ဆင်းတုတော် စေတီတော်တို့ကို ရှိခိုးပူဇော်တာနဲ့ပတ်သတ်ပြီး အခြားဘာသာဝင်တွေက အယူသီးတဲ့ဘာသာ
ဥာဏ်ပညာနည်းတဲ့ဘာသာ ရုပ်ထုကိုးကွယ်တဲ့ဘာသာ လို့ဝေဖန်ကြပါတယ်။ ခင်ဗျားရဲ့ အမြင်ကိုသိချင်ပါတယ်။
ဟုတ်ကဲ့။ နံရံမှာချိတ်ထားတဲ့ ကွယ်လွန်သွားပြီဖြစ်တဲ့ မိဘတွေရဲ့ဓါတ်ပုံကို တွေ့ရတဲ့အခါ
လူ့လောကမှာ မရှိတော့ပေမယ့် သတိရပြီး
ငယ်ငယ်တုန်းက ကိုယ့်အပေါ် ချစ်ခဲ့တာတွေ အလိုလိုက်ခဲ့တာတွေ ကျွေးမွေးပြုစုခဲ့တာတွေ ပညာသင်ပေးခဲ့တာတွေကို သတိရကာ ကျေးဇူးရှင် မိခင် ဖခင်တို့ကို ရည်စူးပြီး ရှိခိုးပူဇော်ရင် ကဲ့ရဲ့စရာ ပြစ်တင်ဝေဖန်စရာ ရှိမှာမဟုတ်ပါဘူး။
ဆင်းတုတော် စေတီတော်တို့ကို ရှိခိုးပူဇော်ရာမှာလည်း အလားတူပဲ
သံသရာရဲ့ ကျေးဇူးရှင် ဖြစ်ပြီး ကျေးဇူးကြီးမားလှတဲ့ မေတ္တာရှင်
အနန္တကျေးဇူးရှင် ဂုဏ်တော် တန်ခိုးတော်
မေတ္တာတော်တို့ကို သတိရပြီး ဦးညွှတ်ရှိခိုးပူဇော်ကြရင် အပြစ်တင်စရာ
ကဲ့ရဲ့စရာ ဝေဖန်စရာ ရှိမှာမဟုတ်ပါဘူး။
ဒါဆိုရင်ဘယ်လို
ရှိခိုးပူဇော်ရင် ကဲ့ရဲ့စရာဖြစ်စေတာလဲ။
ဒီဆင်းတုတော်ကို ပူဇော်ရင် လာဒ်လာဘပွင့်စေတယ်။ ငွေဝင်တယ် ။
ကျမ်းမာရေးကောင်းတယ်.။ ဘေးအန္တရာယ်ကင်းတယ်
။ တန်ခိုးပြတယ် စတဲ့ လိုချင်မှုလောဘကို ပိုရု် ပွားစေခြင်း
ကြောက်ရွံ့မှုအတွက် မှားယွင်းစွာအားကိုးခြင်း တို့ကိုဖြစ်ပေါ်စေကာ ကိုးကွယ်ဆည်းကပ် ပူဇော်မယ်ဆိုရင်တော့ကဲ့ရဲ့စရာ
ပြစ်တင်စရာ ဝေဖန်စရာ ဖြစ်စေပြီး ဘုရားရှင်ကိုယ်တိုင် ဒီလိုကိုးကွယ်ပူဇော်တာကို အားမပေး လက်မခံခဲ့ပါဘူး။
ဗုဒ္ဓကိုယ်တိုင် လက်မခံခဲ့ဘူးလို့ခင်ဗျားကဆိုတယ် ။ ဘာကြောင့်ပြောနိုင်သလဲ။
ဗုဒ္ဓဘုရားရှင် သက်ရှိထင်ရှားရှိစဉ်အခါက ဝက္ကလိအမည်ရှိတဲ့ ရဟန်းတစ်ပါးဟာ ဗုဒ္ဓဘုရားရှင် ကိုကြည်ညိုလွန်းတာကြောင့် ဗုဒ္ဓဘုရားရဲ့ မျက်နှာတော်ကို မျက်တောင်မခတ်ပဲ တစ်နေကုန် ကြည်ညို ပူဇော်လေ့ရှိတယ်တဲ့။
ဒီတော့ ဗုဒ္ဓမြတ်စွာဘုရားက --
``ချစ်သား
ဒီအသုဘ ခန္ဓာကို ဖူးမြော်ကြည်ညိုယုံနဲ့ ကိလေသာတို့ကင်းငြိမ်းရာ နိဗ္ဗာန်ကို မျက်မှောက်ပြုရန် အကြောင်းရင်းတစ်စုံတရာ ရမည်မဟုတ် ငါဘုရား ဟောကြားဆုံးမခဲ့သော တရားတို့ကို လိုက်နာ အားထုတ်ကျင့်ကြံပါလို့ အကြိမ်ကြိမ် ဆုံးမရသတဲ့။ ဆုံးမလို့မရတဲ့အဆုံးမှာတော့ အဲဒီရဟန်းကို ကျောင်းကနှင်ထုတ်လိုက်ရတယ်။
နောက်အချက်တစ်ခုက မြတ်စွာဘုရား သက်တော် ၈၀ ဝါတော် ၄၅ ဝါမြောက်မှာ ပရိနိဗ္ဗာန်စံဝင်ခါနီး မြတ်စွာဘုရားရဲ့အနားမှာ ရဟန်းများ ဝတ်ကြီးဝတ်ငယ်ပြုစုလုပ်ကြွေြး ကတယ်။ အဲဒီရဟန်းတွေထဲမှာ ရဟန်းတစ်ပါး မပါတာကို သတိထားမိသွားတယ်။ အခုလိုမြတ်စွာဘုရားနာမကျန်းဖြစ် လို့
နောက်ဆုံးအချိန်မှာ တကယ်ဆိုရင် မြတ်စွာဘုရားနဲ့ရင်းနီးကျွမ်း ဝင်တဲ့ အဲဒီရဟန်းဟာ လာရောက်ပြုစုသင့်တယ် လို့ဝေဖန်အပြစ်တင်နေကြတယ်။
တကယ်တော့ အဲဒီရဟန်းဟာ မပြုစုချင်လို့မဟုတ်ဘူး။ မြတ်စွာဘုရား ပရိနိဗ္ဗာန်မစံမီ ရဟန်းကိစ္စပြီးအောင်အားထုတ်ပြီး ဖူးမြော်ချင်လို့
ပါ။ ရဟန်းကိစ္စပြီးတော့ မြတ်စွာဘုရားဆီကို ဝင်ပြီး ပြုစုပါတယ်။ ဒီတော့မြတ်စွာဘုရားက
အဘယ်ကြောင့် ခုမှ လာရောက်ရပါသလဲလို့မေးတယ်။
အကျိုးအကြောင်းကိုပြန်လည်လျှော က်တော့ ရဟန်းအားလုံးရဲ့ရှေ့မှာ
ချီးမွမ်းတော်မူတယ်။ ဒါက ဘာကိုဆိုလိုတာလဲဆိုရင် မြတ်စွာဘုရားဟာ သက်ရှိထင်ရှား ရှိကတဲက သူ့ထက်
သူဟောပြောဆုံးမလမ်းညွှန်တဲ့ တရားတော်တွေကို တန်ဘိုးထားတာပြတာပဲ။ ယူဇနာထောင်သောင်းဝေးတဲ့
အရပ်မှာနေသူဖြစ်စေ ငါဘုရားရဲ့ တရားတော်တွေကို
သိမြင်ရင် ငါ့ကိုတွေ့တာပဲ။ တစ်သက်လုံး ဖဝါးမကွာ ပြုစုသူဖြစ်စေ ငါ့တရားတော်တို့ကို မသိမြင်ရင်
ယူဇနာထောင်သောင်းဝေးသူ ပဲ--- လို့ဟောတာကိုပဲကြည့်ပါ။
ရန်ကုန်မြို့က ရွှေတန်ချိန်ပေါင်းများစွာ ပူဇော်ထားတဲ့ ရွှေတိဂုံဘုရား
။ ဘုရားပူဇော်ငွေဖြစ်တဲ့ တစ်လောကထုတ်ပြန်တဲ့ ကုဋေ ခြောက်ထောင်ကျော်တဲ့ငွေကြေးတွေ။ ရတနာတွေ။
မန္တလေးက မဟာမြတ်မုနိ ရုပ်ပွားတော် အင်းလေးဖောင်တော်ဦးလို ဆင်းတုတော်ပုံတောင် မပေါ်တော့တဲ့
ရွှေပူဇော်ထားတာတွေကို ခင်ဗျားဘယ်လိုမြင်လဲ။
ခင်ဗျားက ကျွန်တော့်ကို ဗုဒ္ဓဘာသာဝင်တွေရဲ့ အပြင်ဘက်ကိုရောက်အောင် ကလော်ထုတ်နေတာလား။ ဗုဒ္ဓဘာသာဝင်တွေဟာ ဆင်းတုတော်တွေကို ဆွမ်း ရေချမ်း ဆီမီး ပန်း စတာတွေ
ကပ်လှုပူဇော်တာနဲ့တင် အားမရနိုင်ပဲ
လောကီ ပုထုဇဉ်လူသားတွေတန်းဘိုးထား သတ်မှတ်ထားတဲ့ ရွှေ ငွေ ကျောက်သံပတ္တမြား စတာတွေ ကိုလည်း ကပ်လှုပူဇော်ကြပါတယ်။
သဒ္ဓါတရား ရဲ့သက်သေအဖြစ်ပဲမြင်ပါတယ်။ ဒါမှမဟုတ် မြတ်စွာဘုရားကိုလှုတာ အမြင့်မြတ်ဆုံးလို့ ခံယူထားလို့လည်းဖြစ်နိုင်တယ်။ လှုသင့် မလှုသင့်တော့
ကိုယ့်ခံယူချက်နဲ့ကိုယ် ဆုံးဖြစ်ကြစေလိုတယ်။ ကျွန်တော်ဥပမာ တစ်ခုပေးကြည့်မယ်။
သီလ။ သမာဓိ ။ ပညာ နဲ့ပြည့်စုံတဲ့ ဗုဒ္ဓရဲ့သားတော် ထေရဝါဒရဟန်းတစ်ပါးကို ဂျင်းဘောင်းဘီ ဟန်းချိန်း ဆွဲကြိုး
စတာတွေ လှုရင်သင့်တော်ပါ့မလား( မအပ်စပ်ပါ)
လောကီစိတ်တွေကုန်ပြီး သီလရှင်ဝတ်သွားတဲ့ သီလ သမာဓိနဲ့ပြည့်စုံတဲ့ သီလရှင် ဘိက္ခူနီကို မိတ်ကပ်
လက်သည်းဆိုးဆေး မှန် ဘီး စသဖြင့် လှုသင့်လား။ (မအပ်စပ်ပါ)
လောကီစီးစိမ်တို့ရဲ့ တွယ်မက်ညိတွယ်တတ်တဲ့ ကိလေသာကို အစဉ်မပြတ် ကပ်ညိမခံစေရန် ဆိုဆုံးမ ဟောပြောယုံသာမက
ကိုယ်ကိုယ်တိုင်လည်း ပရိက္ခရာ ၈ ပါးကဲ့သို့ တစ်ကိုယ်ရည် လိုအပ်သည့်အ၇ာ တို့ကိုသာ သုံးစွဲပြီးတရားအားထုတ်ရန် အဟောနဲ့ အလုပ် အသက်ထက်ဆုံး ကျင့်ကြံခဲ့တဲ့ ကျေးဇူးရှင်
ဗုဒ္ဓမြတ်စွာ ဘုရားကို လောကီအညစ်အကြေးတွေလို့ မြတ်ဘုရားသတ်မှတ်ထားတဲ့ ရွှေငွေ ဆိုတဲ့သတ္ထု
တွေနဲ့ ကပ်လှုပူဇော်သင့်သလား( စဉ်းစားစေချင်ပါသည်)
ဒါဆိုရင်
မြတ်ဗုဒ္ဓက ဘယ်လိုအလှုမျိုးကို အားပေးချီးမြှောက်မယ်ထင်လဲ။
ဗုဒ္ဓက အလှုနဲ့ပတ်သတ်ပြီး
ဟောကြားထားတာ အများကြီးမရှိပါဘူး။ သံသရာက လွတ်မြောက်မယ့် တရားတွေ ဟောကြားနေရလို့ပါ။
ခြောက်လုံး မက်လုံးတွေ ပေးပြီး ဒါနနဲ့ပတ်သတ်ပြီး
မဟောခဲ့ပါဘူး။ ဗုဒ္ဓအလိုကျမယ့် ဒါနတွေကတော့--
၁။ ဗုဒ္ဓရဲ့သားတော်
ရဟန်းတော်တို့ကို သာသနာပြုရာမှာ အထောက်အပံ့ဖြစ်စေသော ဆွမ်း ကျောင်း သင်္ကန်း
ဆေး များကို ထောက်ပံ့ လှုဒါန်းခြင်း။
(ဇိမ်ခံပစ္စည်းများ မအပ်စပ်ပါ) သို့ရာတွင် သာသနာပြုရာတွင် အထောက်အကူဖြစ်စေသော ယဉ် ကွန်ပြူတာ
ပရိုဂျက်တာ လှုဒါန်းပါက သာသနာပြန့် ပွားရေးအတွက်သုံးလျှင်
လှုသင့်ပါသည်။ သို့မဟုတ်ပဲဇိမ်ခံရန်သုံးနေပါက
မလှုသင့်ပါ။
၂။ လောကအတွင်း မပြည့်စုံ
ဆင်းရဲနွမ်းပါးနေသော သူများကို စေတနာဖြူစင်စွာဖြင့်
ပေးကမ်းချီးမြင့်ခြင်း။ (ထိုသူများသည် အချောင်ခိုစိတ် ပျင်းရိစိတ်
အခြားသော အ-ကုသိုလ်စိတ်များ ကြောင့် မဆင်းရဲသင့်ပါပဲ လက်ရှိပစ္စပ္ပန်ကံကြောင့် သာဆင်းရဲနေသည်ဟု ယူဆပါက ပေးကမ်းစွန့်ကြဲမှုမလုပ်သင့်ပါ။
လူမိုက်အားပေး အချောင်သမားဖြစ်ကာ ပတ်ဝန်းကျင် ပျက်စီးစေနိုင်သည်။ )( အကြင်ပုဂ္ဂိုလ်သည်
အထက်ဖော်ပြပါ စိတ်ထားများမရှိသော်လည်း ဘဝပေးအကျိုးတရားအရ ဒုက္ခိတဖြစ်နေခြင်း ရန်သူမျိုး ငါးပါး၏ ဒဏ်ကိုခံနေရခြင်း အနာရောဂါကြောင့် ဒုက္ခရောက်နေခြင်း စသဖြင့် အတိတ်
ကံအကြောင်းတရား တွေကြောင့်ဒုက္ခရောက် နေသူများကိုသာ ပေးကမ်း ကူညီ လှုဒန်းသင့်ပါတယ်။)
၃။ ရဟန်းပင်ဖြစ်သော်လည်း သီလမရှိခြင်း
အကျင့်သိက္ခာတို့သည် လူနှင့်မခြားပျော်ပါး စားသောက် လောင်းကစား ။ ဒကာ ဒကာမများနဲ့ ရုံးရုံး
ရုံးရုံး နှင့် တပူးတွဲတွဲ မကွဲမပြား ဒွေးရောယှက်တင် နေသောရဟန်းများ ။ ဇိမ်ခံပစ္စည်းများကို ခန္ဓာကိုယ် သက်သာ ညက်ညော ဇိမ်ကျစေရန် ခန္ဓာ၏ အလိုကို လိုက်လွန်းပြီး ထိုပစ္စည်းတို့ကို အလှုခံခြင်း သို့မဟုတ် အလှုခံဝတ္ထုငွေဖြင့် ကိုယ်တိုင်ဝယ်ယူသုံးစွဲခြင်း။
နှစ်လုံး သုံးလုံး ထိုးခြင်း ဟောခြင်း ကိုယ်တိုင်လောင်းကစားသောရဟန်းများဖြစ်ပါက မည်သည့်အ၇ာကိုမျှလှုဒါန်းရန်မသင့် ပါ။ အကယ်ရု်လှုဒါန်းပါက သာသနာပြုရာတွင် အကျိုးမပြုပဲ
သာသနာဖျက်ရာတွင်သာ အကျိုးပြုသဖြင့် ကုသိုလ်၏ ပြောင်းပြန် အ-ကုသိုလ်သာ ရပေလိမ့်မည်။
ဒါဆိုရင်
ခင်ဗျားယုံကြည်တာက အထိမ်းအမှတ် ရည်စူးရာသာဖြစ်တဲ့ ဆင်းတုတော်ကိုလည်း မအပ်စပ်တဲ့ ရွှေ ငွေမလှုနဲ့။ သီလ သမာဓိမရှိတဲ့ ရဟန်းပျက်ကိုလည်း ပစ္စည်းလေးပါး
မလှုနဲ့။ အဲဒီအစား သာသနာပြုတဲ့ သီလသမာဓိနဲ့ပြည့်စုံတဲ့ရဟန်း။ လူဆင်းရဲသား ဒုက္ခရောက်သူများကို လူသားချင်းစာနာစိတ်နဲ့လှု
ဒီလိုလား။
ပျော်ရွှင်ချမ်းမြေ့ကြပါစေ။။။။။။
No comments:
Post a Comment