ထာဝရ အမှန်တရား ။။။။။။။။။။။။
ပျိုမြစ်နုနယ် လှသွေးကြွယ်လည်း
ဇရာနောက်ဆုံး အိုမင်းကုန်းမည်
မလွဲ ဧကန် ဧဝတည်း။
ဥစ္စာ စီးပွား လွန်ပြည့်များလည်း
သေသောအခါ ကိုယ်ဗလာနှင့်
ထွက်ခွာရမည်
မလွဲ ဧကန်ဧဝတည်း။
ပညာဂုဏ်ဓန ပြီးပြည့်ဝလည်း
မာနထောင်လွှမ်း အမြင်မကန်းနှင့်
သေသောအခါ ကှုခန္ဒာဌ်
ပညာဂုဏ်များ ပါမသွားသည်
မလွဲ ဧကန် ဧဝတည်း။
လူ့ပြည်ရောက်လာ ကှုအခါဝယ်
မေတ္တာ သည်သာ မွှေးပျံ့ စွာဖြင့်
သံသရာအဆုံး သယ်ယူသုံး လော့ -----
ဂရုဏာ သည်သာ ကြည်လင်စွာဖြင့်
သံသရာအဆုံး သယ်ယူသုံး လော့ -----
မုဒိတာ သည်သာ ဘေးကင်းစွာဖြင့်
သံသရာ အဆုံး သယ်ယူသုံးလော့ -----
ဥပေက္ခာ သည်သာ မှန်ကန်စွာဖြင့်
သံသရာ အဆုံး သယ်ယူသုံးလော့ ----
မေတ္တာ ဂရုဏာ မုဒိတာသည်
သံသရာခရီး လမ်းကြမ်းကြီးဝယ်
တူယှဉ်သွားကာ ဖော်သဟာသို့
မလွဲ မှန်စွာ စောင့်ရှောက်ပါသည်
ဗုဒ္ဒဟောကြား မြတ်တရားတည်း။ ။
ရွှင်လန်းချမ်းမြေ့ ကြပါစေ----
ကိုစိုးနိုင် (မောင်ကိုဦး -ကံ့ကော် )
No comments:
Post a Comment