အသိနဲ့ ပကတိ - - -
ရန်ကို ရန်ခြင်း မတုန့်နှင်းနှင့်
(ပြောလွယ် ကျင့်ခက်
ဒေါအမျက် ၏
ရိုက်ချက်ပြင်းထန်
မတွန်းလှန် နိုင် -- )
သဒ္ဒါတရား နည်းပါးသူကို
ပေးကမ်းခြင်းသာ အောင်မြင်ရာ၏
( ပြောလွယ်ကျင့်ခက်
လောဘရမ္မက်၏
ရိုက်ချက်ပြင်းထန်
မတွန်းလှန်နိုင် -- )
ရုပ် နာမ် ဖြစ် ပျက် သူ - ငါ မမှတ်ဘို့
မပြတ်ဝိပသ၁နာ ရှု့မှတ်ပါရန်
(ပြောလွယ် ကျင့်ခက်
မောဟ ဖက်လို့
အဝိဇ္ဖာစေရာ ကကြိုးဖြာခဲ့
အတောမသတ် သံသရာရဟတ်၏
ရိုက်ချက်ပြင်းထန်
မတွန်းလှန်နိုင် -- ) ။ ။
written by ko soe naing written by ko soe naing written by ko soe naing written by ko soe
No comments:
Post a Comment