ကမၻာၾကီးမွ
က်ဳပ္က ကမ ၻာၾကီးပါ -----
လူဦးရေသန်းခွန်နှစ်ထောင်မကလို့
သန်းရှစ်ထောင်ရှိနေပါစေ
စားရေး - ဝတ်ရေး - နေရေး အတွက်
က်ဴပ္ဆိုတဲ့ကမ ၻာၾကီးက
လုံလောက်စွာ ဖြည့်ဆီးပေးလျှက်ပါဘဲ ---
ဒါပေမယ့် --
ငါ ``ဆိုပြီးတော့ အတ္တကြီး
မပြည့်နိုင်တဲ့ `` လောဘအိုးကြီး``ထဲ
တစ်ဖက်သက်စုဆောင်းသိုဝှက်ပြီး
ကိုယ်ချင်းစာတရားတွေ ခေါင်းပါးနေမှတော့
ငတ်ပြတ်သေတဲ့ မသာ
နောင်-- ဒီ့ထက်တိုးလာဦးမှာဘဲ --
အဲဒါတွေ မျက်နှာလွှဲထားပြီး
ကျုပ်ကိုတော့ အပြစ်စကားမပြောနဲ့ --
ခင်ဗျားတို့ နှိပ်စက်လို့ ကျုပ်မသေနိုင်ပေမယ့်
ကျုပ် အခုနေမကောင်းဘူး --
ငလျှင်လှုပ်ပြီး
အရှင်မြှုတ်ပြလဲ -- ကြောက်ရမှန်းမသိဘူး
ဒီလှိုင်းတွေနဲ့ကုန်းပေါ်တတ်
ရေနှစ်သတ်လဲ -- အမှတ်မရှိကြဘူး
မီးတောင်တွေဖောက်ခွဲ
ငါးကျည်းခြောက်လိုဖုတ်ပြလဲ မလှုပ်ကြဘူး
တောမီးတွေလောင် သားကောင်တွေပြေး
လူတွေဘေးဖြစ်ကြလဲ
ဒုက္ခရဲ့အဖြေ တွေဝေနေတုန်း --
(ကျုပ် ခင်ဗျားတို့ကိုသတိပေးထားမယ်)
ခင်ဗျားတို့ကြောင့်ဖြစ်တဲ့ ကျုပ်ရဲ့ကျမ္မာရေးကို
ကောင်းအောင်ပြန်ကုပေးကြ--
မဟုတ်လို့ကတော့ --
ကျုပ် ကြက်သီးတစ်ချက် ထပြလိုက်ရုံနဲ့
ခင်ဗျားတို့ လူသားတွေအားလုံး
ရေတွေဖုန်းပြီး သေသွားစေနိုင်တာ
(ဒီအလုပ်က ကျုပ်အတွက်တော့)
မိုင်နာ minor ပါဘဲ--
မတူရင်မတုနဲ့
မကြမ်းချင်လို့ နုပြနေတာကို
ဟုတ်လှပြီဆိုရင်တော့------?????
written by ko soe naing
--ကမ္ဘာကြီး ကျမ္မာပါစေ
-- လူသားအားလုံး လောဘကိုထိမ်းချုပ်နိုင်ပါစေ
No comments:
Post a Comment