့အားလုံးကို ခေါက်ဆွဲတွေကြွေး ကော်ဖီတွေ တိုက်လိုက်သည်။ ခေါင်းအတော်အေးသွား၍
ကျေးဇူးတင်ပုံရပါသည်။ ကျွန်တော့မှာ ခေါက်ဆွဲနှင့် ကော်ဖီသောက်မီမှာပင် ရင်ပူလှ၍ ရေဖန်ခွက်တစ်ခွက်
တောင်းသောက်ရသေး၏။ ကျွန်တော်ရင်ပူ ရခြင်းမှာ ဦးတင့်ဆွေအတွက်
တွေး၍တွေး၍ ရင်ပူရခြင်းသာ ဖြစ်ပါသည်။
ခေါက်ဆွဲစားပြီး ကျွန်တော်က ဦးတင့်ဆွေကို ယခုကျောင်းသားများနှင့်
အတူကျောင်းသို့ပြန်လာမည် ပြော၍ ကိုအောင်ဆန်းနှင့်အတူ
သပိတ်စခန်းသို့ပြန်လာခဲ့ပါသည်။
ဘုရားသို့ရောက်လျှင် မျှော်တလင့်လင့် ဖြင့်စောင့်နေကြသော ကျောင်းသားများကို
ကိုအောင်ဆန်းက စုဝေးခိုင်းစေပြီး သပိတ်ကိစ္စပြီးပြီ ဖြစ်ကြောင်း ကျောင်းအုပ်ကြီးက
ကျောင်းသားများ၏ တောင်းဆိုချက်အတိုင်း ဆရာများကို အရေးယူပေးမည်ဟု ကတိပေးကြောင်း
ဦးတင့်ဆွေက သက်ဆိုင်ရာဆရာများ အားလုံးကို အရေးယူမည်ဖြစ်၍ ကျောင်းသားများ အားလုံး
ကျောင်းပြန်ဝင်ကြရမည်ဖြစ်ကြောင်း
ယခုကိစ္စမှာ မိမိက ဦးတင့်ဆွေကို အာမခံကြောင်း မိမိကို ကျောင်းသားအားလုံးက ယုံကြည်စေလိုကြောင်း
ကျောင်းသားများတောင်းဆိုချက်အတိုင်း
မအောင်မြင်မည့် ကိစ္စဆိုလျှင် မိမိကတိပြုမည်မဟုတ်ကြောင်း ၊ ယခုကိစ္စမှာ
ကျောင်းသားများတောင်းဆိုချက်အတိုင်း အားလုံး ဖြစ်လာနိုင်မည်ဟု
မိမိယုံကြည်သောကြောင့် တာဝန်ယူကြောင်း စသည်ဖြင့် ရှင်းလင်းပြောကြားပါသည်။ထိုသို့
ရှင်းလင်းပြောပြပြီးလျှင် ပြီးချင်း သူ၏ရှေ့တည့်တည့်မှ လိုက်၍
လက်ရေးတိုဖြင့်ရေးနေသော ရဲစုံထောက်အား
``ကဲ ကျွန်တော် ညနေရထားနဲ့
ရန်ကုန်ပြန်မယ်ဗျို့ ဆရာကြီး ``ဟု
ရယ်သွမ်းသွေးသလိုပြော၍ နိဂုံးချုပ် လိုက်ပါသည်။ ရဲစုံထောက်ခမျာမှာလည်း အံ့အားသင့်၍
ထိုင်ရမလို ထရမလို ဖြစ်၍ ကျန်ခဲ့ပါသည်။
ကျောင်းသားများကို ဘတ်စ်ကားပေါ် အားလုံးတတ်စေပြီး
ကျွန်တော်တို့က ရှေ့ဆောင်၍ နော်မန်ကျောင်းသို့ ဝင်လာခဲ့၏ ။
ကျောင်းသားများအားလုံးကို ဘတ်စ်ကားပေါ်မှ ဆင်းစေ၍ တစ်နေရာတည်းတွင် စုဝေးထားစေပါသည်။
ကျောင်းအုပ်ကြီး ဦးတင့်ဆွေက ``ကျွန်တော်ဟာ ကျောင်းသားများရဲ့
တောင်းဆိုချက်အတိုင်း လုပ်ဆောင်ပါ့မယ်လို့ မြန်မာပြည်လုံးဆိုင်ရာ ကျောင်းသားများ
သမဂ္ဂဥက္ကဋ္ဌ ကိုအောင်ဆန်းကို ကတိပြုပြီးဖြစ်ပါတယ်။ ကျွန်တော်ထားတဲ့ကတိအတိုင်းတည်ေ အာင်
ဆောင်ရွက်မည့်အကြောင်းထပ်လောင်း ပြီး ကိုအောင်ဆန်းရှေ့မှာ ပြောပါတယ်``
ဟုပြောကြားပါသည်။ ထို့နောက် ကျောင်းသားများအားလုံးလူစုခြွဲ ပီး သပိတ်ကိစ္စပြီးသဖြင့် ကျွန်တော်တို့သည်
ကျောင်းသားအားလုံး ကိုနှုတ်ဆက်၍ ဥပစာကောလိပ်ကျောင်းသို့ ပြန်ခဲ့ကြလေသည်။ ကိုအောင်ဆန်းကို ဘယ်များသွားချင်သေးသလဲ ဟုမေးရာ ဘယ်မှ မသွားလိုကြောင်း
ညနေမီးရထားကို ပို့ရန်သာပြောပါသည်။
နေ့လည်စာကို
ကျောင်းမှာပင်စား၍ ခေတ္တအိပ်ကြပါသည်။ ညနေ ၃ နာရီတွင် ဘူတာရုံသို့သွား၍ ကိုအောင်ဆန်းအတွက် ဒုတိယတန်းမှ
လက်မှတ်ဝယ်၍ ထည့်ပေးလိုက်ပါသည်။ မီးရထားထွက်ကာနီးတွင် လမ်း၌သုံးရန် ငွေတစ်ဆယ်တန် စက္ကူတစ်ချပ်ကို
ကျွန်တော်က ထုတ်ပေးမည်ပြုရာ သူကလက်ကာ၍ သူ့အိပ်ထဲမှ
ကိုဘဟိန်းပေးလိုက်သော ငွေ ငါးကျပ်ကို ထုတ်ပြပါသည်။ မီးရထားလည်းထွက်ရန် ဥသြ မှုတ်နေပြီ
ဖြစ်၏။ ကိုအောင်ဆန်းစီးသွားသော ဒုတိယတန်း တွဲထဲတွင် အထက်တန်းလွှာမှဟု ထင်ရသော ချောမောလှပသည့်
မိန်းမပျိုတစ်ဦး ရောက်ရှိနေသည်ကို ကျွန်တော်တို့ သတိထားမိပါသည်။ မိန်းကလေး၏ မိခင်ကြီးက
ကိုအောင်ဆန်းကို မှာနေသည်ကို တွေ့ရ၏။ မည်သည့်ကိစ္စ မှာကြားနေသည်ကိုကား မသိပါ။ ကိုအောင်ဆန်းကား
သူ၏ထုံးစံအတိုင်း ခေါင်းကိုသာညိမ့်နေ၏။ စကားပြန်၍မပြော။ အဒေါ်ကြီးက သူ့သမီးကို စောင့်ရှောက်ရန်မှာနေဟန်
တူပါသည်။ ကိုအောင်ဆန်းက တာဝန်ယူမည့်ဟန်အနေဖြင့် ခေါင်းညိမ့်နေတာလား ကျွန်တော်တော့မပြောတတ်ပါ။
နိုင်ငံရေးမှအပ ဘာကိုမျှ စိတ်မဝင်စားသော သူ့လိုလူကို
အားကိုးတကြီး မှာကြားနေခြင်းမှာ နွား၏ဦးချိုတွင် ဆီညှစ်သကဲ့သို့သာ ဖြစ်မည်ကို ထိုအဒေါ်ကြီး
သိရှိပုံမရပါ။
မီးရထားလည်း
ထွက်စပြုသဖြင့် အဒေါ်ကြီးလည်း ရထားပေါ်ကအဆင်း
ကျွန်တော်လည်း အသွင်မတူ သော ထိုခရီးသည်နှစ်ဦး၏ တစ်ညတာ ခရီးစဉ်ကို စဉ်းစားရင်း သက်ပြင်းချမိပါတော့သည်။
သူ၏ ရိုးသားဖြောင့်မတ်၍ ဘွင်းဘွင်းရှင်းရှင်းစိတ်ထားကို ကျွန်တော်တို့ ယနေ့တိုင် မေ့ပျောက်၍
မရနိုင်သေးပါ။
ဇေယျာစိုး
ရွှင်လန်းချမ်းမြေ့ကြပါစေ။
ကိုစိုးနိုင်
No comments:
Post a Comment