အဝိဇ္ဇာလှည့်ကွက်
အဖြစ်အပျက်ကိုမမြင်ဘဲ
အသစ်စက်စက်လိုနင်ထင်တော့
ချစ်တတ်တဲ့စိတ်ကလာ...
အပြစ်ရှာ ထောက်ပြောတာ မဟုတ်ပါဘူး
အနှစ်ရှာ ကိုယ်မှာတွေ့ နိုင်လို့
ဖြစ်လာတာ ပျက်ဘို့ပါဘဲ
ရက်မဟုတ် နာရီ မကြာ
လက်တဖြစ်မှာ ကုဍေ ကုဍာတဲ့
ကဲ ..... တည်မြဲတဲ့ ခန္ဒာ ဘယ်မှာရှာတွေ့နိုင်ပါ့
စက်ရဟတ် ထက်သာ အဆကုဍေ ကုဍာ မြန်တာမို့
ရုတ်တရက်သာ အ၀ိဇ္ဖာ နဲ့ကြည့်ရင်ဖြင့်
ကျုပ်စိတ်မှာ နင်ဟာ အလှပဂေးပေါ့
မှားတွေးမိ အမှန်မပါ
သံသရာ ရှည်ပေါ့
ဒီခန္ဒာ ချုပ်ငြိမ်းမှ
ဇာတ်ဆရာ အ၀ိဇ္ဖာ လှည့်ကွက်ကို
ဇာတ်နာ ကာ စိတ်မှာသိမိတယ်
ကွယ်....
ပွဲပျက်မှ နား။ ။
ကောင်းတယ်..
ReplyDelete