ပေါက်တတ်ကရပုံပြင်
(၂)
မဟာယောင်္ကျားဝါဒ။
ဟိုး-- အရင်တုန်းက
ယောင်္ကျားတွေဟာ
မိန်းမတစ်ယောက်ရဲ့
တန်ဖိုးစစ်စစ်
အပျိုစင် အဖြစ်နဲ့ချစ်ချင်တယ်-------
ခုခောတ်တော့များ
အားလုံးမဟုတ်သော်ငြားလည်း----
တစ်ချို့မိန်းကလေးတွေ
Living together နဲ့နေကြ
တရားဝင် မင်္ဂလာမဆောင်ပဲ
ကိုယ်ဝန်မလွယ်ရသေးသမျှ
ကျုပ်တို့မှာ------------
အပျိုလို့သတ်မှတ်နေရတယ်။ ။
ပေါက်တတ်ကရ
ပုံပြင်။
ညီလေး ညီမလေးတို့ရေ--
အကိုပေါက်တတ်ကရပုံပြင်တစ်ပုဒ်ပြောပြမယ်။ တစ်ခါတုန်းက စစ်တပ်မှာ အရာရှိ လူပျိုကြီးတစ်ယောက်ရှိတယ်ကွဲ့။
သူကရန်ကုန်သား။ ရုပ်ချော သဘောကောင်း ပစ္စည်းဥစ္စာလဲပြည့်စုံ ရာထူးကလည်း ကြီးဆိုတော့ သူ့ဘေးမှာ
သူ့ကိုလိုချင်တဲ့ ဖလန်းဖလန်း မဒန်းမလေးတွေ ပေါမှပေါပေါ့။ ဒါပေမယ့်သူက မဟာယောင်္ကျားဝါဒ
သမားလေ ။ သူ့မှာအရာရာပြည့်စုံတယ်။ ဒီတော့ သူအိမ်ထောင်ပြုရင် အပျိုစင် စစ်စစ်ကိုပဲလိုချင်တယ်။
အခုခေတ်က ဆိုရှယ်သိပ်ကျတော့ နိုက်ကလပ်တွေ ဟိုတယ်တွေမှာ ခုခောတ် မြို့ကြီးသူ မိန်းမပျိုလေးတွေကို
ဘယ်သူ့ကိုမှ သူမယုံဘူးလေ။ ဒီလိုနဲ့ စောင့်ရင်းရွေးရင်း လူပျိုကြီးဖြစ်နေတော့တာပေါ့။
ဒီလိုနဲ့
သူလည်း နယ်စပ်မှာ တာဝန်ထမ်းဆောင်ရင်း အလွန်လှပချောမောတဲ့ တိုင်းရင်းသူပျိုမေဖြူလေးကို
တွေ့တဲ့အခါ သူအရမ်းကိုချစ်မြတ်နိုးသွားတယ်။ အသက်ကလည်း အပျိုဖော်ဝင်စ ၁၉ နှစ်သာဆိုတယ်
နုပျိုထွား လွန်းလို့ တစ်သက်လုံးထိမ်းလာသမျှ သိက္ခာတွေ မစောင့်နိုင်တော့ပဲ လူကြီးစုံရာနဲ့
တောင်းရမ်းတယ်။ ကောင်မလေးကလည်း ဗိုလ်ကြီး ဗိုလ်ကြီး
ဆိုပြီးသိပ်ချစ်တာတဲ့။ ဘယ်လောက်တောင် ရိုးအ လဲဆိုရင် မင်္ဂလာဆောင်တယ်ဆိုတာတောင် သူ့ခမျာ မကြားဖူးတဲ့အထူးအဆန်းစကားဖြစ်နေတယ်။
ဒါနဲ့ ခွင့်မြန်မြန်တင်
--ရန်ကုန်က မိဘတွေဆီကိုခေါ်လာ--- ခမ်းခမ်းနားနား
နဲ့ မင်္ဂလာဆောင်မယ်။ မိဘတွေကလည်း သူတို့ သားမိန်းမယူလို့
အလွန်ကိုဝမ်းသာတာပေါ့။ စေ့စပ်ပွဲအရင်လုပ်တယ်။ စည်ကားသိုက်မြိုက်စွာနဲ့ပေါ့။ သူ့ကောင်မလေးကမေးတယ်``ဗိုလ်ကြီး ဗိုလ်ကြီး
မင်္ဂလာဆောင်တယ်ဆိုတာ ဒါကိုပြောတာလား`` တဲ့ ။ ဗိုလ်ကြီးက မဟုတ်သေးဘူး``လို့သူ့အကြံနဲ့သူ တွေးပြီးငြင်းတယ်။
မင်္ဂလာဦးည မရောက်မချင်း ဗိုလ်ကြီးက သူ့ကောင်မလေးကို လက်ဖျားနဲ့တောင်တို့ပြီးအခွင့်အရေးမယူဘူးနော်- -အဲဒါလည်း မဟာယောင်္ကျားဝါဒပဲဗျ။ နောက်မကြာခင် မင်္ဂလာပွဲကြီးခြိမ့်ခြိမ့်သဲ ကျင်းပပါလေရော။ ကောင်မလေးကလည်း အထူးအဆန်းတွေဖြစ်နေတာပေါ့။. သူတို့ရွာမှာတစ်ခါမှ
မတွေ့ဘူးတာကိုး။ လှလိုက်တာလည်း မြို့သူတွေတောင်ငေးလောက်လို့
လူတိုင်းချီးကျူးကြတယ်။ ဗိုလ်ကြီးကလည်း ဟီးး
ဟီးး နဲ့ ပျော်နေတယ်။ ကောင်မလေးက ကပ်ပြီးမေးတယ် ``ဗိုလ်ကြီး ဗိုလ်ကြီး
ဒါမင်္ဂလာဆောင်တာလား`` တဲ့။ ဗိုလ်ကြီးကလည်း အကြံနဲ့ မဟုတ်သေးဘူးလို့ပဲ ငြင်းတယ်။
ဒီလိုနဲ့
မင်္ဂလာဦးညရောက်လာတယ်။ အပြာရောင်မီးမှိန်မှိန်လေးအောက်မှာ
---နူးညံ့တဲ့ မွေ့ယာကြီးအပေါ်မှာ---ဗိုလ်ကြီးနဲ့ အလွန်ချောလှတဲ့ ယမင်းပျိုလေး-----------------------------
-----------------------------------
--------------------------
ဗိုလ်ကြီးကပြောတယ် --မောနေတဲ့ လေသံကြီးနဲ့
-----
``မင်္ဂလာဆောင်တယ်ဆိုတာ ဒါပဲ``တဲ့။
ကောင်မလေးက
ပြန်ပြောတဲ့စကားကြောင့် ဗိုလ်ကြီးကို ညတွင်းချင်းဆေးရုံပို့လိုက်ရတယ်။
`` အော် ဒါနဲ့များ စောစောကပြောရောပေါ့ ဗိုလ်ကြီးရယ်
ကျွန်မတို့ရွာမှာ ဒါမျိုးတွေ ရိုးနေပြီ ``
တဲ့။
ညီလေးတို့လဲ
ဗိုလ်ကြီးမဖြစ်စေနဲ့နှော ။ ရွေးတော့ရွေးပေါ့ ။ ပုံသေမတွက်ဖို့ပါ။
ကိုစိုးနိုင်
No comments:
Post a Comment