ဘဝမှာ လွတ်လပ်ခြင်း၊ ပျော်မွေ့ခြင်း၊ ကိုယ်စိတ်ချမ်းသာခြင်း နဲ့ ပြည့်စုံချင်ရင် ဘာကိုမှ သွားပြီး မငြိတွယ်နဲ့။ အားလုံးရဲ့ အနှောင်အဖွဲ့က လွတ်အောင်နေ။
ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ် ဗိုလ်ချုပ်အောင်ဆန်း
Wednesday, March 28, 2012
ဝက္ကလိများ(ကဗျာ)
ဗုဒ္ဒ သက်ရှိထင်ရှားရှိစဉ်က
ဝက္ကလိ - - အမည်ရှိတဲ့ရဟန်းတစ်ပါး
ဗုဒ္ဒကို ကြည်ညိုလွန်း အားကြီးတာကြောင့်
မျက်တောင်မခတ် ကြည်ညို
မျက်နှာတော်ကို မဖူးရရင်
ဘ၀င်ညိုစိတ်နွမ်းလို့
နေ့ညမပြတ် ဗုဒ္ဒ ရဲ့မျက်နှာတော်ကို
ဖူးလျှက် ရှိသတဲ့ --
ဒီတော့ ဗုဒ္ဒက
ချစ်သား -- -- -- --
ဒီ -- အသုဘခန္ဒာကို
ကြည်ညိုသဒ္ဒါ ပွာရုံ နဲ့တော့
အားရ လို့ကျေနပ်ရင်
မင်းအတွက် အကျိုးမရှိ
ငါဟောသည့်တရား
ဥာဏ်ပိုင်းခြားပြီး ကြိုးထုတ်
တရား အလုပ်ကိုဘဲလုပ် ပါလို့
ဒီလို ဆုံးမလာသတဲ့ ---
ဒါပေမယ့် --
စစ်မှန်တဲ့ တရားကိုဘေးချိတ်
လောကီစိတ်နဲ့ ချစ်ခင်ထား
ဗုဒ္ဒ ဘုရားရဲ့ ဆုံးမစကားကို
မလိုက်နာလို့ နောက်ဆုံးတော့
အဲဒီ ရဟန်းကို
ကျောင်းတော်က နှင်ထုတ်သွား
ဥပေက္ခာ ထားလိုက်ရတာပေါ့ --
သြော် -- -- ခုခောတ်မှာတော့
၊၊ ဟိုမှာ ဗုဒ္ဒ ရုပ်ပွားတော်မြတ်
အလွန်တန်ခိုး ထက်သဟေ့
လာဟေ့ သူငယ်ချင်း
လာဒ် လာဘ ပွင့်ပြီး
ဘေးကင်း ရန်စွယ်
မီးကွင်းတယ်ဆို ဘဲ ၊၊
ရုတ်ရုတ်သဲသဲ ကိုးကွယ်ကြ
သြော် -- လွဲလိုက်တဲ့အယူဝါဒ
ဒုက္ခ ပါလားနော်
ဗုဒ္ဒသာ သက်ရှိထင်ရှားရှိရင်
သင်းတို့ရဲ့ အမှား
ဘယ်လိုများ ချေချွတ်
မကျွတ်လို့ကတော့
သာသနာ ရဲ့ပြင်ပ
နှင်ထုတ်ကြမလား မသိ
တွေးမိပြီး သံဝေဂရ
သြော် --- --
လောဘ -- လောဘ ။ ။
ကိုစိုးနိုင်
Labels:
ကဗျာများ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment