ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ် ဗိုလ်ချုပ်အောင်ဆန်း

ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ်  ဗိုလ်ချုပ်အောင်ဆန်း
ကျွန်တော် လေးစား၊ အားကျ ၊ ဂုဏ်ယူ ၊တန်ဖိုးထားသော ဗိုလ်ချုပ်အောင်ဆန်း

Sunday, April 1, 2012

2 in 1 လာရိုက်တဲ့ နှလုံးသားဖိုက်ပွဲ

 
 
"2  in   1     လာရိုက်တဲ့နှလုံးသားဖိုက်ပွဲ"
ဘောင်ခတ်ပြီး အမှားမရှိတဲ့ရက်သတ်မှတ်လို့ရရင်
မနေ့ကကိုအမှန်တိုင်းဖြစ်စေချင်တယ်(၇.၁၀.၁၁)
ထမင်းစားဖို့အသက်ရှင်နေတာမဟုတ်ဘူး
အသက်ရှင်ဖို့ထမင်းရှာစာရင်း
အသိုက်အ၀န်းမရှိတဲ့  ဥတစ်ကောင်ငှက်လို
ငါ့ဘ၀ငါ  ရပ်တည်ခဲ့တာ   အာ   ကျောရိုးတွေတောင်
မာလာပြီဘဲ.....
သူတစ်ပါးကိုအပုပ်ချပြီးမှ 
 အခြားသူအတွက်စေတနာဖြစ်မယ့်စကား
ဘယ်သောအခါမှ  ငါမပြောကြားဘူး
ငါ့ဘ၀ငါ      မအ   အောင်ကြိုးစားနေရချိန်မှာ
အကြောင်းမသိတစ်ချို့က  "ပန်ကာမ"    တဲ့
လူတိုင်းမကင်းနိုင်တဲ့အမှားတွေထဲမှာ
သွက်လက်မှုနဲ့ ပေါ့ပျက်မှုကို  ရောမချလိုက်ပါနဲ့
ဒဏ်ရာတွေနဲ့  ပျော်ရွှင်စွာရယ်နေရတဲ့ငါပါ
ပုရိသတွေရဲ့ အသဲကိုမှ  ရွေးပြီးခွဲတဲ့
မာယာရှင်ဘုရင်မ   ငါမဟုတ်ရလေဘူး
အချစ်ဆိုတာရွှေ.ပြောင်းလို့လွယ်ကူတာမှ မဟုတ်တာ
ပွဲလန့်တုန်းဖျာခင်းတဲ့အောက်ကျတဲ့အတွေး ငါ့မှာမရှိဘူး
တန်ဖိုးဆိုတာ   ၀တ်စားထားနိုင်တာတွေလား
ဒါဆိုရင်တော့  ငါကိုင်တဲ့ကလောင်က  နင့်ဘ၀ထက်ပိုမြင့်မြတ်တယ်
မပြည့်တဲ့အိုးလှုပ်ခတ်တာကို   ထိုင်ကြည့်တာနဲ့တင်
ငါသိနိုင်ပြီ
အတွေ့အကြုံဟာ  ဆရာကောင်းဆိုရင်
ငါ့ဘ၀ အထုထောင်းခံခဲ့ရတာများတယ်
ဆူးမဲ့နှင်းဆီ  ဘယ်ရှိပါ့မလဲ
ကိုယ့်ချစ်သူအတွက်  တမင် အ   ပြီး
ဆူးမဲ့ပေးလိုက်တာပါ
စာ ဆိုတာစိတ်ရဲ့ကြေးမုံဆိုရင်
ပြဒါးပျက်တဲ့မှန်အတွေးနဲ့
ငါဘယ်တော့မှ မရေးဘူးယုံ
မတ်တပ်မရပ်နိုင်သေးခင်
အပြေးပြိုင်ပွဲဝင်ချင်တဲ့
ကလေးသာသာ အတွေးနဲ့   ကိုယ်ရေးတဲ့စာ
ဘယ်ရောက်တယ်ဆိုတာ ကြိုတွေးထားတတ်ရင်ကောင်းမယ်
အကြံပေးကြည့်တာပါ          ဘယ်အရာမှ   အဆုံးမရှိဘူး
နင့်နှလုံးသားနာကျင်ပြီးမှ   ငါပျော်ရွှင်စွာ ကစားရမယ့်အဖြစ်ဆိုရင်တော့
ဘွာတေး !       ငါ့နှလုံးသားလေးလည်း   စပါယ်ရှယ်နာဖျားပေးပါ့မယ်။ ။ ။



(သက်ဆိုင်သူများသာ   သိစေမည့်      အလွမ်းရပ်ကွက်    အချစ်နေအိမ်မှ   ခဏတာရှောင်ပြေးနေတဲ့   နှလုံးသားမဲ့တဲ့နှင်းဆီ)

No comments:

Post a Comment