ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ် ဗိုလ်ချုပ်အောင်ဆန်း

ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ်  ဗိုလ်ချုပ်အောင်ဆန်း
ကျွန်တော် လေးစား၊ အားကျ ၊ ဂုဏ်ယူ ၊တန်ဖိုးထားသော ဗိုလ်ချုပ်အောင်ဆန်း

Thursday, April 5, 2012

ခရီးတူ(ကဗျာ)

 
 
"ခရီးတူ"

ဆန့်ကျင်ဘက်တွေ ပေါင်းစပ်ရောမွှေထားတာကိုက လောက ပါ
မတရားတာနဲ့ တရားတာဟာ ဆွေမျိုးတော်နေမလားဘဲ
အဲ့ လွင်ပြင်မှာ နင်နဲ့ ငါ ခင်မင်ခဲ့ကြတာ

ကာရံ ကျိုးပျက်ပြီး နာဖျားနေတဲ့ ငါ့နှလုံးသားကလည်း
လတ်ဆတ်တဲ့  ကဗျာတွေ မွေးဖွားခွင့်ရှိတယ်

အရာရာ မှာ တတ်သိနားလည်ပြီး ခေတ်ရှေ့ ပြေးနေတဲ့ နင့်အတွေးမှာလည်း
လွတ်လပ်တဲ့  ရိုင်းစိုင်းခွင့်ရှိတယ်

ရင်ထဲက မကျေနပ်ချက် ဆန္ဒတွေ မီးခိုးမထွက်နိုင်အောင်
သည်းခံခြင်းခေါင်းစဉ်နဲ့ ငါ့စိတ်ရေ အလျဉ်ကိုငါ ကိုယ်တိုင်တံခါးပိတ်လိုက်တယ်

 ငါ့  ဘ၀စာမျက်နှာ ကဗျာမှာ
ဂုဏ်တုဂုဏ်ပြိုင်  မပါဝင်ဘူး
အရှုံး အနိုင် ဆိုတာ မရှိဘူး
ပစ်ပေါက်လွှမ်းခြုံလိုက်တဲ့ ဆန့်ကျင်ဘက်စကားတစ်ချို့ ကြောင့်
ရင့်အိုနေတဲ့ ငါ့ နှလုံးသားက
ကဗျာတွေ ဘယ်အခါမှ ပြောင်းလဲမသွားဘူးယုံ

အတူတူ ရှိနေဦးမှာပါ
မတူညီတဲ့အရာတွေနဲ့ အတူသွားမိနေတဲ့
သံလမ်းတစ်ခုလို..........
 


နှင်းဆီ

( အရာရာမှာဦးနှောက်ရှေ့ပြေးပြီး ဆန့်ကျင်ဘက်အတွေးများတဲ့ သူငယ်ချင်းတစ်ယောက်အတွက်)

No comments:

Post a Comment