ပေါက်တတ်ကရပုံပြင်(၅)
တစ်ခါတုန်းက သတင်းစာထဲမှာ
ထူးထူးဆန်းဆန်း ကြော်ငြာတစ်ခုပါလာသတဲ့။
ကြော်ငြာက ``ကမ္ဘာ့ ညစ်တီးညစ်ပတ် အသင်းကြီး`` ဖွဲ့စည်းမည်ဖြစ်ကြောင်း အသင်းဝင်သူများအနေနှင့် မိမိ ဘယ်လောက် ညစ်ပတ်ကြောင်း အထောက်အထားနှင့် ဖော်ပြလျှောက်ထားနိုင်ကြောင်း အသင်းဝင်ခွင့်ရသူများကို အသင်းက လစဉ် ထောက်ပံ့ကြေး
ဒေါ်လာ ငါးထောင် ထောက်ပံ့မည်ဖြစ်ကြောင်း ကြော်ငြာတယ်။
ဒီကြော်ငြာ ဖတ်ရတဲ့လူတစ်ယောက် ဟာ အဲဒီအသင်းကြီးကို လျှောက်လွှာတင်လိုက်တယ်။
သူ့လျှောက်လွှာထဲမှာဖော်ပြထားတာ ကတော့---
``လူကြီးမင်းခင်ဗျား
----- လူကြီးမင်းတို့တည်ထောင်သော
``ကမ္ဘာ့ညစ်တီးညစ်ပတ်အသင်း ကြီး`` တွင် ကျွန်တော် အား အသင်းဝင်အဖြစ်
လက်ခံပေးပါရန် တင်ပြအပ်ပါသည်ခင်ဗျား။ ကျွန်တော် ဘယ်လောက်ထိညစ်ပတ်
သလဲဆိုတာကို အထောက်အထားဖြင့်ပြရမည်
ဆိုပါက ယခုလူကြီးမင်းတို့ ဖတ်နေသော လျှောက်လွှာသည် ကျွန်တော်
အီအီးကုန်းထားသော စာရွက်ဖြင့် ရေးသားထားသည်
ဖြစ်ပါကြောင်း။ ``
နောက်တစ်နေ့ကြတော့ ကမ္ဘာ့ညစ်တီးညစ်ပတ်အသင်းကြီး က သူ့ဆီကိုပြန်စာလာတယ်---
`` လူကြီးမင်းပို့လိုက်သောလျှောက် လွှာကို ကျွန်တော်တို့
အသင်းမှ ကောင်းစွာ လက်ခံရရှိပါသည်။ သို့ရာတွင် လူကြီးမင်းမှာ ကျွန်တော်တို့သတ်မှတ်ထားသော ဘောင်မဝင်ပါသဖြင့်
ဝမ်းနဲစွာ လက်ခံရန် မဖြစ်ပါနိုင်ပါကြောင်း
အဘယ်ကြောင့်ဆိုသော် ကျွန်တော်တို့ အသင်းဝင်များမှာ အီအီးပါပြီးတိုင်း မည်သူမျှ အီးမကုန်းကြပါကြောင်း`` တဲ့။
ကိုစိုးနိုင်
No comments:
Post a Comment