မြင်အောင်ကြည့် သိအောင်လုပ်
မျက်စိပါ မြင်မှာပေါ့
(မြင်ရုံတင်ရပ်ထား ဆက်မသွားနဲ့)
နား ပါ ကြားမှာပေါ့
(ကြားရုံတင်ရပ်ထား ဆက်မသွားနဲ့)
အရိုးမရှိတဲ့လျှာ ပါ အရသာသိတာပေါ့
(သိရုံတင်ရပ်ထား ဆက်မသွားနဲ့)
နှာခေါင်းလည်းရှိ အနံ့တွေသိတာပေါ့
(သိရုံတင်ရပ်ထား ဆက်မသွားနဲ့)
အရေပြားဖုံးတဲ့ခန္ဒာ ထိတွေ့တာသိတာပေါ့
(သိရုံတင်ရပ်ထား ဆက်မသွားနဲ့)
ကဲ ---- ဆက်သွားရင် ရော -----
လိုချင်ရင် လောဘ
မရရင် ဒေါကန်
အမှန်ကိုမမြင် မောဟလွင်ပြင်ထဲမှာ
ကူးခတ်ကာ လူးလျှက်သာလဲ မယ်
(ဘုရားလည်း မကယ်နိုင်ဘူး)
ကိုယ် ကိုယ်တိုင်ကြိုးစားထ
ကဲ -- လမ်းပြမယ်
မမြဲတာမှန်သမျှ ဒုက္ခသစ္စာ
စွဲမက်လာရင်တော့ သမုဒယ ပေါ့
ဆက်ပေတော့သံသရာ ခရီး ဘယ်မှာပြီးမှာလဲ
နိဗ္ဖာန် နဲ့နီးချင်ရင် သမုဒယမ၀င်နဲ့
သိရုံတင်ရပ်ထား ဆက်မသွားနဲ့
မဂွသစ္စာ နိဂြောဓသစ္စာ
နှလုံးသားမှာစွဲနစ်
ကျင့်ဖြစ်အောင်ကျင့်စမ်းပါ
အခုကျင့်ရင် အခုသိ
တွယ်ညိတဲ့စိတ်တွေဖြတ်
ဘာကိုမှဖက်တွယ်မထားနဲ့
(အသိလွယ် အကျင့်ခက်လို့)
မငြိတွယ်ရင့်ကျက်အောင်
ဝိပသ၁နာတရားကို
သတိကပ်လို့ပွား ။ ။
(၀ိပသ၁နာ ၊ ထိုရတနာကို ၊ သူ့နည်းငါ့နည်း ၊ မောင်ပိုင်စီးရု် ၊
ငြင်းခုံပြီးသာ ၊ လျှာရှည်ပါသော် ၊ လိုရာမရောက် ၊ ခရီးမပေါက်ဘဲ ၊
စာအုပ်ထဲမှာ ၊ လမ်းပျောက်ပါမည် ၊ ငြိမ်းချမ်းတည်ရာ ၊ နိဗ္ဖာန်ရွာကို
မှန်စွာလျှောက်ချင် ၊ ပုထုဇဉ်များ ၊ ခြောက်ပေါက်ဒွါရ ၀င်လာသမျှကို
သတိကပ်ကာ ထိမ်းသိမ်းပါလော့ ၊ ကှု်သို့ပြုလျှင် နိဗ္ဖန်မ၀င်တောင်
ယခုဘ၀ ငြိမ်းချမ်းကြမည် ၊ မလွဲ ဧကန်ဧ၀တည်း ၊၊ ။ )
No comments:
Post a Comment