ဘဝမှာ လွတ်လပ်ခြင်း၊ ပျော်မွေ့ခြင်း၊ ကိုယ်စိတ်ချမ်းသာခြင်း နဲ့ ပြည့်စုံချင်ရင် ဘာကိုမှ သွားပြီး မငြိတွယ်နဲ့။ အားလုံးရဲ့ အနှောင်အဖွဲ့က လွတ်အောင်နေ။
ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ် ဗိုလ်ချုပ်အောင်ဆန်း
Thursday, March 29, 2012
ကျေးဇူးပါအမေ(ကဗျာ)
ကျေးဇူးပါ အမေ--
ဒီလောက ထဲမှာ--
ကျွန်တော့ကို မွေးဖွားပေးခဲ့တာ--
ကျေးဇူးပါ အမေ ။ ။
ဥာဏ်တရား တွေပွင့်ဖို့အတွက်
ပညာအမွေ ပေးခဲ့တာ
ကျေးဇူးပါ အမေ။ ။
``လူ့အောက်ကျို့လို့ လူပိသေတဲ့မသာမရှိဘူး``တဲ့
မာနကို ခဝါချ
ကိုယ့်ကိုယ်ကို နှိမ့်ချပြီး
နေတတ်အောင် သင်ပေးခဲ့တာ
ကျေးဇူးပါ အမေ။ ။
``စားလို့မမွဲဘူး ကြွားလို့မွဲမယ်`` တဲ့
ဘဝအနေတင့်စေဖို့
ကိုယ်တွေ့တွေ နမူနာပြ ဆိုဆုံးမခဲ့တာ
ကျေးဇူးပါ အမေ။ ။
``ကြီးတဲ့လူကို ရိုသေ
ရွယ်တူဆိုလေးစား
ငယ်နေရင်တော့ သနား``တဲ့
စာမတတ်ပေမယ့်
ဘဝတက္ကသိုလ်မှာ
အမေကြုံခဲ့တာတွေကို
မေတ္တာ နဲ့သင်ကြားခဲ့တာ
ကျေးဇူးပါ အမေ။ ။
ကွယ်လွန်သွားပြီဖြစ်သော မိခင်သို့---
ကိုစိုးနိုင်
Labels:
ကဗျာများ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment