ဒုက္ခပဲ--- မေးလ်ရှည်တာနဲ့ သူများတွေ အနှောင့်အယှက်ဖြစ်မှာစိုးပြီး အပိုင်းခွဲလိုက်တာပါ။ အပိုင်း ၃ ကိုမျှော်နေတယ်ဆိုတော့ ကြုံတွေ့ခဲ့ရတာလေးတွေ ကောက်သင်းကောက်ပြီး နိဂုံးချုပ်ပါ့မယ်။ အရေးအခင်းဖြစ်တာက -(၈-၈-၈၈) ကနေ (၁၈-၉-၈၈) နေ့ထိဆိုတော့ ရက်ပေါင်း (၄၂) ရက် တစ်လခွဲလောက်ပေါ့။ ဒီအတွင်းမှာ တုန်လှုပ်ခြောက်ခြားခဲ့ရတာ လည်း တကယ်ပါ။
ကျွန်တော့်ဆီကို ညီငယ်တစ်ယောက်က မေးလ်တစ်ဆောက်ပို့လိုက်ပါတယ်။ ၈၈ သမိုင်းကြောင်းရေးထားတာပါ။ အဲဒီမေးလ်က မီဒီယာသမားရေးတာမဖြစ်နိုင်ပါဘူး
ကျွန်တော့အနေနဲ့ကတော့
မေးလ်ဂရုက ညီငယ် ညီမငယ်တွေကို ကိုယ်သိထားတဲ့အတိုင်း
အမှန်တရားကိုပဲပြောချင်ပါတယ်။ သိစေချင်ပါတယ်.။
၈၈ အရေးခင်းဟာ ကျောင်းသားတွေဦးဆောင်ခဲ့တာ မှန်ပါတယ်။ ဒါပေမယ့် ၁၉၂၀ ပထမကျောင်းသားသပိတ်လို တက္ကသိုလ် အက်ဥပဒေကိုမကျေနပ်လို့ မတရားလို့ စနစ်တကျ အစီအမံရှိရှိ ရည်ရွယ်ချက်ခိုင်ခိုင်မာမာနဲ့ ဆန္ဒပြခဲ့ကြတဲ့ သပိတ်မျိုးနဲ့ နိုင်းယှဉ်ရင်တော့ တန်းမဝင်ဘူးလို့ မြင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အစမကောင်းခဲ့လို့ပါ။
အဲဒီကာလ ပညာတတ်ကျောင်းသားအချို့ရဲ့ ရင်ထဲမှာ နိုင်ငံကိုအုပ်ချုပ်နေသူတို့ရဲ့ မတရားမှု အသိဥာဏ်နည်းမှု တွေကို မကြိုက်တဲ့ခံစားချက် ရင်ထဲမှာရှိနေမယ်လို့တော့ ယုံပါတယ်။ ဒါပေမယ့် တက္ကသိုလ်ကျောင်းသား အများစုကတော့ အဓိပတိလမ်း နဲ့ ကံ့ကော်တန်း ။ ဂျက်ဆင်နဲ့ ကွန်မိုဂေးရှင်း ဦးချစ် ဆိုင်။ ပုဂံလမ်း ။ သစ်ပုတ်ပင်။ အင်းယားကန်ဘောင် နဲ့ မြကျွန်းသာ စတဲံ့ တက္ကသိုလ်ရဲ့ ပျော်စရာဘုံတွေကြားမှာ နစ်မြောနေပါတယ်။
ကျွန်တော်တို့ကိုယ်တိုင် တက္ကသိုလ်ဆိုတာ လူငယ်တွေရဲ့မျှော်လင့်ချက် အိပ်မက်ဘုံပါ။ ရသစာပေ ဝတ္ထုတွေကတစ်ဆင့် ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ဇြစ်ခဲ့ပါတယ်။ ဒါကြောင့် ကျောင်းသားခေါင်းဆောင် တစ်ချို့ရဲ့ ရင်ထဲမှာ နိုင်ငံရေးခံစားချက်ရှိတယ်ဆိုတာ ယုံနိုင်ပေမယ့် ကျောင်းသားအများစုဆိုရင်တော့ မယုံပါဘူး။ စက်မှုတက္ကသိုလ်ကျောင်းသား နဲ့ အရပ်သား ရန်ဖြစ်တော့ ကျောင်းသားနှစ်ယောက်သေတာကို ကျောင်းသားထုက မခံချင်လို့ လူစုပြီး ရပ်ကွက်ကို အဲဒီတရားခံထုတ်ပေးဘို့ ပြောတယ် ။ မရတော့မီးရှိဲု့တယ်။ မီးသတ်ကားအဝင်မခံဘူး။ ကျောင်းသားထုနဲ့ဝိုင်းထားတယ်။ ၈၈ အရေးခင်းက အဲဒီကစတာ အမှန်ပဲ။ ဒါပေမယ့်နိုင်ငံရေးသမားတွေက အဲဒါကို မပြောချင်ဘူး။
အဲဒီအချိန်တုန်းက ရန်ကုန်ရော နိုင်ငံအနှံ့မှာ ဦးနေဝင်းအစိုးရကို ပြုတ်အောင်ဖြုတ်ချင်နေကြတဲ့ မြေပေါ်မြေအောက် နိုင်ငံရေးသမားတွေရှိကြတယ်။ ဒီနေရာမှာ အကြောင်းရှိလို့ ကြားဖြတ်ပြီးပြောစရာတစ်ခုရှိတယ်
ဘာကိုပြောချင်တာလဲဆိုတော့ ရန်ကုန်မှာနိုင်ငံရေးဒါရိုက်တာ တွေအများကြီးရှိတယ်။ ဇာတ်လမ်းမှာ ဝင်ကမယ့် ဇာတ်ကောင်တွေမရှိသေးလို့ စောင့်နေကြတာ။ ဟော-- ခုတော့ ထန်းသီးကြွေခိုက် ကျီးနင်းခိုက်ဖြစ်ပြီ။ ဦးနေဝင်းလည်း ကမ္ဘာမှာ “ သူတောင်းစားနိုင်ငံ“ လက်မှတ်ယူပြီး ပြန်လာခါစ။ ကမ္ဘာ့ဘဏ်က အကြွေးတွေ လျှော်ပစ်ဘို့ဆိုရင် ဒီလက်မှတ်ရှိမှ လက်ခံတယ် ။ အကြွေးမဆပ်နိုင်တော့ သိက္ခာသွားရောင်းရသလိုပေါ့။
၈၈ အေ၇းခင်းမတိုင်ခင် ဦးနေဝင်းကိုယ်တိုင် တစ်ပါတီစနစ်နဲ့ ဆက်သွားမလား ။ ပါတီစုံဒီမိုကရေစီစနစ် ပြောင်းရင်ကောင်းမလား ဆိုပြီး စိတ်ဓါတ်တွေယိုင်နေတဲ့အချိန်။ အဲဒီစကားက ဦးနေဝင်းကိုယ်တိုင်ပြောတာ တခြားလူပြောရင်တော့သေပြီ။
သြော်---ဒါနဲ့ ၈၈ မှာထင်ရှားတဲ့ အရေးပါခဲ့တဲ့ ဗိုလ်မှုးသော်က အကြောင်းလဲ ပြောရအုံးမယ်။ အရိုင်း ကာတွန်းဆွဲတဲ့ ကာတွန်းသော်က မဟုတ်ဘူးနော်။ တိုက်ရေယဉ် ၁၀၃ စာအုပ်ရေးတဲ့ ရေတပ်က ဗိုလ်မှုးသော်က. ။ ဒီလိုဗျ ဗိုလ်မှုးသော်က တိုက်ရေယဉ် ၁၀၃ နဲ့ ကင်းလှည့်နေတုန်း မုန်တိုင်းမိတယ် ။ တိုက်ရေယဉ် ပင်လယ်ထဲနစ်မြုတ်သွားတယ်။ အုပ်စုနှစ်စုခွဲပြီး သက်ကယ်ဘောလှေလေးနဲ့ ပင်လယ်ထဲမျောသွားတယ်။ တစ်ဖွဲ့ကတော့ အားလုံးသေသွားတယ်ထင်တယ် သတင်းမရတော့ဘူး။ ဗိုလ်မှုးသော်က ပါတဲ့ သက်ကယ်လှေပေါ်မှာတော့ တစ်ချို့သေပြီး လူနည်းနည်းပဲ အစာငတ် ရေငတ် ငါးစိမ်းတွေစား ဇင်ယော်ငှက်အစိမ်းစား နောက်ဆုံးသေတဲ့လူရဲ့ အလောင်းကိုတောင်စားရတော့မယ့် ကိန်းဆိုက်နေတယ်။ ရေငတ်လို့ ကျင်ငယ်ရေကိုလဲစမ်းသောက်ကြည့်ြ
အရေးခင်းကာလ တစ်ရက်မှာ ရပ်ကွက်ထဲ မင်းလောင်းပေါ်သလို လူတွေ အုတ်အော်သောင်းနင်း ပြောဆိုနေကြတယ်။ ဘယ်သူထင်လဲ။ ဦးအောင်ဆန်းဦး --- ဦးအောင်ဆန်းဦး တဲ့ ။ ဗိုလ်ချုပ်အောင်ဆန်းသား ခေါင်းဆောင်မယ်တဲ့။ ဒါရိုက်တာတွေက နိုင်ငံရေးဇာတ်ခုံပေါ် ဝိုင်းပွေ့ပြီးတင်တယ်။ ဦးအောင်ဆန်းဦးက မလုပ်ဘူး မလုပ်ဘူး ဆိုပြီး ဟိုဘက်ကနေ ခုန်ချသွားတယ်။ဥပမာပြောတာနော်--
ဒေါ်အောင်ဆန်းစုကြည် အဲဒီအချိန်မှာ ဒီမိုကရေစီခေါင်းဆောင်ဖြစ်လာတယ်
ဒေါ်အောင်ဆန်းစုကြည် နိုင်ငံရေးစင်မြင့်ပေါ် တတ်ပြီးရက်ပိုင်းအတွင်းမှာပဲ စစ်တပ်က အာဏာသိမ်းပြီး မာရှယ်လောဥပဒေထုတ်ပြီး အုပ်ချုပ်လိုက်တယ်။ အရေးအခင်းလဲပြီးဆုံးသွားတယ်။
ဗိုလ်ချုပ်မှုးကြီးစောမောင်= ဂျိုကုတ် ဒူးကြီး ကျောပြောင် တဲ့
နှဖူးပြောင် ဒူးချောင်
ဦးမောင်မောင်
အရူးထောင်ကို ပို့လိုက် ပို့လိုက် တဲ့
ရရင် ရ မရရင်ချ ရရ မရရ ချ တဲ့ အိုး စုံနေတာပဲ။ ။
ရင်ထဲ အမှန်တိုင်းရှိသလိုပြောမယ်နော်
စကားကတော့ အစီအစဉ်ကျမှာမဟုတ်ဘူး။ ဟိုရောက်ဒီရောက်နဲ့ဖြစ်နေမှာပဲ။ ၈၈ ဆန္ဒပြကောင်းနေတဲ့ အချိန်မှာ သမဂ္ဂတွေ မှိုလိုပေါက် ပေါ်လာတယ်။ အဲဒီအထဲက နာမည်ကြီးတဲကသမဂ္ဂက တော့ အိမ်ရှင်မများ သမဂ္ဂပါပဲ။ အိမ်ရှင်မ အမျိုးသမီးတွေစုပြီး သမဂ္ဂထူထောင်ပြီးတော့ အုပ်စုလိုက်လူစုပြီး ဆန္ဒပြစစ်ကြောင်းထွက်တယ်။ အိုးတွေ. ယောင်းမတွေ .ပုဂံ ခွက်ယောက်တွေကို ကိုင်ပြီးတော့ ရီဘို့လည်းကောင်း ပျော်ဘို့လည်းကောင်းတယ်ဗျ။ နောက်ထပ် ထူးဆန်းတဲ့သမဂ္ဂနှစ်ခုကတော့ ``သူတောင်းစား သမဂ္ဂ `` နဲ့ `` အခြောက်များ သမဂ္ဂ ``ပါပဲ။ တစ်ကယ်ပြောတာ လုပ်ကြံပြောတာတစ်ခု မှမပါဘူး။ ၈၈ မတိုင်ခင်က ရန်ကုန်မှာ သူတောင်းစား အရမ်းပေါတယ်။ ညဘက် ပန်းဆိုးတန်းဆိုတာ ညငှက် မိန်းမသားတို့ရဲ့ ဌာနချုပ်ပဲ။
ကျွန်တော်တို့က နေ့တိုင်းတော့ ဆန္ဒပြမထွက်နိုင်ဘူး။ တစ်နေကုန် လမ်းလျှောက်ရတာဆိုတော့ ပင်ပန်းတယ်။ နေ့တိုင်း မထွက်နိုင်ဘူး။ တစ်ရက်ခြားတော့ မပျက်ကွက်ဘူး။ ပျော်ဘို့ကောင်းတယ်။ စားဘို့မပူရဘူး။ နေရာတိုင်းမှာ အလှုရှင်အပြည့်ရှိတယ်။ ကိုယ့်အုပ်စုနဲ့ကိုယ် ကိုယ့်စစ်ကြောင်းနဲ့ကိုယ်ဆိုပါေ
``ဒီမိုကရေစီ ရရှိရေး ------`` အများစုက သံပြိုင်လိုက်ဆိုတယ်
``ဒို့ အရေး ပါလို့ဆို------``
``ဒို့ အရေး ပါလို့ဆို------`` ကနွဲ့ကလျ နဲ့ ။ ဘေးက စစ်ကြောင်းတွေက အားလုံး တဟားဟားနဲ့ ရီကြတယ်။ သူတောင်းစား သမဂ္ဂ စစ်ကြောင်းနဲ့လည်းဆုံဘူးတယ်။ ခွက်ကလေးတွေ ကိုယ်စီကိုင်လို့ပေါ့။ ဟီးး ဟီးးးး ။ စစ်တပ်ကလည်း စစ်ဝတ်စုံတွေနဲ့ ဆန္ဒပြပါဝင်လာတယ်။ ယူနီဖောင်းစုတ်စုတ်နွမ်းနွမ်းေ
နိုင်ငံရေးသမားတွေက စစ်အစိုးရကိုစိတ်နာအောင် စစ်အစိုးရကိုပြည်သူတွေက မုန်းတီးစပ်ဆုတ်ရွံရှာလာအောင် ရည်ရွယ်ချက်နဲ့ အချို့ဖြစ်ရပ်တွေကိုတော့ တကယ့်ဖြစ်ရပ်ထက် ပုံကြီးချဲ့ပြီး လုပ်ကြံသတင်းလွှင့်တာမျိုးတွေ အများကြီးတွေ့လာရတယ်။ ပြည်သူတွေကလည်း လွယ်လွယ်ဒေါသထွက် လွယ်လွယ်လက်သီးလက်မောင်းတန်း လွယ်လွယ်မိုင်ရူးရဲဆန်စွာ တုန့်ပြန်တိုက်ခိုက်ကြ တဲ့ အခါ သေကုန်ကြတဲ့သူတွေလည်း ရှိတယ်။ အဲဒီဖြစ်ရပ်တွေမှာ စစ်တပ် ကိုပိုမုန်းအောင်ဝါဒဖြန့်ကြပြန်
ကိုယ်ဖြစ်ချင်တာ ဖြစ်အောင်ရည်ရွယ်ချက်နဲ့ ပြည်သူတွေကိုစိတ်ဆိုးအောင် မဟုတ်တန်းတရား မြှောက်ပေးတာ သွေးထိုးတာ ဝါဒဖြန့်တတ်တဲ့ နိုင်ငံရေးသမားတွေဆိုရင် သိပ်မုန်းတယ်။ တကယ်သေတော့ပြည်သူက သေတာ။ မြှောက်ပေးတဲ့ သွေးထိုးတဲ့သူတွေက ကွယ်ရာက။ ဒါကြောင့် ကျွန်တော် နိုင်ငံရေးသမားမဖြစ်ချင်ဘူး။ ဖြစ်ချင်တာက မီဒီယာသမား ။ မီဒီယာသမားက ပြည်သူလူထုရဲ့ မျက်လုံး။ ပြည်သူလူထုရဲ့ နား ။ ပြည်သူလူထုကို အမှန်တွေပဲသိအောင်ပြောမယ့် ပါးစပ်။ မီဒီယာကျင့်ဝတ်မှာ သတင်းကို မပြုပြင်ရဘူး။ မသုံးသပ်ရဘူး ။ အရှိကိုအရှိအတိုင်းတင်ပြယုံပဲ။
ကြားတာ မြင်တာကို ကြားတဲ့မြင်တဲ့အတိုင်း ပြည်သူကို အမှန်တင်ပြရင်
ကြားတာ မြင်တာကို ကိုယ်လိုချင်တဲ့ပုံစံဖြစ်အောင်ြ
စစ်တပ်ကအာဏာသိမ်းလိုက်လို့ ၈၈ အရေးအခင်းအပြီးမှာ စစ်တပ်က ခေါင်းဆောင်တွေကို ညဘက်လိုက်ဖမ်းနေတယ်လို့ သတင်းပြန့်လာတယ်။ ဒါကြောင့် ကျောင်းသားတွေရော ခေါင်းဆောင်ခဲ့သူတွေရော တောခိုရှောင်ထွက်ကုန်ကြတယ်။ မိုးသီးဇွန် ဟာအဲဒီကတည်းက နာမည်ကြီးကျောင်းသားခေါင်းဆောင်
ခက်တာက ဒေါင်းတွေရဲ့သဘာဝကို
ကျွန်တော်ကမသိဘူး။ ဒါကြောင့်မညင်းချင်ပါဘူး။ ကျွန်တော်က အညာသားဆိုတော့
တိုက်ကြက်အကြောင်းတော့ ကောင်းကောင်းသိတယ်။ တိုက်ကြက်တွေက ကိုယ့်အုပ်စုထဲက
အချင်းချင်းဆိုရင် ဘယ်တော့မှ မခွပ်ဘူး။ အဲ -- အခြားအိမ် အခြားအုပ်စုက
တိုက်ကြက်ဆိုရင်တော့ ခွပ်သလားမမေးနဲ့ ။ အသေကိုခွပ်တာ။
မြန်မာဆိုရိုးစကားရှိပါတယ်။ ဘာတဲ့ `` အိမ်ကြက်
အချင်းချင်းအိုးမဲသုတ်ခွပ်ခိုင်းတယ် `` ဆိုတာလေ။
ကြက်တွေရဲ့သဘာဝကိုသိထားတဲ့ လူတွေဟာ အိမ်ကြက်တစ်အုပ်စုထဲက
အချင်းချင်းခွပ်စေချင်တဲ့အခါ နှစ်ကောင်လုံးကို အိုးမဲသုတ်လိုက်တယ်။ ဒီတော့
မမှတ်မိတော့ပဲ သဲကြီးမဲကြီး အသေခွပ်ပါလေရော။ လူတွေက အဲလိုယုတ်မာတာ။
အင်း ခွပ်ဒေါင်းတွေလဲ ဘယ်သူက အိုးမဲသုတ်လိုက်လဲ မသိဘူး။ အင်တာနက်ပေါ်ဖတ်ရတဲ့ ``မြောက်ပိုင်းအရိုးတွန်သံ`` ဟာ ဖတ်လိုက်တာနဲ့ ခေါင်းတွေတောင်ကိုက်တယ်။ တကယ်ရက်စက်ကြတဲ့ ၈၈ ရဲ့အရိပ်တွေပဲ။ ဒါ့ကြောင့် ကျွန်တော်ပြောတာ ခွပ်ဒေါင်းကိုကြောက်ပါတယ် လို့။ ။
ကဲတောင်ရောက်မြောက်ရောက် စကားတွေပြောလာတာ ဘယ်တွေရောက်ကုန်ပြီလဲ။ ကျွန်တော် ညီငယ် ညီမငယ်တွေကို တစ်ခုပဲ ဖြစ်စေချင်တယ်။ အွန်လိုင်းမှာဖြစ်ဖြစ် ဂျာနယ်မှာဖြစ်ဖြစ် စိတ်နာစရာ ဒေါသထွက်စရာ ရင်နာစရာ သတင်းတွေကို ကြားရ ဖတ်ရရင် အလွယ်တကူ အမြန်မတုန့်ပြန်ကြပါနဲ့။ မှားတတ်လွန်းလို့ပါ။ လူတိုင်းကိုယ့်လို ရိုးသားတယ်လို့ မတွေးကြနဲ့။ တစ်ချို့က ရည်ရွယ်ချင်ရှိရှိ ကြုံးသွင်းတတ်တယ်။ ဒါကြောင့် စိတ်ဆိုးတော့မယ်ဆိုရင် စဉ်းစားပါ နောက်တစ်ကြိမ်စဉ်းစားပါ နောက်ဆုံးတစ်ခေါက်စဉ်းစားပါဦး လို့ ။ ပြီးမှ သေချာပြီဆိုရင်ကိုယ်ကြိုက်သလို တုန့်ပြန်ပါ။ လောကဓံကို ခံနိုင်ရည်ရှိမှ အီးကျူ မြင့်မှာပေါ့။ မမှားစေချင်တဲ့စေတနာနဲ့ပါ။
No comments:
Post a Comment