ပေါက်တတ်ကရပုံပြင်
(၇)
တစ်ခါတုန်းက ကရင်မုဆိုးကြီးတစ်ယောက်ရှိတယ်။ မုဆိုးကြီးဟာ သားကောင်တွေ ရရင် အသားတွေ အခြောက်လှမ်း၊ တောထဲက ဆေးဖက်ဝင်သစ်ဥ သစ်ဖုတွေလည်း တူး။ တန်ဖိုးကြီးရတတ်တဲ့ ကျားသားရေ တွေ ပြောင်ချိုတွေဆိုရင်လည်း ဈေးကောင်းရအောင် ကိုယ်တိုင် မြို့တတ်ပြီးရောင်းတယ်။ ပြောရရင် မုဆိုးလူလည်ဆိုပါတော့။
အဲဒီမုဆိုးကြီးဟာ မြို့တတ်ပြီး ငွေတွေအများကြီးရတော့ ယောကျာင်္းသဘာဝ အပျော်ရှာ တယ်ပေါ့။ ဇိမ်အိမ် ရောက်တော့ သူ့မှာပါတဲ့ငွေတွေ ပြပြီး အပျော်မယ်နဲ့ နေဘို့ လုပ်တယ်။ အပျော်မယ်ဟာ မုဆိုးကြီးမှာပါတဲ့ ငွေတွေကိုမြင်ပြီး ဒီငွေတွေ သူ့အတွက် ဘောက်ဆူး ကောင်းကောင်း လိုချင်တော့ လိုအပ်တာထက်ပိုပြီး အပိုစကားတွေ ပြောတယ်ပေါ့။ ကောင်းတယ်ဆိုတာလည်း ထပ်တလဲလဲပါမယ် ထင်တယ်။ ဒါမှ ကရင်မုဆိုးကြီးက သဘောကျမယ် ပြီးတော့ မုန့်ဖိုးဘောက်ဆူးများများပေးမယ် လို့မျှော်လင့်ထားတယ်။
ဒီလိုနဲ့ မုဆိုးကြီးလည်း အချိန်တန် ပြန်မယ်လုပ်တော့ အပျော်မယ်ကို အပိုဘောက်ဆူး တစ်ကျပ်မှ မပေးပဲ ပြန်ဖို့ပြင်တဲ့အခါ ကောင်မလေးက တောင်းတယ်။
ဒီတော့ မုဆိုးကြီးက ပြန်ပြောတဲ့စကားကြောင့် အပျော်မယ်ကောင်မလေး ပါးစပ်အဟောင်းသားနဲ့ ကျန်ခဲ့တယ်။ မုဆိုးကြီးပြောတာက--`` ဝေး ------ နီလဲ ကောင်း ငါလဲကောင်း ဘာလို့ပိုက်ဆံတောင်း `` တဲ့။ ။
တိန်------
No comments:
Post a Comment