Ma Khaing Khaing Moe (UE2)
Wages
for January – 2012
c.No – 2719
အခြေခံလစာ
192.0 -နာရီ 16320
အချိန်ပိုကြေး
93.5 -နာရီ 17298
ရက်မှန်ကြေး
6000
တာဝန်ကျေဆုကြေး 10350
လုပ်သက်ဆုကြေး
4000
အတတ်ပညာဆုကြေး
12500
ဆုကြေး
9000
ကားခ
--
အစိုးရ ရုံးပိတ်ရက်
အချိန်ပိုကြေး
--
စုစုပေါင်း
75468
လူမှုဖူလုံရေးကြေး
465
ဝင်ငွေခွန်
1505
စားစရိတ်
--
အခန်း - -
ဖြတ်ငွေ
--
စုစုပေါင်း 73498
အကြွေ
498
မှတ်ချက်။ ။(ထိုလတွင် တရုတ်နှစ်သစ်ကူး ပိတ်ရက် ၅ ရက်ပိတ်သဖြင့်
OT ရော ပုံမှန်အလုပ်ချိန်ေ၇ာ အခြားလများထက် နည်းနေပါသည်။)
တိုင်ရီ ဖိနပ်စက်ရုံမှ ပညာအရည်အချင်း ၈ တန်း။ လုပ်သက် ၅ နှစ် ပြသ၁နာဖြစ်သော
လ ဇန်နဝါရီ လစာ ပုံစံဖြစ်ပါသည်။ မည်သည့်ရည်ရွယ်ချက်မျှမရှိပါ။ စက်ရုံတစ်ရုံနှင့်တစ်ရုံ လစာပေးပုံစံချင်းမတူရု်
ဗဟုသုတ ရရန် တင်ပြပေးခြင်းဖြစ်ပါသည်။ ထိုလတွင် တရုတ်နှစ်သစ်ကူး ၅ ရက်ပိတ်ပါသည်။ ထိုပိတ်ရက်အတွက်
လစာတွင် ထည့်မတွက်ထားသည်ကို တွေ့ရသည်။ ထို့ကြောင့်ဆန္ဒစပြကြခြင်းဖြစ်ပါ သည်။
အချိန်ပိုလုပ်ခ OT တွက်နည်းမှာ အစိုးရချမှတ်ပေးထားသော
ဖော်မြူလာရှိပါသည်။ ယင်းမှာ--
တစ်နာရီ အချိန်ပိုလုပ်ခ=( တစ်နာရီပုံမှန်အလုပ်ခ
× ၈ × ၁၂ )/၄၄ ဖြစ်ပါသည်။
ထို့ကြောင့် တစ်နာရီပုံမှန် အလုပ်ခ ၈၅ ကျပ်သမားသည်
အိုဗာတိုင်တစ်နာရီလုပ်ခ ၁၈၅ ကျပ်ရပါသည်။ တစ်နေ့အလုပ်ချိန် ၈ နာရီနှင့် စနေနေ့အလုပ်ချိန်
၎ နာရီသတ်မှတ်ပြီး တနင်္ဂနွေနှင့် အစိုးရရုံးပိတ်ရက်များကို အလုပ်ပိတ်ရက်အဖြစ်သတ်မှတ်ပါသည်။
တနင်္ဂနွေနေ့နှင့် အစိုးရ ရုံးပိတ်ရက်များ အလုပ်ဆင်းရပါက OT လုပ်ခဖြင့်ရှင်းရပါသည်။ တနင်္ဂနွေနေ့ အလုပ်ပိတ်ပါက
အလုပ်ရှင်က လုပ်ခမပေးရ သော်လည်း နေ့ကြီးရက်ကြီး အစိုးရရုံးပိတ်ရက် အလုပ်ပိတ်ပါက ပုံမှန်လုပ်ခ
× ၈ နာရီဖြင့်ထည့်တွက်ပေး ရသည်။
စက်မှုဇုံမှ အလုပ်သမားများကို လစာအများကြီးရစေချင်ပါသည်။
ဒါကစေတနာတကယ်ပါ။ ကိုယ့်ပိုက်ဆံမဟုတ်လို့လဲဖြစ်ေ ကာင်းဖြစ်နိုင်ပါသည်။ သို့သော် အစိုးရဝန်ထမ်းများကို
အခြေခံလစာ တစ်သိန်းဝန်းကျင်ပေးရန် လွှတ်တော်တွင်တင်ပြထားသော်လည်း ဘဏ္ဍာေ၇းဝန်ကြီးက မဖြစ်နိုင်သေးကြောင်း
ငြင်းထားသည့်အချိန်တွင် စက်ရုံဝန်ထမ်းများ တစ်လတစ်သိန်းဝန်းကျင်၇နေသည်ကို နည်းလို့ဆန္ဒပြခြင်းအား
အစိုးရက ဘယ်လိုအာဏာသုံးရု်မျှ ဝင်မစွက်ဖက်နိုင်ခဲ့ပါ။ ကိုယ့်ဝမ်းနာ ကိုယ်သာသိပါသည်။
အလုပ်သမားဘက်မှ တောင်းသော လုပ်ခမှာ တစ်နာရီ
၁၅၀ ကျပ်ဖြစ်ပါသည်။ ၁၀၀ ကျပ်အထိ အလုပ်ရှင်က လိုက်လျောခဲ့ပါသည်။ အထက်ဖော်ပြပါ လစာမှာ
တစ်နာရီ ၈၅ ကျပ်စားဖြစ်သည်။ လက်မှတ်ထိုးခါနီးမှ
အဆင်မပြေဖြစ်ခဲ့ရသည်။ တစ်နာရီ ၁၅၀ကျပ်နှုံးဖြင့် လစာတွက်ကြည့်ကြစို့။
အခြေခံလစာ 208.0
-နာရီ 31200 (ပုံမှန် 26 ရက်×8နာရီ)
အချိန်ပိုကြေး 120 -နာရီ 39272 (ပုံမှန် ပျှမ်းမျှ OT)
ရက်မှန်ကြေး 6000
တာဝန်ကျေဆုကြေး 10350
လုပ်သက်ဆုကြေး 4000
အတတ်ပညာဆုကြေး 12500
ဆုကြေး 9000
ကားခ --
အစိုးရ ရုံးပိတ်ရက်
အချိန်ပိုကြေး --
စုစုပေါင်း
112322
လူမှုဖူလုံရေးကြေး 465
ဝင်ငွေခွန် 1505
စားစရိတ် --
အခန်း
--
ဖြတ်ငွေ
--
စုစုပေါင်း
110352
အကြွေ
352
ထို့ကြောင့် အလုပ်သမားများတောင်းဆိုသည်မှာ
တစ်လ တစ်သိန်း အနည်းဆုံးပေးရန် တောင်းဆိုခြင်းသက်ရောက်ပါသည်။ စက်မှုဇုံတွင် အလုပ်လုပ်ရန်
အသက်ပြည့်ပြီး ကျမ္မာ၇န်သာ လိုသည်။ မည်သည့် ပညာရေးမျှကန့်သက်မထားပါ။ ကျွန်တော်တို့စက်ရုံတွင်
၆ တန်းနှင့် သုံးသိန်းကျော်ရသောသူ လည်းရှိကြောင်း တစ်ခါက ကျွန်တော်ပြောဖူးပါသည်။
ကျွန်တော်ဆိုလိုသည်မှာ အလုပ်သမားများ ဆန္ဒပြပြီးလစာတိုးတောင်းသည့်အကျ င့်
စွဲသွားမှာတကယ်စိုးပါသည်။ အလုပ်အခွင့်အလမ်းများပေါများလာ ပါက ဆန္ဒပြရန်မလိုပါ။ တစ်၇ုံမကောင်းတစ်ရုံပြောင်းရုံ သာ။
ခုတော့ စက်ရုံကသာ မလိုက်လျောပဲ စက်ရုံပိတ်မည်
လျှော်ကြေးပေးမည် ဟုဆိုပါက မည်သို့လုပ်ကြမည်နည်း။ ဝန်ထမ်းနှစ်ထောင်ကျော်ကို အလုပ်တစ်ပြိုင်နက်၇ဖို့ခက်လှပါ သည်။
မည်သည့်နိုင်ငံရေးပါတီ မှ ထိုဝန်ထမ်းနှစ်ထောင်ကို
အလုပ်ချက်ချင်းမရှာပေးနိုင်ပါ။
အားလုံး စဉ်းစားနိုင်ရန်တင်ပြခြင်းဖြစ် ပါသည်။
ကျွန်တော်လည်း အလုပ်သမားပါ။
(အမှန်တရားကိုချစ်သော
ကျွန်တော်သည် အမှန်တ၇ားတစ်ခုအတွက် လူမုန်းခံ၇သည်ဆိုငြားအံ့ ဟုတ်ကဲ့ လူမုန်းခံရန်အဆင်သင့်ပါခင်ဗျား။ )
။။။။။။။။။။။။။ကိုစိုးနိုင်။။။။။ ။။။။။။။။။
No comments:
Post a Comment