ချောက်
တစ်ခါတလေ--
ငါ့ရဲ့ အတ္တကိုယ်ထဲက ထွက်ပြီး
ငါ့ကိုယ်ငါ ပြန်သုံးသပ်မိတယ်------။ ။
ကြည့်စမ်းးးး
( ဒီလူ အသက်တော်တော်ရနေပြီပဲ )
သူဖြတ်ခဲ့တဲ့ ဘဝလမ်းမှာ
ဒေါသကို ရှေ့တန်းတင်
စိတ်လိုက်မာန်ပါနဲ့
မောင်းတင်ပြီး ပြန်တိုက်
ခပ်မိုက်မိုက် လည်းနေခဲ့တယ်။
သူဖြတ်ခဲ့တဲ့ ဘဝလမ်းမှာ
အတ္တကို ရှေ့တန်းတင်
ပါတ်ဝန်းကျင် ကိုမျက်ကွယ်ပြု
ငါ``တစ်ခုတည်းစဉ်းစား
အတ္တသမား လည်းဖြစ်ခဲ့တယ်။
သူဖြတ်ခဲ့တဲ့လမ်းမှာ
မေတ္တာနဲ့ ပေးကမ်း
အကူအညီတွေ လက်ဆင့်ကမ်းလည်း
အရမ်းနည်းခဲ့ပါတယ်။
သူဖြတ်ခဲ့တဲ့လမ်းမှာ
အားနည်းသူဘက်က ဖေးကူ
လဲနေသူ ထူပေး
ကောင်းတဲ့အတွေးတွေ ရှိခဲ့ပေမယ့်
လက်တွေ့ဆန်ခဲ့တာလည်း နည်းနည်းလေးပါပဲ။
ဒါပေမယ့်---
သူ့အတွက်နဲ့
ဘယ်သူ့လက်က ထမင်းမှ
ပုတ်မချ ခဲ့တာ -- သူ့ကောင်းကွက်ပါပဲ။
သူ့အတွက်နဲ့
ဘယ်သူမှ မျက်ရည်မဝဲစေခဲ့သလို
မျက်ရည်အချို့ကိုတောင်
နှစ်သိမ့်ပြီး သုတ်ပေးနိုင်ခဲ့တယ်။
No comments:
Post a Comment